၁။ လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။


အှ်ဆံင်းလာ.ဆါ် ကိုဝ်.ဟှာဍေ။


Saturday 2 April 2011

ဦးစောသန်းလှအထ္ထုပ္ပတ္တိ


ဦးစောသန်းလှအထ္ထုပ္ပတ္တိ
အမည် ။ ။ ဦးစောသန်းလှ
အဖအမည် ။ ။ ဦးတကွယ်
အမိအမည် ။ ။ ဒေါ်သောင်း
မွေးခုနှစ် ။ ။ ၆.၈.၁၉၄၈
မွေးချင်း ။ ။ ၄ - ဦး
မွေးဇာတိ ။ ။ တာတပေါကျေးရွာ၊ မအူပင်ခရိုင်၊ ဧရာဝတီတိုင်း
နေရပ်လိပ်စာ ။ ။ အမှတ် (၁၃၇)၊ ရပ်ကွက် (၂)၊ ဇုံ (အေ)၊ အုန်းပြန့် ကရင်ဒုက္ခသည်စခန်း။
ကျွန်တော်သည် အဖဦးတကွယ်၊ အမိဒေါ်သောင်းတို့ မှ (၆.၈.၁၉၄၈) တွင် တာတပေါကျေးရွာ၊ မအူပင်ခရိုင်၊ ဧရာဝတီတိုင်း၌ မွေးဖွားခဲ့ပါသည်။ မွေးချင်း ၄-ဦးအနက် ကျွန်တော်သည် အကြီးဆုံးဖြစ်ပါသည်။ ကျွန်တော်သည် (၇) တန်းအထိ တာတပေါကျေးရွာအလယ်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပါသည်။


၁၉၆၃ ခုနှစ်၊ စက်တင်ဘာလတွင် (K.N.U) ကရင်အမျိုးသားတော်လှန်ရေးအဖွဲ့ ၏ အမှတ်(၃)ခရိုင်၊ မြစ်ဝကျွန်းပေါ်တိုင်းသို့ ရောက်ရှိခဲ့ပါသည်။ ထိုအချိန်က ခရိုင်ဥက္ကဌမှာ မန်းကျော်လွင်၊ ဘဏ္ဍာရေးမှုးမှာ အဘိုး ထေဖိုး၊ တို့ ဖြစ်ပြီး သူတို့ နှင့်အတူနေခဲ့ရပါသည်။ သူတို့နှင့် အတူနေစဉ် ရုံးလုပ်ငန်းများကို လုပ်ကိုင်ရပါသည်။ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလခန့် တွင် ကျွန်တော်တို့ရွာအနီး ကုက္ကိုလ်စုရွာတွင် သ.န.က(၆) နှင့်တိုက်ပွဲဖြစ်ရာ ၎င်းရွာကိုမြေလှန်ဖျက်ဆီးပြီး၊ စံပြရွာအဖြစ် အမည်ပြောင်းခဲ့ပါသည်။ ကျွန်တော်တို့် ခရိုင်ရုံးကို အကိုကြီးရော ဘတ်စံသည် မကြာခဏရောက်ရှိခဲ့ပါသည်။ ၁၉၆၄ ခုနှစ်၊ ခရိုင်နှစ်ပတ်လည်အစည်းအဝေးကို ခရိုင်ဥက္ကဌမန်းကျော်လွင်မှ ဦးဆောင်ပြီး၊ ခရိုင်အတွင်းရေးမှုး ဗိုလ်ကြီးဘမြိုင်၊ ဗိုလ်မှုးကျော်လှိုင်၊ ဘဏ္ဍာရေးမှုး အဘိုးထေဖိုးနှင့် မြို့ နယ်ဥက္ကဌများဖြစ်ကြသော ဦးမောတွန်း၊ မန်းသိန်းဟန်၊ မောင်မောင်ကြီး၊ အဘိုးအောင်ပန်းတို့ တက်ရောက် ကြပါသည်။ ၁၉၆၅ ခုနှစ်တွင် ခရိုင်ဥက္ကဌကြီးမန်းကျော်လွင် မင်္ဂလာဆောင်ကိုအကိုကြီးရောဘတ်စံအမိုးလည်း လာပါသည်။ ခရိုင်ဥက္ကဌကြီးမှ ကျွန်တော်နှင့်ရဲဘော်တယောက်ကို ခေါ်ပြောပြီး ဗဟိုသို့ စေလွတ်ပါခဲ့သည်။ ကျွန်တော်တို့ ရဲဘော်နှစ်ဦးသည် ဥအဒေအတွင်းမှလာပြီး ရန်ကုန်သို့ (၁၂) နာရီခန့်တွင်ရောက်ရှိလာပါသည်။ ရန်ကုန်မှ (၂) နာရီခန့် တွင်ထွက်လာရာ ပဲခူးသို့  ညနေဘက်တွင်ရောက်ရှိပြီး၊ ပဲခူးတွင်တညအိပ်ပြီး နောက်တနေ့ မနက်တွင်ဆက်ထွက်ရာ ဖဒိုသို့ (၂)နာရီခန့် တွင်ရောက်ရှိခဲ့ပါသည်။ ဖဒိုတွင် တပတ်ခန့် နေပြီး၊ ကျွန်တော်တို့ သည် ဖဒိုမှ အရှေ့ရိုးမ ညောင်လေးပင်ခရိုင်သို့ လာရာ စစ်တောင်းမြစ်ဘေးတွင် တညအိပ်ခဲ့ပါသည်။ နောက်တနေ့ မနက်တွင်ဆက်လက်ထွက်ခဲ့ရာ တပ်စုရုံးတွင်တညအိပ်ပြီးနောက် မြို့ နယ်ရုံးသို့ ရောက်ရှိခဲ့ပါ သည်။ မြို့ နယ်ရုံးတွင် ဗိုလ်မှုးထိုကြည်နှင့် ဇနီးဒေါ်စောမြတို့ နှင့်တွေ့ ဆုံခဲ့ပါသည်။ မြို့နယ်ရုံးတွင်(၂)ညိပ်ပြီး ဗိုလ်မှုးထိုကြည်နှင့်ဇနီးတို့ နှင့်အတူ ဗဟိုသို့ လာခဲ့ပါသည်။ လမ်းတွင်နှစ်ညအိပ်ပြီး၊ ဗဟိုစစ်ဦးစီးသို့ ရောက်ရှိခဲ့ ပါသည်။ ထိုအချိန်ကစစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်ကြီးဂေါ်ထူး၊ ဒုစစ်ဦးစီးချုပ်မှာ ဒုဗိုလ်ချုပ်ကြီးဖူးတာအဲ၊ အေဂျီမှာ ဗိုလ်မှုးလှထွန်းတို့ဖြစ်ပါသည်။ ကျွန်တော်ဗဟိုမှာနေစဉ် ရန်သူတက်လာသဖြင့် ကျွန်တော်သည် ဒုဗိုလ်ချုပ်နှင့် လိုက်ခဲ့ရပါသည်။ ဥက္ကဌကြီး ဗိုလ်ကြီးစံလင်းတို့ နှင့် နှစ်ရက်ခန့် အတူနေပြီးနောက် တနေရာသို့ ရွေ့ ပြောင်းရာ လမ်းတွင် ဥက္ကဌကြီးမန်းဘစံက အရှေ့ ဆုံး၊ ဗိုလ်ကြီးစံလင်းကအလယ်၊ ကျွန်တော်က အနောက်မှလမ်းလျှောက် လာစဉ် ဥက္ကဌကြီးမှ ဗိုလ်ကြီးစံလင်းအား “ဗိုလ်စံလင်း ကျွန်တော်တို့ ကရင့်တော်လှန်ရေး မုချအောင်ရမယ်၊ ကျွန်တော်တို့ မရှိတော့လည်း ဒီကောင်တွေလက်ထက်မှာ မုချအောင်ရမယ်။” ဥက္ကဌကြီးပြောခဲ့သောစကားကို ကျွန်တော်ယခုထက်ထိမမေ့သေးပါ။ ၁၉၆၅ခုနှစ်၊ နိုဝင်ဘာလခန့် တွင် စစ်ဦးစီးဌာနချုပ်၌ တပ်ပေါင်းစုဆွေးနွေး ပွဲများကိုပြုလုပ်ပါသည်။ ကရင်ခေါင်းဆောင်များမှာ ဥက္ကဌကြီးမန်းဘစံ၊ ဖူးစကောလယ်တော၊ ဗိုလ်ချုပ်ဂေါ်ထူး၊ ဒုဗိုလ်ချုပ်ကြီးဖူးတာအဲ၊ ဖူးတာမလာဘော၊ ရှမ်းခေါင်းဆောင်မှာ ဦးစိုက်စမ်း၊ ကရင်နီပါတီမှ ဦးမော်ရယ်နှင့် ဗိုလ်ချုပ်အောင်သန်းလေး၊ ကယန်းအဖွဲ့ မှ ဦးရွေအေးတို့ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပြီးမကြာမှီ ဗိုလ် ချုပ်ဂေါ်ထူးသည် တပ်မဟာ(၇)သို့  သွားခဲ့ပါသည်။ ဗိုလ်ချုပ်နှင့်လိုက်သွားသူများမှာ ဖူးတာမလာဘော၊ ဖဒို ရော့စနီတို့ နှင့် ကျွန်တော်တို့ ရဲဘော်များလည်းလိုက်ပါသွားခဲ့ပါသည်။ ထိုအချိန်က တပ်မဟာမှုးမှာ ဗိုလ်မှုးကြီး ခင်လှိုင်ဖြစ်ပြီး၊ တပ်မဟာရုံးသည်သောင်ရင်းမြစ်ဘေးတွင်ရှိပါသည်။ တပ်မဟာ(၇)ရုံး၌နေစဉ် ဗိုလ်ချုပ်ကို မယ် ဗမာလည်းဖြစ် ရုပ်ရှင်မင်းသမီးလည်းဖြစ်သော ဒေါ်နော်လီဇာဘင်ဆင်လာတွေ့ ခဲ့ပါသည်။ ၁၉၆၅ခုနှစ် နှစ်ကုန်တွင် စစ်ဦးစီးဌာနချုပ်သို့ ပြန်ရောက်လာခဲ့ပါသည်။ ဗဟိုစစ်ဦးစီးဌာနချုပ်တွင်နေပြီး ၁၉၆၆ခုနှစ်၊ ဇန္န၀ါရီလခန့်  တွင် အတွင်းရေးမှုးချုပ် ဗိုလ်မှုးချုပ်ကြင်ဖေနှင့်သွားနေခဲ့ပြီး၊ မတ်လခန့် တွင်ပဲခူးရိုးမသို့ ပြန်ဆင်းလာခဲ့ပါသည်။ အတွင်းရေးမှုးချုပ်နှင့် ပြန်ဆင်းလာသူများမှာ သခင်ဇင်၊ ဗိုလ်မှုးထိုကြည်နှင့်ဇနီး၊ ဗိုလ်မင်းသိန်းတို့နှင့်အတူ ကျွန်တော်တို့ လည်းပြန်ပါလာခဲ့ပါသည်။ ပဲခူးရိုးမသို့ ရောက်လာသည့်အခါတွင် ပဲခူးရိုးမတိုင်းဥက္ကဌကြီးဦးအေးဟန်၊ အတွင်းရေးမှုးဦးမိသတ်၊ တပ်ရင်းမှုး ဗိုလ်မှုးအောင်သိန်းတို့ လာကြိုကြပါသည်။ ထို့ နောက်ကျွန်တော်တို့  သည် ဦးလှခင်ရွာဘေးတွင်စခန်းချနေစဉ် ဗိုလ်မင်းသိန်းမှတောသွားလည်ရာ ကျားသစ်တကောင်ရ၍ စား သောက်ကြပါသည်။ နောက်တနေရာသို့ ပြောင်းရွေ့ ပြီး စောမိုခေါ်လော်ရွာဘေးတွင်နေစဉ် ဗိုလ်မင်းသိန်းမှ တောသွားလည်ရာ ဆတ်တကောင်ရပါသည်။
၁၉၆၆ခုနှစ်၊ မေလတွင် ဗိုလ်လူအေးနှင့်အတူ ပဲခူးရိုးမမှ မြစ်ဝကျွန်းပေါ်သို့ပြန်ဆင်းလာခဲ့ပါသည်။ ပြန်ဆင်းလာသည့်လမ်းတွင် တပ်ရင်းရုံးထိုင်မှုး ဗိုလ်ကြီးပုနှင့်တွေ့ ဆုံခဲ့ပါသည်။ ကျွန်တောသည် အမှတ်(၃)ခ ရိုင်ရုံးသို့ ပြန်ရောက်ပြီးနောက် နေ့စဉ် ငှက်ဖျားရောဂါ (၃)လလောက် တက်ခဲ့ပါသည်။ ၁၉၆၇ခုနှစ်၊ မတ်လ တွင် အောင်စစ်သည်ထိုးစစ်ဆင်ခဲ့ပါသည်။ ထိုထိုးစစ်အတွင်း ကျွန်တော်သည် ဥက္ကဌကြီးမန်းကျော်လွင်၊ ရှေ့တန်းတိုင်းဥက္ကဌကြီးဦတဲခို၊ အမှတ်(၃)ခရိုင် ဘဏ္ဍာရေးမှုးအဘိုးထေဖိုး၊ အမှတ်(၇)ခရိုင်ဘဏ္ဍာရေးမှုး ဦးမန်းဆေး၊ ဗိုလ်မှုးကြီးဖန်းရှောင်း၊ ဆေးမှုးမန်းကြိုင်တို့နှင့်အတူနေစဉ်၊ ဗိုလ်မှုးကျော်လှိုင်မှ ကျွန်တော်တို့ နေထိုင် သောစခန်းကိုရောက်ရှိလာကာ တညအိပ်ပြီးနောက် ဗိုလ်မှုးကြီးဖန်းရှောင်းနှင့်ပြန်ထွက်သွားပါသည်။ ၁၉၆၇ခု နှစ်၊ ဇူလှိုင်လတွင် ကျွန်တော်တို့ သည် ကွမ်းဒေးမြို့နယ် ဥက္ကဌမန်းသိန်းဟန်နှင့် တွံတေးတောကြီးတန်းတွင် သွားနေရပါသည်။ ဥက္ကဌမှ ကျွန်တော်တို့ ကို မြို့ နယ်တာဝန်ခံ ကိုသိန်း၊ ကိုကျော်ဝင်းတို့ နှင့်အတူနေရန်ထား ခဲ့ပါသည်။ ထို့နောက် အလံနီပါတီမှ ကိုကြည်လွင်နှင့်သွားတွေ့ ပြီး၊ ဆွေးနွေးခဲ့ပါသည်။ သူတို့ နှင့်တညနေပြီး၊ ကျွန်တော်တို့ ဒေသသို့ ပြန်လာခဲ့ပါသည်။ တွံတေးတောကြီးတန်းမှ ညောင်တုန်းမြို့နယ်သို့ပြန်ရောက်ရှိပြီး၊ ဒေသတာဝန်ခံ စောဘိုလေးနှင့်အတူနေပြီးနောက် သတ်မဂ္ဂနှင့်စည်းရုံးရေးလုပ်ငန်းများကိုလုပ်ကိုင်ရပါသည်။ စောဘိုလေးနှင့်အတူနေပြီးနောက် ကျွန်တော်တို့ ကို ညောင်တုန်းတောင်ခြမ်းသို့ ပို့ ပါသည်။ ညောင်တုန်း တောင်ခြမ်းမှာလည်း စည်းရုံးရေးများကိုလုပ်ကိုင်ခဲ့ရပါသည်။ ထိုသို့ နေစဉ် ကျွန်တော်သည် ဆီးရောဂါဖြစ်သဖြင့် ဗိုလ်မှုးမောင်ချစ်တပ်ရင်းတွင် သွားနေ၍ဆေးကုခဲ့ပါသည်။ ပြန်ကောင်းမွန်လာသော်လည်း ကျွန်တော်သည် မပြန်တော့ဘဲ ဗိုလ်မှုးမောင်ချစ်နှင့် အတူနေပါသည်။ ၁၉၆၈ခုနှစ်တွင် ငွေသောင်ယံ၌ပိတ်ဆို့ ရေးလုပ် စဉ် အမှတ်(၅)ခရိုင်၊ တပ်ရင်း(၇)မှ တပ်ရင်းမှုး ဗိုလ်မှုးဂျော်နီသည် ကျွန်တော်တို့ ဆီရောက်ရှိလာပါသည်။ ဗဟို၏ညွန်ကြားချက်အရ ကျွန်တော်တို့ သည် ၁၉၇၀ခုနှစ်တွင် ပဲခူးရိုးမသို့ တက်ခဲ့ရပါသည်။ ကျွန်တော်တို့ အဖွဲ့  ကိုဗိုလ်မှုးမောင်ချစ်မှဦးဆောင်ပါသည်။ ပဲခူးရိုးမရောက်ပြီးမကြာမှီ နိုင်ငံရေးသင်တန်းနှင့် အတွေးအခေါ်တည် ဆောက်ရေး၊ လုပ်ဟန်ပြင်ဆင်ရေးသင်တန်းများကိုတက်ရောက်ရပါသည်။ ထိုသင်တန်းတွင် နိုင်ငံရေးသင် တန်းကို တိုင်းအတွင်းရေးမှုး ဦးစိုးအောင်၊ စစ်ရေးကို ဗိုလ်မှုးချုပ်ကျော်သောင်းတို့ မှ သင်တန်းပေးပါသည်။ သင်တန်းဆင်းပြီးမကြာမှီ အတွင်းရေးမှုးချုပ် ဗိုလ်ချုပ်ကြင်ဖေသည် ကျွန်တော်တို့ ဆီသို့ လာပြီး နိုင်ငံရေးသ ဘောတရားများကို ရှင်းလင်းဆွေးနွေးပြပါသည်။ အတွင်းရေးမှုးနှင့်ပါလာသူများမှာ ဦးလောကွား၊ ဗိုလ်မှုးကြည် လင်းတို့ လည်းပါလာပါသည်။ ဗိုလ်မှုးမောင်ချစ်နှင့်ကျွန်တော်တို့ ကို ဗဟိုမှခေါ်ပြီး ဗဟိုကင်းတပ်အဖြစ်ထားပါ သည်။ ဗဟိုမှာနေစဉ် ပြည်သူများ၏ ၀န်ထုပ်ဝန်ဖိုး ပေါ့ပါးစေရန် ကျွန်တော်တို့ သည်ကုန်ထုပ်လုပ်ရေးများဖြစ်သည့် တောင်ယာနှင့်စိုက်ပျိုးရေးများကို လုပ်ကိုင်ခဲ့ရပါသည်။ ထိုအလုပ်များကိုကျွန်တော်တို့ နှင့်အတူ ဗိုလ်မင်းသိန်းနှင့် ဖဒိုမန်းရှာ၏ဇနီး နန့်ကျင်ရွေတို့ လည်းလုပ်ကိုင်ကြပါသည်။ ဗဟိုလုံချုံရေးကင်းတပ်၌နေစဉ် ကျွန် တော်တို့ တပ်စိပ်(၂)စိပ်သည် စ.က(၁)နှင့်သွားတွဲခဲ့ရပါသည်။ စ.က(၁)နိုင်ငံရေးမှုးမှာ ဗိုလ်မှုးလေးတော၊ တပ်မှုးမှာ ဗိုလ်မှုးထိုကြည်တို့ ဖြစ်ပါသည်။ ထိုမှ မ.ဒ.ည.တ(အမျိုးသားဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစုတွင် သွားရောက်ပူးတွဲခဲ့ပါသည်။ ထိုအချိန်မကျွန်တော်တို့ သည် တပ်စု(၆)ဖြစ်ပြီး၊ တပ်စုနိုင်ငံရေးမှုးမှာ ဗိုလ်သာခူး၊ တပ်မှုးမှာ ဗိုလ်တင်ရွေဖြစ်ပါသည်။ ဗဟိုမှကျွန်တော်တို့ ကိုပြန်ခေါ်၍ ဗဟိုသို့ ပြန်ရောက်ပြီးမကြာမှီ ဗိုလ်မှုး မောင်ချစ်နှင့်ကျွန်တော်တို့ ကို စ.က(၂)သို့ ပို .လိုက်ပါသည်။ ထိုအချိန်က စ.က(၂)မှုးမှာ ဗိုလ်မှုးချုပ်ကျော် သောင်းဖြစ်ပါသည်။ ဗိုလ်မှုးကျော်သောင်းကျမ်းမာရေးမကောင်းသောကြောင့် ဗိုလ်မှုးစောလှမောင်၊ ဗိုလ်မှုးလှ ထွန်းတို့ နှင့်နေခဲ့ရပါသည်။ ထိုးစစ်ကာလသည် အလွန်ပြင်းထန်လာသည့်အတွက် ဗိုလ်မှုးမိုးဟိန်းနှင့်နေခဲ့ရပါ သည်။ ထို့နောက်ဗဟိုနှင့်ပြန်ပေါင်းမိပြီးနောက် ၁၉၇၅ခုနှစ်၊ မေလ(၂၄)ရက်နေ့ တွင် ဗိုလ်ချုပ်မြမောင်ဦး ဆောင်၍ ပဲခူးရိုးမအရှေ့  တပ်မဟာ(၃)ခရိုင်၊ ကျောက်ကြီးမြို့ နယ်သို့ လာခဲ့ရာ မေလ(၂၅)နေ့မနက်တွင် စစ်တောင်းချောင်း၌ ရေကူးနေစဉ် ခ.လ.ရ(၅၉)နှင့် တိုက်ပွဲဖြစ်ခဲ့ပါသည်။ ထို့ နောက် ကျောက်ကြီးမြို့ နယ်၊ ပန်းပဲဖို ရွာသို့ ရောက်ရှိပြီး ရွာဘေးကွန်းသီးခြံတွင် စခန်းချနေစဉ် ရှမ်း(၁)နှင့်ထပ်မံတိုက်ပွဲဖြစ်ခဲ့ပါသည်။ တိုက်ပွဲဖြစ်ပြီး နောက် ညောင်လေးပင်ခရိုင် ဥက္ကဌနှင့်တွေ့ပါသည်။ ထို့ နောက်ဗိုလ်မှုးမိုးဟိန်းနှင့်ကျွန်တော်တို့ ကို ရွေကျင်မြို့  နယ်သို့ စေလွတ်ခဲ့ပါသည်။ ရွေကျင်မြို့ နယ် တပ်ရင်း(၇) တပ်ရင်းမှုး ဗိုလ်မှုးထူးဟဲနှင့်တွေ့ ဆုံပြီးနောက် တပ်ခွဲ (၃)ဗိုလ်မောင်ဒီနှင့်အတူသွားလာလှုပ်ရှားခဲ့ပါသည်။

၁၉၇၅ခုနှစ်၊ ဒီဇဘာင်္လတွင် ကျွန်တော်တို့ ကို ဗိုလ်ချုပ်မြမောင်ပြန်မှာ၍ ကျွန်တော်တို့ သည် တပ်ရင်း(၇)မှပြန်လာပြီး၊ မူတထော်ကော်ရေ၊ ဒူတာဟေးရွာအနီးစခန်းတွင်ပြန်တွေ့ ပါသည်။ ထိုနေရာတွင်ပြန်တွေ့  သောခေါင်းဆောင်များမှာ ဗိုလ်ချုပ်မြမောင်၊ ဖူးစကောလယ်တော၊ ဦးစိုးအောင်၊ ဗိုလ်ကြီးစံလင်း၊ ဦးတဲခို၊ ဖဒို မန်းရှာ၊ ဗိုလ်မှုးကျောင်သောင်း၊ ဦးမိသတ်၊ ဗိုလ်မှုးတင်လင်း၊ ဗိုလ်ဂျော့၊ ဗိုလ်မှုးမြသိန်း၊ ဗိုလ်မှုးဟန်ကြည်၊ ဗိုလ် မှုးမောင်ချစ်၊ ဗိုလ်မှုးမိုးဟိန်း၊ ဖဒိုသမိန်ထွန်း၊ ဖဒိုဇော်မင်း၊ ဗိုလ်ကြီးသံဒုံး၊ ဦးဖိုးကုန်၊ ဗိုလ်မင်းသိန်းတို့ နှင့်ပြန် တွေ့ ပြီး ဆွေးနွေးပွဲများပြုလုပ်ကြပါသည်။ ဆွေးနွေးပွဲလုပ်ပြီးနောက် တပ်ခွဲ(၂)ခွဲပါသည့် တပ်ရင်း(၁၄)ကိုဖွဲ့ပြီး တပ်ရင်းမှုးမှာ ဗိုလ်မှုးမိုးဟိန်း၊ ဒုတပ်ရင်းမှုးမှာ ဗိုလ်မှုးဟန်ကြည်၊ တပ်ရင်းရုံးထိုင်မှုးမှာ ဗိုလ်မှုးမြသိန်း၊ တပ်ရင်း တပ်ထောက်မှာကျွန်တော်ဖြစ်ပါသည်။ ကျွန်တော့်ကိုယ်ပိုင်နံပါတ်မှာ ၀၄၉၉ ဖြစ်ပါသည်။ ကျွန်တော်တို့ တပ် ရင်း(၁၄)သည် ၁၉၇၆ခုနှစ်၌ တပ်မဟာ(၂)တွင် သွားနေစဉ် တပ်မဟာ(၂)ခေါင်းဆောင်များဖြစ်ကြသော ဗိုလ်မှုးကြီး ဘောနီ၊ ရုံးထိုင်မှုး ဗိုလ်မှုးအားစီ၊ ဗိုလ်မှုးထွန်းလူ၊ ဗိုလ်မှုးသန့် ရှင်း၊ ဗိုလ်မှုးကြီးလှထူးတို့ နှင့်အတူ နေခဲ့ရပါသည်။ ခရိုင်ဥက္ကဌမှာ ဗိုလ်မှုးဘလုံ၊ အတွင်းရေးမှုးမှာ ဖဒိုစောသန်းဖြစ်ပါသည်။ ထို့ နောက် တပ်မဟာ (၂)မှ ဖာပွန်တပ်ရင်း(၂၀) နှင့်ပူးတွဲသွားလာလှုပ်ရှားခဲ့ပါသည်။ တပ်ရင်း(၂၀)တပ်ရင်းမှုးမှာ ဗိုလ်မှုးနော်တော့၊ ဒုရင်းမှုးမှာ ဗိုလ်မှုးမောင်လှရွေ၊ ကေ.အင်.ဒီ.အို တပ်ရင်းမှုးမှာ ဗိုလ်မှုးမောင်ဝါးတို့ ဖြစ်ပါသည်။ ဗိုလ်မှုးမိုးဟိန်း သည်တပ်မဟာ(၁)သို့ သွားရန်တာဝန်ပေးခဲ့ပါသည်။ တပ်မဟာ(၁)ခရိုင်ဥက္ကဌမှာ ဖူးတကီ၊ အတွင်းရေးမှုးမှာ ဖ ဒိုကေါ်ထူး၊ တပ်မဟာမှုးမှာ ဗိုလ်မှုးဂျောလေ၊ ရုံးထိုင်မှုးမှာ ဗိုလ်မှုးသာကူး၊ ကေ.အင်.ဒီ.အိုတပ်ရင်းမှုးမှာ ဗိုလ်မှုး ထွန်းကြည်၊ ဗိုလ်ရာဟစ်၊ ဗိုလ်ဘန်ဒို၊ ဗိုလ်ဘလင်း၊ ဘီးလင်းမြို့ နယ်ဥက္ကဌ ကိုအေး၊ ဖဒိုစော်ဘွားတို့ ဖြစ်ပြီး၎င်း တို့ နှင့်အတူနေခဲ့ရပါသည်။ တပ်မဟာ(၁)မှ တပ်ရင်းသို့ ပြန်ရောက်ပြီး ၁၉၇၈ခုနှစ်၊ သြဂုတ်လတွင် ကျွန်တော် သည် တပ်မဟာ(၇)သို့ ရောက်ခဲ့ပါသည်။ ၄လ၊ ၅လခန့် နေပြီး တပ်ရင်း(၂၂)သို့ ရောက်လာခဲ့ပါသည်။ တပ် ရင်း(၂၂)တွင်အတူနေခဲ့သူများမှာ ဗိုလ်မှုးဝင်း၊ ဗိုလ်မှုးရောနယ်၊ ဗိုလ်ဒီလုံး၊ ဗိုလ်သံလွင်၊ အရာခံဗိုလ် စီးဒါ၊ ဟန် စောတို့ နှင့် တခန်းထဲအတူနေခဲ့ရသော တပ်မဟာမှပြောင်းလာသည့် ထွန်းထွန်းတို့ ဖြစ်ပါသည်။ ဗဟိုမှခေါ်၍ အောက်တိုဘာလတွင် သွားခဲ့ရပြီး ဗဟိုတွင်(၂)လနေရပါသည်။ ထို့ နောက် ၁၉၈၃ခုနှစ်၊ ဇန္န၀ါရီ(၂၂)ရက်တွင် ဗဟိုမှထွက်လာခဲ့ရာ စောထတွင်တညအိပ်ပြီး၊ နောက်တနေ့ ဆက်ထွက်ရာ အမှတ်(၃)ခရိုင်အနားတွင် နှစ် ရက်နေပြီး၊ ကျောက်ကြီးမြို့ နယ်သို ရောက်ရှိလာခဲ့ပါသည်။ ထိုနေရာတွင် ဖဒိုမန်းရှာ၊ ဖဒိုမောင်မောင်တင်တို့  နှင့်အတူနေပြီး၊ ဖေဖေါ်ဝါရီလ(၁၆)ရက်နေ့ ညတွင် ကျောက်ကြီးမြို့ နယ်မှ ပဲခူးရိုးမသို့ထွက်လာခဲ့ပါသည်။ စစ် တောင်းမြစ်ကိုကူးပြီး ကျောက်တခါးမြို့ နယ်၊ သူဌေးကုန်းဂရံတွင်တနေ့ ခိုနားကာ ညဘက်တွင်ဆက်ထွက်ရာ ကားလမ်း၊ ရထားလမ်းများကိုဖြတ်ကျော်၍ ပဲခူးရိုးမတောင်ပေါ်သို့ အလာ(၁၈)ရက်နေ့ တွင်ရဲနွယ်ချောင်းဘေး တွင်မိုးလင်းသွားသောကြောင့် ထိုနေရာမှာခေတ္တစခန်းချနေစဉ် နေ့ လည်(၁၁)နာရီခန့် တွင် တပ်မ(၄၄)လက် အောက်ခံ တပ်ရင်း ခ.မ.ရ(၂၀)နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထိုတိုက်ပွဲတွင်ကျွန်တော်သည်ဒဏ်ရာရခဲ့ပြီး ဒု တပ်ကြပ်သက်ဝင်း၊ ရဲဘော်အောင်မြင့်တို့ ကျဆုံးခဲ့ပါသည်။ ညနေ(၃)နာရီတွင် ရိုးမတောင်ပေါ်သို့ ဆုတ်ပြီး၊ သူ တို့ ဘက်ကပိတ်ဆို့ ရေးများပြုလုပ်ပါသည်။ မတ်လ(၄)ရက်နေ့ မနက်(၉)ရီခန့် တွင် တပ်မ(၆၆) လက်အောက် ခံ ခ.လ.ရ(၇၆)နှင့်တိုက်ပွဲဖြစ်ရာ ကျွန်တော်တို့ ဘက်မှ ဗိုလ်နိုင်စိုး၊ ဗိုလ်မောရစ်ကျပြီး ရဲဘော်မျိုးအောင်မှာလူ အုပ်ကွဲသွားပြီးမတွေ့ တော့ပါ။ ကျွန်တော်တို့ အားပိတ်ဆို့ ရေးများကို ပဲခူးရိုးမအနောက်ခြမ်းတွင်ပြည်မှ မှော်ဘီ အထိ၊ အရှေ့ ခြမ်းတွင် တောင်ငူမှ ပဲခူးအထိ၊ ပါတီ၊ ကောင်စီ၊ ပြည်သူ့ စစ်၊ ရဲနှင့်ပြည်သူစုစုပေါင်းတသိန်းကျော် ဖြစ်ပြီး စစ်တပ်မှ တပ်မ(၄၄)၊ (၇၇)၊ (၆၆)တို့ မှတပ်ရင်းအချို့ တို့ နှင့် အလယ်ပိုင်းတိုင်း၊ ရန်ကုန်တိုင်းတပ်တို့ မှ စုစုပေါင်း တပ်အင်အား (၁၀)ရင်းခန့် ဖြင့် တိုက်ခိုက်၊ ပိတ်ဆို့ ခဲ့ပါသည်။ ကျွန်တော်တို့ ဘက်မှ ၆-ဦးကျ၊ တဦး ဒဏ်ရာရပြီး၊ ရန်သူဘက်မှ အသေအပျောက်ကိုမသိရဘဲ လက်ရဖမ်းမိသူများမှာ ခ.လ.ရ(၆)မှ တပ်ကြပ်ကြီးတ ဦးနှင့် ကျောက်တခါးမြို့ နယ်မှပြည်သူ့ စစ် ၅-ဦးတို့ ဖြစ်ပါသည်။ ၎င်းတို့ကို တရားဟောပြီးပြန်လွတ်ပေးခဲ့ပါ သည်။ ကျွန်တော်တို့ ပဲခူးရိုးမသို့ ဆင်းလာသောအင်အားမှာ ၆၆-ဦးဖြစ်ပြီး၊ ပဲခူးရိုးမသို့ ရောက်သောအခါ ရဲ ဘော်ဟောင်းသုံးသည် ကျွန်တော်တို့ နှင့်တဖွဲ့ တည်းလာရောက်ပူးပေါင်းခဲ့ပါသည်။ ကျွန်တော်တို့ ရဲဘော်များ သည်စိတ်ဓါတ်အလွန်ကောင်းပါသည်။ သို့ သော် ရန်သူ၏ထိုးစစ်ရှည်လာခြင်း၊ ရိက္ခာလုံးဝပြတ်လာခြင်းတို့ ကြောင့် ကျွန်တော်တို့ ဘက်မှ အုပ်စုလိုက်အဖမ်းခံရပြီးနောက် ဧပြီလကုန်ပိုင်းတွင် အားလုံးအဖမ်းခံခဲ့ကြရပါ သည်။ ကျွန်တော်သည် ဧပြီလ၅-ရက်နေ့ ၌ ဆားပင်ချောင်းဘေးတွင် ခ.လ.ရ(၅၉)နှင့် တိုက်ပွဲဖြစ်ရာ ဗိုလ်မင်းသိန်းနှင့်ကွဲသွားပြီး ကျွန်တော်သည် ကွင်းဘက်သို့ ဆင်းသွားခဲ့ရာ ခ.လ.ရ(၈၂)ဖြင့်တွေ့ ပြီး အဖမ်းခံခဲ့ရပါ သည်။ ထိုနောက် ညနေတွင် ညောင်လေးပင်ထောက်လှမ်းရေး(၃)သို့ ပို့ ခဲ့ပါသည်။ ထိုအချိန်ကထောက်လှမ်းရေး(၃)မှာ ဗိုလ်ကြီးမောင်မောင်ရှိန်ဖြစ်ပါသည်။ များအကြာမှီ ဗိုလ်ကြီးတင်မောင်စိုးထပ်ရောက်လာပါသည်။ ထောက်လှမ်းရေးတွင် ကျွန်တော့်ကိုစစ်ကြောရေးများပြုလုပ်ခဲ့ပြီး၊ ဓါတ်ပုံရိုက်ပါသည်။ တပ်မ(၆၆)မှုးမှာ အေး သောင်ဖြစ်ပြီး၊ ဒုတပ်မမှုးမှာမျိုးညွန့် တို့ ဖြစ်ပါသည်။ ပဲခူးတိုင်း တိုင်းမှုးမှာ ဗိုလ်မှုးချုပ်တောင်ဆာခိုင်ဖြစ်ပါသည်။ အေးသောင်က ကျွန်တော့်ကိုလာတွေ့ ပြီး သူက “ သန်းလှ မင်းတို့ ကံကောင်းတယ် ငါလာရင်မင်းတို့ အကုန်သေမယ်။” လို့ ပြောပါသည်။ သင်္ကြန်အကြိုနေ့တွင် ကုလားအမျိုးသားများက ထောက်လှမ်းရေးမှုး မောင်မောင်ရှိန်ကို “ဗိုလ်ကြီးကျွန်တော်တို့  ဟိုလူတွေကို ကျွန်တော်တို့ ကျောက်ကျောဖျော်ရည်တိုက်ချင်တယ်။” ပြောရာ မောင်မောင်ရှိန်က “ခင်ဗျားတို့ စေတနာရှိရင်တိုက်ပါ။” ဟုပြောပါသည်။ ကျွန်တော်တို့ဖျော်ရည် သောက်ပြီးနောက် မောင်မောင်ရှိန်က ကျွန်တော့်ကို “သန်းလှ မင်းတို့ ကို ဒီလူတွေကအတော်ချစ်တာဘဲ။” ဟု ပြောပါသည်။ သို့ သော်ကျွန်တော်ဘာမှမပြောလိုက်ပါ။ ကျွန်တော့်စိတ်ထဲကတော့ “ကိုယ့်အကြောင်းကိုယ်သိရင်ပြီးတာဘဲ”လို့ မှတ်လိုက်မိသည်။ ဧပြီလ(၁၄)ရက်နေ့ တွင် ကျွန်တော်တို့ အဖွဲ့ ကို အင်းစိန်ထောင်သို့  SBမှ ဦးအုန်းမောင်နှင့် ထောက်လှမ်းရေးအချို့ ၊ ရဲအချို့ တို့ နှင့်အတူ ပို့ ဆောင်ခဲ့ပါသည်။ ညနေ ၅-နာရီခန့် တွင် အင်းစိန်ထောင်သို့ရောက်ရှိပြီး ထောင်ဗူးဝတွင် ရှာဖွေရေးလုပ်ကာ ပစ္စည်းများကိုစာရင်းပြုလုပ်ပြီး သိမ်းခဲ့ပါသည်။ ထို့ နောက်တိုက်ရုံးသို့ ခေါင်းအုပ်ပြီးခေါ်သွားကာ တိုက်ရုံးခန်းသို့ အရောက်တွင် တန်းစီထိုင်ခိုင်းပြီး အဆက်အသွယ်မလုပ်ရ၊ တခန်းနှင့်တခန်းစကားမပြောရ၊ လေမချွန်ရ၊ ဖျာမချိုးရ၊ စသဖြင့် ထောင်စည်းကမ်းများကို ပြော ပါသည်။ ထို့ နောက်ကျွတော်တို့ ကို လူစုခွဲပြီး ၅-တိုက်သို့ ပို့ ဆောင်ခဲ့ရာ ကျွန်တော်အပါဝင် ၈-ဦးသည် အခန်း (၁၃)တွင် နေရပါသည်။ ကျွန်တော်တို့ မရောက်ခင် ကွန်မြူနစ်ပါတီမှရဲဘော်များရောက်ရှိနေသောကြောင့် သူတို့ က ကျွန်တော်တို့ ကိုမေးရာ ကျွန်တော်တို့  ပဲခူးရိုးမသို့ ဆင်းလာရာ တိုက်ပွဲများဖြစ်ပြီး၊ ပိတ်ဆို့ရေးများ ကြောင့်ရိက္ခာပြတ်ပြီး အဖမ်းခံရတာဖြစ်ကြောင်းပြောပြခဲ့ပါသည်။ ကျွန်တော်တို့ ကို ဘာလိုသလဲလို့မေးရာ ကျွန်တော်က ဒဏ်ရာမပျောက်သေးကြောင်း ပြောပြသဖြင့် သူတို့ ကဘာဆေးလိုသလဲမေးရာ ကျွန်တော်က ပင်နီဆလင်နှင့် လိမ်းဘို့ တေဇောဘမ်းလိုကြောင်းပြောပြခဲ့ပါသည်။ ထို့ ကြောင့် သူတို့ ရုံးထွက်ပြီးပြန်ရောက်လာ လာသောအခါ ကျွန်တော်မှာသောဆေးများက ယူလာပေးခဲ့ပါသည်။ ကျွန်တော်လည်း စားဆေး၊ လိမ်းဆေးများ ကြောင့် ၂လခန့် အကြာ ဒဏ်ရာပျောက်ခဲ့ပါသည်။ ကွန်မြူနစ်ရဲဘော်များက ကျွန်တော်တို့ ကိုအများအပြားကူ ညီပေးခဲ့ပါသည်။
ထောင်ထဲတွင် မနက် ၆-ရီတကြိမ်၊ ညနေ ၅-နာရီတကြိမ် ၀န်ထမ်းများအချိန်းအပြောင်းလုပ်စဉ် ကျွန်တော်တို့ ကို တန်းစီခိုင်းပြီးလူစစ်ပါသည်။ မနက် ၇-နာရီတွင် မိလ္လာနှင့်ဆီးကိုချအပြီး ရေချိုးရပါသည်။ ရေကိုခွက်ချိန်ဖြင့်ချိုးရပါသည်။ မနက်စာကို ၉-နာရီ၊ ညနေစာကို ၃-နာရီတွင်လာပေးပြီး စားရသောထမင်းမှာ အလွန်ဆိုးသည့် လုံးတီးဆန်၊ ဟင်းအဖြစ် အရွက်များကို ဖြစ်သလိုဆေးထားပြီး ပြုတ်ထားသော တာလပေါဟု ခေါ်သည့် ဟင်းရွက်ပြုတ်နှင့် အလွန်ဆိုးသော ငါးပိတို့ ဖြစ်ပါသည်။ အင်းစိန်ထောင်၌နေစဉ် ထောက်လှမ်းရေး သည် အချိန်အခါမရှိလာခေါ်ပြီး စစ်ကြောရေးလုပ်၊ ဓါတ်ပုံရိုက်ယူပါသည်။ ထောင်ထဲ၌နေစဉ် တချိုထောင်ဝန်ထမ်းများသည် ကျွန်တော်တို့ အပေါ်စာနာမှုရှိပြီး၊ အချို့ ကတော့မုန်းတီးပါသည်။ ထိုအထဲမှ ထောင်ဝန်ထမ်း တပ်ကြပ်တင်လှဆိုသူသည် ကျွန်တော်တို့ ကို အလွန်မုန်းပါသည်။ တချို့ ဆိုလျှင်ပြန်လွတ်သည့်အခါပြန်ချဘို့  ကိုပါတိုက်တွန်းပါသည်။ ၁၉၈၃ခုနှစ်၊ စက်တင်ဘာ(၂၈)ရက်နေ့ တွင် ကျွန်တော်တို့ ကို ထောင်ဗူးဝသို့ ခေါ်ပြီး အလုံမြို့ နယ်၊ အမှတ် ၂ ၊ တရားသူကြီးဦးညွန့် လှိုင်နှင့်အဖွဲ့ ရောက်ရှိလာပြီး ကျွန်တော်တို့ အဖွဲ့ ကို ၁၂၂ /၁ နှင့်စွဲချက်တင်ကြောင်းပြောပြီး ရှေ့ နေငှါးဘို့ ပါပြောပါသည်။ ကျွန်တော်က ကျွန်တော်တို့ဆီကသိမ်းသွားသော ငွေများကိုပြန်ပေးလျှင်ရှေ့ နေငှါးနိုင်ကြောင်း ပြန်ပြောပါသည်။ ထိုအခါသူက မင်းတို့ ငွေတွေကိုနိုင်ငံတော်ဘဏ္ဍာ အဖြစ်သိမ်းလိုက်ပြီဖြစ်ကြောင်းပြောပါသည်။ ထိုအခါ သူက “မင်းတို့ က အစိုးရကိုလည်း တိုက်သေးတယ်၊အစိုး ရကဘဲ ရှေ့နေငှါးပေးရအုံးမယ်။” ဟုပြောသွားပါသည်။ ကျွန်တော်တို့ အဖွဲ့ သည် ရန်ကုန်တိုင်းအမှတ်(၆)၊ အထူးတရားရုံးသို့  ရုံးထွက်ရပါသည်။ တခြားသောကွန်မြူနစ်ရဲဘော်များလည်း ထိုရုံးသို့ပင်ရုံးထွက်ကြရပါသည်။ ထိုနောက် ကျွန်တော်တို့ နှင့် ကွန်မြူနစ်ရဲဘော်များသည် ၅-တိုက်မှ ၂-တိုက်သို့ ပြောင်းခဲ့ရပါသည်။ တပတ်တ ခါပေးသည့် အသားစားဟုခေါ်သော အသားတုံးမှာမပြည့်သည့်အတွက် ကျွန်တော်တို့ မယူဘဲ တာဝန်ကျဝန် ထမ်းမှတဆင့် ထောင်မှုးကိုခေါ်ခိုင်းပြီး အသားပုံစံမပြည့်ကြောင်းနှင့် အပြည့်ပေးရန်တောင်းဆိုခဲ့ပါသည်။ သူက “မင်းတို့ ကိုဘဲဥတလုံးနှင့်တခြမ်းပေးမယ်။” ဟုပြောပါသည်။ ကျွန်တော်တို့ ကလက်မခံသည့်အတွက် နောက်တနေ့ တွင်နှစ်လုံးလာပေးခဲ့ပါသည်။ ကျွန်တော်တို့ ရုံးထွက်သည့်အခါ အမိုးကြီး ဒေါ်အားချိုက အမြဲလာတွေ့  ပါသည်။ ကျွန်တော်တို့ အဖွဲ့ ကိုလည်း ပါဆယ်ပို့ ပေးပါသည်။ ထိုအကြောင်းကို ထောက်လှမ်းရေးက အမိုးကြီး ဒေါ်အားချိုကို “ဒီလူတွေ ခင်ဗျားနဲ့ ဘာတော်သလဲ။” မေးရာ အမိုးကြီးက “ဒါဟာ ငါ့သားတွေဖြစ်တယ်။” ဟု ပြန်ပြောခဲ့ပါသည်။ ၁၈၈၄ခုနှစ်၊ စက်တင်္ဘာ(၂၈)ရက်နေ့ တွင် ကျွန်တော်တို့ အဖွဲ့  ပုဒ်မ ၁၂၂/၁ ကိုထပ်မံမ ဖတ်ပြတော့ဘဲ ၁၉-ဦးကိုသေဒဏ်၊ ၃၇-ဦးကို တသက်တကျွန်း ကျခံခဲ့ရပြီး၊ အစိုးရသက်သေ(၇)ဦးကိုပြန်လွတ် ပေးလိုက်ပါသည်။ ထို့ နောက်ကျွန်တော်တို့ အဖွဲ့ ကို ထောင်ထဲသို့ ပြန်ပို့ အကုန်လုံးကို သံခြေချင်းခတ်ခဲ့ပါ သည်။ နောက်တနေ့ မနက်တွင် ကျွနှ်တော်တို့ ထဲမှတချို့ ကိုထောင်ဝင်စာလာတွေ့ ကြပါသည်။ ထောင်ဝင်စာ လာတွေ့သောသူများကို ထောင်မှုးကြီးဦးမောင်သန့် က ကရင်လိုပြော၍ မရကြောင်းလာတားပါသည်။ ထို့  ကြောင့် ကျွန်တော်က “ကိုယ့်ဘာသာစကားနဲ့ ကိုယ်ပြောတာ ပြောသာပြော။” လို့ ပြောခဲ့ပါသည်။ ကျွန်တော် တို့ သည် သံခြေချင်းဖြင့် သေဒဏ်သမားတွေထားသော အင်းစိန်ထောင် ၂-တိုက်တွင် သရက်ထောင်သို့ မ ရောက်မချင်း ၁၉၉၁ခုနှစ် နှစ်ကုန်ပိုင်းအထိနေခဲ့ရပါသည်။ တချို့ သောရဲဘော်များကိုသာ အဆောင်သို့ ပို့  ဆောင်ခဲ့ပါသည်။ ထို့ှနောက် မကြာမှိ အဆောင်သို့ ပို့ ခဲ့သောရဲဘော်များကို မြင်းခြံထောင်နှင့်မန္တလေးထောင် များသို့  အသီးသီးပြောင်းခဲ့ပါသည်။ ထိုသို့ပြောင်းရွေ့ခံရသူများတွင် မန္တလေးထောင်သို့ ပြောင်းသွားသူများ မှ ကိုတင်ရွေနှင့် မြင်းခြံထောင်ပြောင်းသွားသူများမှ စောအယ့်ကော် သေသည်ဟုကြားရပါသည်။ ပဲခူးဇာတိ စစ် တပ်မှပြောင်းလာသူအရာခံဗိုလ်ကျော်စိန်သည် ထောင်ဝန်ထမ်းဖြစ်သောအခါ ထောင်မှုးကြီးအဆင့်ဖြင့် အင်း စိန်ထောင်သို့ ရောက်ရှိလာပါသည်။ သူသည် ကျောထောက်နောက် အလွန်ကောင်းသဖြင့် ထောင်ပိုင်ပင်ပြော ရဲပါ။ သူသည် အလွန်လတ်စားသူတယောက်ဖြစ်ပြီး၊ သူ့ကို မပေးနိုင်သူများအား အလွန်နှိပ်စက်ပါသည်။ သေဒဏ်ကျနေစဉ် ထောက်လှမ်းရေးမှုးချုပ် တင်ဦး ပြုတ်ပြီး ထောင်ကျသွားသောအခါ သူ့ လက်အောက်ငယ်သား များလည်း အလုပ်မှပြုတ်ပြီး အင်းစိန်ထောင်တွင် ထောင်ဝန်ထမ်းများအဖြစ်လာလုပ်ကိုင်ကြပါသည်။ သူတို့  သည် ကျွန်တော်တို့ ကို စောင့်ဘို့ တာဝန်ကျသဖြင့်သိရပါသည်။ ထိုအထဲမှ ကျွန်တော်နှင့်ရင်းနှီးသော တပ်သားချစ်ဆွေနှင့် ကျွန်တော်စကားပြောနေစဉ် ထောင်မှုးကြီးဦးမောင်သန့် ရောက်ရှိလာကာ သူက “မင်း ထောင်စည်းကမ်း မင်းမသိဘူးလား။” ဟုမေးရာ၊ ချစ်ဆွေက “ခင်ဗျားတို့ ကို တပ်မှာ သုံးမရလို့  ထောင်ကိုပို့ လိုက်တာ။” ဟုပြောရာ ၎င်းကဘာမှပြန်မပြောနိုင်ခဲ့ပါ။
၁၉၈၈ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပေါ်လာပြီး၊ ၁၉၈၉ခုနှစ်၊ စက်တင်ဘာလတွင် ပြင်ဆင် ချက်နှင့် သေဒဏ်မှ တသက်တကျွန်းသို့ ပြောင်းခဲ့ပါသည်။ ၁၉၉၁ခုနှစ်တွင် အင်းစိန်ထောင်မှ သရက်ထောင် သို့  လူတရာပြောင်းခဲ့ရာ ကျွန်တော်တို့ အဖွဲ့ မှ ၁၀-ဦး ပါခဲ့ပါသည်။ အင်းစိန်ထောင်တွင်ကျန်ခဲ့သောရဲဘော် များထဲမှ ဗိုလ်သံဒုံး၊ ဗိုလ်သာခူး၊ ကိုဖိုးတေး၊ ဆာထူးစောတို့ သေဆုံးခဲ့ပါသည်။ ရှမ်းအမျိုးသား စောအောင်ကို သေမည်ဟုသိသဖြင့် ထောင်မှ ၂၀၀၄ခုနှစ်တွင် လွတ်ပေးခဲ့ရာ လွတ်ပြီး ၁၀-လ အကြာသေဆုံးခဲ့ပါသည်။ ကျွန်တော်နှင့်အတူ သရက်ထောင်သို့ ပြောင်းခဲ့ရသော ဦးတင်မြင့်သည် သရက်ထောင်တွင် သေဆုံးခဲ့ပါသည်။ ကျွန်တော်တို့ အဖွဲ့ တွင် မသေဘဲကျန်ရှိနေသောသူများသည် ၂၀၀၅ခုနှစ်၊ ဇူလှိုင် (၆)ရက်နေ့တွင်ပြင်ဆင်ချက် နှင့်လွတ်ခဲ့ပါသည်။
ကျွန်တော်သည် သရက်ထောင်မှလွတ်လာပြီး ရန်ကုန်တွင်တပတ်ခန့် နေကာ ထောင်ထဲတွင်အတူ နေခဲ့ရသည့်အခြားသော ထောင်ကျနိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ပြန်ဆုံဖြစ်ပါသည်။ ထိုနောက် မိမိဇာ တိရွာသို့ ပြန်ကာ ၂-နှစ်ခန့် နေပြီးနောက် နယ်စစ်သို့ထွက်လာခဲ့ပါသည်။
ပဲခူးရိုးမသို့ ဆင်းလာခဲ့သောရဲဘော်စာရင်းများမှာ
၁။ ဗိုလ်မှုးမင်းသိန်း ၂။ ဗိုလ်ကြီးသံဒုံး ၃။ ဗိုလ်ကြီးသန်းလှ
၎။ ဗိုလ်သာခူး ၅။ ဗိုလ်နိုင်စိုး ၆။ ဗိုလ်မောရစ်
၇။ ဆရာဥာဏ်ထွန်း ၈။ ၀င်းထူးစော ၉။ ဆာထူးစော
၁၀။ သက်ဝင်း ၁၁။ ကိုလောအယ် ၁၂။ ကျေးတော
၁၃။ သောထူး ၁၄။ တာမလာထူး ၁၅။ စိန်သောင်း
၁၆။ ထွန်းရွှေ ၁၇။ လှစော ၁၈။ အောင်မြင့်
၁၉။ အယ္မြီး ၂၀။ စမီအမ်း ၂၁။ တင်ဝင်း
၂၂။ လေးနိုင် ၂၃။ ဆေးထူး ၂၄။ ဖောကို
၂၅။ မန်းညွန့် စိန် ၂၆။ ကလူဆေး ၂၇။ အိုက်ဇက်
၂၈။ ထွန်းခင် ၂၉။ သာစိုင်းကေ ၃၀။ ဖိထယ်
၃၁။ ပိတယ် ၃၂။ ထူးကိုလို ၃၃။ အဘိတ်
၃၄။ တင်အောင် ၃၅။ သိန်းပွင့် ၃၆။ ဖေါနဲမူ
၃၇။ ချိုလေး ၃၈။ ဂေလီး ၃၉။ ထူးဘွယ်
၄၀။ စောဖော ၄၁။ ထွန်းရင်သန်း ၄၂။ လင်းလင်း
၄၃။ သိန်းအောင် ၄၄။ ရာကေးရစ် ၄၅။ ကိုဖိုးတေး
၄၆။ တင်မြင့် ၄၇။ စီဖိုး ၄၈။ စောအောင်
၄၉။ ဘင်ဆင် ၅၀။ မျိုးအောင် ၅၁။ ပလာဖေါ
၅၂။ တ၀ီးဝီး ၅၃။ ပေထူး ၅၄။ ပူးဝါး
၅၅။ အဲကော် ၅၆။ မန်းဒတ် ၅၇။ အတား
၅၈။ ဆေးလို ၅၉။ ကျော်ရင် ၆၀။ ကိုတကြာ
၆၁။ မန်းမောင် ၆၂။ ချစ်စရာ ၆၃။ မင်းသိုက်
၆၄။ ဖားလားထူး ၆၅။ သောမတ် ၆၆။ သန်းဝင်း
ပဲခူးရိုးမသို့ အရောက်တွင်လာရောက်ပူးပေါင်းခဲ့သောရဲဘော်များမှာ
၁။ ဦးသာကောင် ၂။ ဦးတင်ရွှေ ၃။ ဆီးလာ

No comments: