(မန်းရောဘတ် ဘဇန်)
၂၀၁၅ ခုနှစ်၊ မေလ-(၈) ရက်နေ့။ အကြိမ် (၃၀) မြောက် (အာရှ-ပစိပိတ် မီနီဆိုတား ကောင်စီ) ညစာစားပွဲ။
ကျနော်၊
မန်းလှထွန်းဦး၊ နိုင်မျိုးဝင်းနှင့် စောနစ်ကီတို့ Council of Asian
Pacific Minnesotan (CAPM) က ကျနော့ကိုပေးသော (Humanitarian Award) ဆုယူရန်
စောနစ်ကီ မောင်းသော ကားနဲ့ ထွက်သွားကြတယ်။ ထိုညစာစားပွဲမှာ ဆုအမျိုးအစား
(၃) မျိုးပေးတယ်။ ၄င်းတို့မှာ- (Outstanding Contribution Award,
Humanitarian Award and Lifetime Service Award) တို့ဖြစ်ပြီး ကျနော်
ရရှိသောဆုမှာ (Humanitarian Award) ဆုဖြစ်တယ်။
ဒီည-မီနီဆိုးတားရောက်
ကရင်ကွန်မြူနီတီ မီနီဆိုးတား (KCM)၊ အစိုးရ အသိအမှတ်ပြု - ထောက်ပံ့ရေးရ
ကရင်အဖွဲ့ဖြစ်သည့် (Non-Profit Organization) (KOM) (Karen Organization Of Minnesota) မှ ကရင်ခေါင်းဆောင်များ၊ ကရင်လူငယ်နှင့် အမျိုးသမီးအဖွဲ့များမှ ခေါင်းဆောင်များ (၃၀) နီးပါး တက်ရောက်ကြတယ်။
ဒီည
စာစားပွဲမှာ - မြို့တော်ဝန်များ (Mayor)၊ ပြည်ထောင်စုနဲ့ ပြည်နယ်
(လွတ်တော်) အမတ်များ၊ အစိုးရ ဌာနများမှ အရာရှိများ၊ ဘာသာရေးအဖွဲ့များမှ
ခေါင်းဆောင်များ၊ လက်ထောက် စစ်ရေးချုပ် - မီနီဆိုတား အမျိုးသား
လုံခြုံရေးတပ် (လေ)၊ (Minnesota National Guard-Air) မှ အရာရှိ၊
ရဲအရာရှိများ၊ လူမှုအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များ စုစုပေါင်း (၅၀၀)
နီးပါး တက်ရောက်ကြတယ်။
ကျနော် ဘာကြောင့် မီနီဆိုးတားပြည်နယ်က
ပေးတဲ့ ဒီ (Humanitarian Award) ဆုရရှိရသလဲ ဆိုတာကို အပြန်ပြန် အလှန်လှန်
စဉ်းစားတယ်။ အမေရိကန် ပြည်ထောင်စုကို ရောက်ပြီး (၁၅) နှစ်ပြည့် ခါနီးမှ
ဒီလိုဆုမျိးကို ရရှိတာ ဖြစ်တယ်။ ကျနော် ဘာတွေ လုပ်ခဲ့လို့ ဒီ (Humanitarian
Award) (လူသား အကျိုးပြု) ဆု ပေးတာလဲ မေးခွန်းထုတ်မိတယ်။
လူသားတဦး အနေနဲ့ ဒီလို ဆုမျိုးရတာ ၀မ်းသာမိတာတော့ အမှန်၊ သို့သော် ဒီဆုနဲ့ ကျနော်ထိုက်တန်ရဲ့လား? လို့ ပြန်စဉ်းစားတော့ - မင်းဘာတွေ လုပ်ခဲ့လို့ ဒီလိုဆုမျိုးလတာလဲ?-
ပဌမဆုံး - မီနီဆိုတားပြည်နယ် - စိန်ပေါမြို့ကို ၂၀၀၀ ခုနှစ်မှာ စရောက်တော့ သူများ
တိုင်းပြည်မှာ (ဘ၀သစ်) ပြန်စရတယ်။ အားလုံး အသစ်တွေဘဲ။ မိမိ လူလားမြောက် ကတည်းက ပညာ
တပိုင်းတစနဲ့ ကရင့် လက်နက်ကိုင် တော်လှန်ရေးသမားတဦး ဖြစ်လာတယ်။
စစ်ရေး၊ နိုင်ငံရေးနဲ့ စည်းရုံးရေးလုပ်ငန်းတွေ အတွက် မိမိ ဖခင်နဲ့ ခေါင်းဆောင်များ
ပေးခဲ့တဲ့ ပညာများသာ ရရှိခဲ့တယ်။ တော်လှန်ရေးအတွက် အကျိုးရှိတဲ့ ဘာသာရပ်တွေ
ဖြစ်တယ်။ ခေတ်မှီတိုးတက်တဲ့ အမေရိကန်လို နိုင်ငံမှာ ကျနော် တတ်ခဲ့တဲ့ (ဘာသာ) ရပ်
အားလုံး
အံဝင်ဂွင် မကျပါ။ (စစ်မတိုက်ရပါ၊ ကရင် လူထုကြီးကို စည်းရုံးရေးနဲ့ (လူထု
အကျိုးပြု) လုပ်ငန်း (Serve the People) မလုပ်ရပါ။ အသက်ရှင် ရပ်တည်ရေးအတွက်
အလုပ်ရုံ-စက်ရုံတွေမှာ မတ်တတ်ရပ်ပြီး (၈)နာရီ အချိန်ပြည့် အလုပ်လုပ်ရတယ်။
အမေရိကန်ကို ရောက်တဲ့ ကရင် အများစုရဲ့ ဘ၀တွေပါ။
အမေရိကန်ကို မလာခင်
ကရင့်တော်လှန်ရေးကို စစ်တမ်း ထုတ်ကြည့်လိုက်တော့- ဒီအတိုင်း ဆိုရင်
ကရင့်တော်လှန်ရေးဟာ အထွေထွေ ခံစစ်ဘ၀နဲ့ လုံးပါးပါးပြီး အချေမှုန်း ခံရဘို့
ရှိတယ်။ အချေမှုန်း မခံရဘို့ ကရင့်တော်လှန်ရေးကို အထောက်အကူပြုမဲ့
(ကျားကန်ပေးမဲ့ (အခြားနည်းလမ်း) တွေရှိရမယ်။ ရှာရမယ်လို့ ဆုံးဖြတ်ပြီး
အမေရိကန်ကို လာရေး ဖြစ်လာတယ်။
မိမိရဲဘော်ရဲဘက်တွေကို ခွဲခွာ - ထားခဲ့ပြီး နိုင်ငံခြားကို မသွားချင်ဘူး၊ မိမိ
(မိဘ)၊
ညီကို - ရဲဘော်ရဲဘက်တွေ ကျဆုံးရာ အမိ ကရင်ပြည်ကို မစွန့်ခွာချင်ဘူး၊
သို့သော် သွားရမယ်။ သိန်းကျော် ရှိနေတဲ့၊ အနာဂါတ်မဲ့နေတဲ့ ဒုက္ခသည်စခန်းက
(ကရင်) တွေရဲ့
ဘ၀သစ်နဲ့ မျိုးဆက်သစ်တွေရဲ့ ပညာရေးနဲ့ ဘ၀ တိုးတက်ရေး အတွက်သွားကို သွားရ
မယ်။ ဒီလို အမေရိကန်ကို လာတဲ့ အကျိုးဆက်ကြောင့် နိုင်ငံတကာရောက် ကရင်တွေ
ဟာ
ကရင့်တော်လှန်ရေးရဲ့ (ဒုတိယ) အင်အားစု ဖြစ်လာတယ်။ ကရင့်တော်လှန်ရေးက
လိုအပ်နေတဲ့ နိုင်ငံတကာ တက္ကသိုလ်ကြီးတွေက (ဘွဲ့)ရ ကရင်ပညာတတ် (လူသား
အရင်းအမြစ်) နဲ့ (ငွေကြေး) အထောက်အပံ့ တစုံတရာ ရနိုင်တဲ့လမ်းတွေ ပေါ်လာတယ်။
နိုင်ငံတကာကို
သွားရောက်ခြင်းအားဖြင့် အကျိုးတစုံတရာ ရှိလာတယ်။ (ပုဇွန်ဦးနှောက်) လောက်
ခေါင်းမကြီးတဲ့ ခေါင်းဆောင်ဆိုသူ တချို့က နိုင်ငံခြားသွားတဲ့ ကောင်တွေ
ဟာ (သစ္စာ) ဖေါက်လို့ ပြောခဲ့တယ်။ တတိယနိုင်ငံကိုသွားရင်-
-ရန်သူကို
ကြောက်လို့၊ စစ်မတိုက်ရဲတော့လို့ ထွက်ပြေးတာလားလို့ အပြောခံရဘို့ ရှိတယ်။
မိမိရဲဘော်တွေကို ထားခဲ့ပြီး (ခံစစ်စခန်းနဲ့ ခရိုင်) က ထွက်ပြေး
စွန့်ခွာခဲ့တဲ့ (စစ်ပြေးဝါဒ) မိမိစစ်သမိုင်းမှာ မရှိဘူး။ မိမိနဲ့
စစ်မြေပြင်မှာ အတူ တိုက်ခဲ့ဘူးတဲ့ (KNLA) နဲ့ (ABSDF) က ရဲဘော်တွေအပြင်
နိုင်ငံခြား ရောက်နေတဲ့ ရဲဘော်တွေကို မေးကြည့်ရင် သိနိုင်ပါတယ်။
မှတ်ချက်၊
မိမိခံယူထားတာက - မသေမချင်း၊ ကရင်ပြည် မရမချင်း၊ ပြည်နယ်ပေါင်းစု ဖယ်ဒရယ်
ပြည်ထောင်စု မတည်ဆောက် နိုင်မချင်း (လက်နက်ကိုင် တိုက်ပွဲနဲ့ လက်နက်မဲ့
တိုက်ပွဲ) နှစ်ရပ် ဟန်ချက်ညီ ပေါင်းစပ် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်။
နောင်ဘ၀ ရှိလို့ သေပြီး လူပြန်ဖြစ်လာရင် (ကရင်ပြည် မရသေးရင်) ရတဲ့အထိ
တိုက်ဦးမယ်) လို့ ခံယူထားတယ်။
နိုင်ငံတကာကို ရောက်ခဲ့ရင် လုပ်ရမဲ့ လုပ်ငန်းစဉ် (မဟာဗျူဟာ) လုပ်ငန်းစဉ် (၃) ရပ်ကို ချမှတ်ခံတယ်။ အဲဒီအချက်တွေကတော့-
(၁)။
အနာဂါတ် ကရင် မျိုးဆက်သစ် ပညာတတ်တွေ ပေါ်ပေါက်ရေးအတွက် နည်းလမ်း ရှာရမယ်။
ကရင့် တော်လှန်ရေးကို လက်ဆင့်ကမ်း တာဝန်ပြန်ယူကြမဲ့ (Human Resources)
(လူ့သား အရင်းအမြစ်) တွေ မွေးထုတ်ရမယ်။
(၂)။ ပြည်တွင်းနဲ့ ပြည်ပက ကရင် လူထုကြီးရဲ့ အားပေးထောက်ခံမှု ကမ္ဘာ့ပြည်သူတွေရဲ့ အားပေး ထောက်ခံမှုကို ရယူရမယ်။
(၃)။ နိုင်ငံတကာရောက် ကရင်များမှ ကရင့်တော်လှန်ရေးကို ပြန်ကူညီရမယ်။-လို့
--စဉ်းစားမိပြီး ဒီ (မဟာဗျူဟာ) (လုပ်ငန်းစဉ်) များ မှတ်ခဲ့တယ်။
ဒီလုပ်ငန်းစဉ်များ အတိုင်း မီနီဆိုးတားပြည်နယ်ရောက် ကရင်များကို စုစည်းပြီး
(ကရင်ကွန်မြူနီတီ
မီနီဆိုးတား) (KCM) (Karen Community of Minnesota) ကို ဦးဆောင်
ဖွဲ့စည်းခဲ့တယ်။ (KCM) ရဲ့ အခြေခံစည်းမျဉ်း ဥပဒေ (Constitution) ကို
ရေးဆွဲပေးတယ်။ ကရင်ကို ကမ္ဘာက သိရှိရေးအတွက် ကရင်နှစ်သစ်ကူးနေ့များ၊ ကရင့်
အာဇာနည်နေ့များ၊ ကရင်အမျိုးသား ချည်ဖြူဖွဲ့နေ့များနဲ့
ကရင်အမျိုးသားနေ့များကို ဦးဆောင် ပါဝင် လုပ်ဆောင်ခဲ့တယ်။
(KOM) ဖြစ်မြောက်ရေး အတွက် (Karen Organization of Minnesota) ကို (VSS)
Vietnamese Social Service of Minnesota) ရဲ့ အကူအညီနဲ့ (KOM) ရဲ့ (By Law)
(အခြေခံဥပဒေ)
ရေးဆွဲရာမှာ ပါဝင် ရေးဆွဲခဲ့တယ်။ ဒုက္ခသည် ကူညီရေးအဖွဲ့များ (Refugee
Services) များဖြစ်တဲ့ - (World Relief), (Minnesota Council Churches),
(Catholic Charity), (Lutheran Social Services), (International Institute
of Minnesota) စတဲ့ အဖွဲ့အစည်းများနဲ့ ဆက်သွယ်ပြီး ထိုင်းနယ်စပ်မှာ ရှိတဲ့
ဒုက္ခသည်စခန်းက ကရင်တွေ အမေရိကန် ရောက်ရှိရေးအတွက် လုပ်ဆောင်တယ်။
ဒုက္ခသည်တွေ
ရောက်လာရင် (နေရာချထားရေး၊ ကျမ္မာရေး၊ အစိုးရဌာနများရဲ့ အကူအညီ ရရှိရေး၊
လူငယ်-ခလေးတွေရဲ့ ပညာရေး၊ အလုပ်အကိုင် ရှာဖွေရေး၊ (ကားပါမစ်နဲ့ ကားမောင်း
လိုင်စင်ရရှိရေး)၊ စတိုးဆိုင်များသွားပြီး ဈေးဝယ်ရေး၊ လူထု ပို့ဆောင်ရေး
ကားလှိုင်း (Public Transportation) (Bus) စီးနည်းသင်ပေးရေး၊ အစရှိတဲ့
အလုပ်တွေကို ဟန်ချက်ညီ လုပ်နိုင်ဘို့ (KCM)ခေါင်းဆောင်များ၊ လူငယ်နဲ့
အမျိုးသမီးခေါင်းဆောင်များ
ပါဝင်တဲ့ လုပ်ငန်းကော်မီတီကို ဖွဲ့စည်းပါတယ်။
ဒီလုပ်ငန်းကော်မီတီက အောက်ပါအဖွဲ့ခွဲ တွေကို ဖွဲ့စည်းလိုက်တယ်။
- လေယဉ်ကွင်းမှာ သွားရောက်ကြိုဆိုမဲ့ လုပ်ဆောင်ရေး (ကရင်လူငယ်အဖွဲ့)။
- အိမ် (Apartment) ကြိုတင် ငှားထားပြီး ရောက်လာရင် အသင့်နေနိင်ဘို့ အိမ်ငှားမဲ့အဖွဲ့။
-
ရောက်လာတဲ့ လူများရဲ့ အိမ်ထဲ (ဆံ၊ ဆီ၊ ဆား၊ ငါးပိ၊ ငြုပ်၊ အသား၊ ငါး၊
နို့၊ ဟင်းသီးဟင်းရွက်များ ဝယ်ပြီး ထည့်ထားဘို့ လုပ်ဆောင်တဲ့
အမျိုးသမီးအဖွဲ့။
- (SSI Card) - (လူမှု လုံခြုံရေး လက်မှတ်)၊ လူမှု ထောက်ပံ့ရေး အကူအညီ (Welfare) ရရှိရေး ဆောင်ရွက်မှုအဖွဲ့။
- ကျောင်းနေနိုင်တဲ့ အရွယ် ကျောင်းထားရေး (Student Placement Center) ပို့ဆောင်ရေး လုပ်ဆောင်မှုအဖွဲ့။
-ကျမ္မာရေး
စစ်ဆေး (Medical Screening) လုပ်ဆောင်မှုအဖွဲ့ စတဲ့ အဖွဲ့များ ဖွဲ့ပြီး
(သွေးမထွက်တဲ့) (Bloodless Revolution) တော်လှန်ရေးကို မမော၊ မပန်း
လက်ညီလက်ညီ လုပ်ဆောင်ခဲ့ကြလို့ (မီနီဆိုးတား) ပြည်နယ်မှာ (၁၅) နှစ်အတွင်း
လူဦးရေ (၈,၆၀၀) ကျော်လာခဲ့ပြီး ဒီနှစ် ဒီပြည်နယ်မှာ အထက်တန်းအောင် (၁၃၆)
ယောက်အထိ ရှိလာပြီး ဖြစ်တယ်။
မှတ်ချက်-
လူသစ်တွေ ရောက်လာရင်
အဆင်သင့် နေနိုင်ဘို့ အဆောင် (Apartment) ငှားဘို့ အမှုဆောင်တဦး ဒေါ်လာ
(၁၀၀) စုဆောင်းပြီး အဆောင်ငှားပေးတယ်။ အမှုဆောင်တွေကို
ဘယ်လိုမှာထားသလဲဆိုတော့-
(ကရင်ပြည်မှာ ဒို့ရဲဘော်တွေ
ချွေး-သွေး-အသက်တွေ ပေးပြီး တိုက်ပွဲဝင်နေတယ်။ ဒို့တတွေ (သွေးမထွက်တဲ့
တိုက်ပွဲ တိုက်ရမယ်၊ တိုက်နေတယ်) လို့ ခံယူ လုပ်ဆောင်ရမယ်။ ဒီကို
ရောက်လာတဲ့ ဘယ်ကရင်မှ (Homeless) အိမ်မဲ့တွေ မရှိရဘူးလို့ ခံယူထားကြတယ်။
အညံ့ဆုံး ကရင်ဟာ အထက်တန်းအောင်ရမယ်။ (မဟာ ဗမာဗိုလ်ချုပ်တွေရဲ့ ပါးစပ်ပုတ်မှ
ကရင်ကို နှိပ်ချပြောခဲ့တဲ့ (ကရင်သုံးယောက်ပေါင်း ဆယ်တန်းမအောင်ဘူး) ဆိုတဲ့
ပါးစပ်ပုတ်တွေကို ပိတ်ပစ်ရမယ်။
မိမိအိမ်မက်တခု မက်ခဲ့တယ်-
(နောင်နှစ်ပေါင်း (၅၀) မှ (၁၀၀) အတွင်း ရွေးကောက်ခံရမဲ့ အမေရိကန်ပြည်ထောင်စု
(သမ္မတ) ဟာ (ကရင်) ဖြစ်တယ်ဆိုတဲ့ အိမ်မက်ဘဲ။
ဒီစကားကို
ဆုယူတဲ့ အခမ်းအနားမှာ ကျနော် ပြောခဲ့ပါတယ်။ ကျနော် (CAPM) ကပေးတဲ့ ဆု နဲ့
မထိုက်တန်သေးပါဘူး၊ ဘာကြောင့်လဲ - (ကရင်ပြည် မရသေးလို့)၊ (ကရင့် လွတ်လပ်ရေး
မရသေးလို့) ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု ရောက်ပြီး
(၁၅)နှစ်အတွင်း - မီနီဆိုးတားပြည်နယ်တွင်မက အခြားပြည်နယ်များ ဖြစ်တဲ့ -
နယူးရော့ပြည်နယ်က ယူတီကာမြို့ (Utica)၊ စာရာကယု
(Syracuse)၊ ဘတ်ဖလို (Buffalo)၊ (Texas) ပြည်နယ်က (Austin) အော်စတင်၊ (Amarillo)
(အမရေးလို)၊ (Ohio) ပြည်နယ်က (Akron)၊ (Washington) ပြည်နယ်က (Spokane)
(စပို့ကင်း)၊ (Utah) ပြည်နယ်က (Salt Lake City) (ဆော့လိပ်စစ်တီ)၊ (Iowa) ပြည်နယ်
(Storm Lake)၊ (Wisconsin) ပြည်နယ်က-(Milkwakee) (မယ်ဝါးခီး)၊ (Nebraska) ပြည်
နယ်က (Lincoln) မြို့ ရှိ မျိုးချစ်ကရင်များရဲ့ ဖိတ်ကြားချက်အရ လူမှုရေးအဖွဲ့တွေ သွားဖွဲ့ပေးခဲ့ပါတယ်။
တဆက်ထဲ (ကနေဒါ) နိုင်ငံရှိ ကရင်လူမှုအဖွဲ့ (KCC) (Karen Canadian Community)
က
ခေါင်းဆောင်များရဲ့ ဖိတ်ကြားချက်အရ (Vancouva)၊ (Thundar Bay)
မှာကျင်းပတဲ့ (KCC) ညီလာခံများမှာ ရွေးကောက်ပွဲ ကော်မရှင်များအဖြစ်
သွားရောက် ကူညီလုပ်ဆောင်
ပေးခဲ့ပါတယ်။
ကရင့်တော်လှန်ရေး အကျိုးပြုလုပ်ငန်းများ အပြင် ဒီမိုကရေစီရေး တိုက်ပွဲများတွင် ပါဝင်
လုပ်ဆောင်ခဲ့ပါတယ်။
(Washington DC) မှာ ကျင်းပတဲ့(ဆန္ဒ)ပြပွဲ၊ (Vaginia) မှာ ကျင်းပတဲ့ (ICB)
(International Congress of Burma)၊ (Indiana) ပြည်နယ်မှာ ကျင်းပတဲ့
(Democracy for Burma) ညီလာခံ (၂)ကြိမ်၊ တက်ရောက်ခဲ့ပါတယ်။
မိမိအမေရိကန် နိုင်ငံသားဖြစ်ပြီး နောက်ပိုင်း အသက်အရွယ်ရလာပြီး စစ်တိုက်ဘို့
အခွင့်မသာတော့လို့ စစ်ရေးမှာ မစွမ်းဆောင်နိုင်တော့လို့ မီနီဆိုးတားနဲ့ အခြားပြည်နယ်
တွေက
မျိုးချစ်များရဲ့ ပံ့ပိုးမှုနဲ့ (၂၀၀၈ မှ ၂၀၁၄) ခုနှစ်များအတွင်း
အမိကရင်ပြည်ကို ပြန်ပြီး အမျိုးသားအတွက် (အုပ်တချက်-သဲတပွင့်) တတ်အားသမျှ
ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။
ကျနော့(ဖခင်) (မန်းဘဇန်) ပေးခဲ့တဲ့ (Legacy) (အမွေ) ဖြစ်တဲ့ (ပြည်သူကို အလုပ်
ကြွးပြုကြ) (Serve the People) လမ်းညွန်သဘွယ် ဆုတ်ကိုင်ပြီး (မမောနိုင်-မပန်းနိုင်)
(တက်တက်ကြွကြွ) လုပ်ဆောင်ခဲ့လို့- ကျနော့လူ့ဘ၀မှာ နိုင်ငံခြားကပေးတဲ့(ဆု) ရရှိခဲ့
တာပါ။
မှတ်ချက်-
ကျနော်
(ကော်သူးလေ နိုင်ငံသားဖြစ်သလို အမေရိကန်နိုင်ငံသားလည်း ဖြစ်ပါတယ်။
ကရင်ပြည်ရတဲ့နေ့ဟာ အမေရိကန်နိုင်ငံသားအဖြစ် စွန့်လွတ်လိုက်တဲ့နေ့လည်း
ဖြစ်ပါတယ်)။
ဒီဆုဟာ တကယ်တော့ ကျနော့ကို ပေးတာမဟုတ်ပါဘူး။ ကရင်နဲ့
ကရင့်တော်လှန်ရေးကို အသိအမှတ်ပြုတဲ့ ဆုဖြစ်ပါတယ်။ နိုင်ငံတကာရောက်
ကျနော်တို့ ကရင်ညီကို
မောင်နှမတွေကို တင်ပြလိုတယ်။ မိမိရောက်ရှိရာ တိုင်းပြည်တိုင်းမှာ (ဆု) တွေ ရရှိအောင်
လုပ်ကြပါ။ (ဆု) တွေရရှိတာဟာ ကရင်ကို ကမ္ဘာက သိအောင် လုပ်တဲ့(သွေး) မထွက်တဲ့
တော်လှန်ရေးလုပ်တာ ဖြစ်ပါတယ်။
ဧရာဝတီမြစ်ဝကျွန်းပေါ်တိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊
ရှမ်းပြည်တောင်ပိုင်း၊ ထိုင်းနိုင်ငံက ကရင်အမျိုးသားတိုင်း (ကရင်ဟာ ရိုးသားတယ်၊ သစ္စာ
ရှိတယ်၊
ဖြောင့်မတ်တယ်၊ ရဲရင့်တယ်၊ အမှန်တရားကို တွယ်တာတယ်၊ ငြိမ်းချမ်းရေးကို
ချစ်မြတ်နိုးတယ်) ဆိုတာကို လုပ်ပြကြရမယ်။ ဒီကောင်းမွေတွေဟာ
ရှေးကရင်ဘိုးဘွားတွေ
ထားခဲ့ပေးတဲ့ အမွေတွေ ဖြစ်လို့ ဆက်လက် ထိန်းသိမ်း ကာကွယ်ကြမယ်။
ဖူးထော့မဲပါ သား-သမီးတိုင်း (ကရင်ပြည်နဲ့ ကရင့်လွတ်လပ်ရေး) မရမချင်း မိမိ
ရောက်ရာအရပ်က (နည်းလမ်းပေါင်းစုံ) နဲ့ ပြည်တွင်း-ပြည်ပ) က ကရင်တိုင်း ဟန်ချက်ညီ
တိုက်ပွဲဝင် လုပ်ဆောင်ကြပါလို့ ပန်ကြးရင်း နိဂုံးချုပ် အပ်ပါတယ်။
(သခင်ခရစ်တော်၊ မြတ်ဗုဒ္ဓနဲ့ အလာရှင်မြတ်တို့ ကရင်တမျိုးသားလုံးကို ကောင်းကြီးမင်္ဂလာ သွန်းလောင်းပါစေ)
ကရင်တမျိုးသားလုံးရဲ့ အစေခံ၊ (Servant of Karen People)
မန်းရောဘတ် ဘဇန်၊
စိန်ပေါမြို့၊ မီနီဆိုးတားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု။
ဇွန်လ-(၁၀) ရက်၊၂၀၁၅ ခုနှစ်။
Showing posts with label news. Show all posts
Showing posts with label news. Show all posts
Saturday, 13 June 2015
Wednesday, 4 April 2012
Tuesday, 13 December 2011
Saturday, 18 December 2010
မန်းရောဘတ် ဘဇန် မှ ဆရာတီးမသေ သို့ပေးစာ

ဆရာ…
စာရေးလိုက်ပါတယ်။ ရေးဘို့ လိုအပ်လာပြီဖြစ်လို့ပါ၊ မြန်မာနဲ့ ကရင် သတင်းမီဒီယာ (Website နဲ့ Blog) တွေကနေ နိုဝင်ဘာလ (၃၀) ရက်နေ့က ဆရာနဲ့ ဗိုလ်မှူးချုပ် စောထင်မောင်တို့ ဦးစီးတဲ့ (KNU-KNLA) အဖွဲ့က ရဲဘော် (၆) ယောက်ကို လူမဆန်စွာ ရက် ရက်စက်စက် ဒါးနဲ့ခုတ်သတ်၊ မီးရှို့ခံလိုက်ရတဲ့ သတင်းနဲ့ဓါတ်ပုံတွေ ဘတ်ရှုတွေ့မြင် လိုက်ရတဲ့အတွက် စိတ်မကောင်းခြင်းဖြစ်ရသလို ဒေါသလည်းထွက်ရပါတယ်။ ကျနော့ သွေးသားထဲက တူသားတွေ လူမဆန်စွာအသတ်ခံလိုက်ရတယ်လို့ ခံစားရပါတယ်၊ ကျနော့လိုပဲ ပြည်တွင်းနဲ့ နိုင်ငံတကာရောက် ကရင်တမျိုးသားလုံးလည်း ကြေကွဲစွာခံ စားရသလို လူစိတ်ရှိတဲ့ လူပီသတဲ့ ဗမာညီကိုမောင်နှမများနဲ့ လူမျိုးစုံပြည်သူတွေလည်း ခံစားရမယ်လို့ ယူဆပါတယ်။
ကျနော့အတွေးအခေါ်ထဲမှာ (ဗမာ့တပ်မတော် စစ်စည်းကမ်းဥပဒေထဲမှာ စစ်သုံ့ပန်းတွေ ကို ဘယ်လိုပြုမူဆက်ဆံရမယ်၊ စစ်နဲ့မသက်ဆိုင်တဲ့မှီခိုသူ အမျိုးသမီး၊ ခလေး၊ သက်ကြီး ရွယ်အို) တွေကို ဘယ်လိုဆက်ဆံပြုမူရမယ်ဆိုတာ မပါလို့၊ မသိလို့၊ စစ်တက္ကသိုလ်တွေ မှာ မသင်ရလို့ ဒီလို လူမဆန်တဲ့ လူသတ်မှုမျိုးကိုကျူးလွန်လိုက်တာလား လို့ တွေးခေါ် မိတယ်။
ခုဖြစ်စဉ်က စစ်မြေပြင်မှာ ဖမ်းမိတာ မဟုတ်ဘူး။ စစ်သုံ့ပန်းတွေမဟုတ်ဘူး၊ နအဖ နဲ့ ငြိမ်းချမ်းရေးယူထားတဲ့၊ အပစ်အခတ်ရပ်ထားတဲ့၊ အေးအေးဆေးဆေးနေတဲ့ တပ်ကိုတ မင်သက်သက် လာရောက်အနိုင်ကျင့်၊ ဗိုလ်ကျစော်ကား ဖမ်းဆီးပြီး ဒါးနဲ့ထိုး၊ မီးရှို့အစ ဖျောက်လိုက်တဲ့ လူသတ်မှုသက်သက်ဖြစ်တယ် လူမဆန်တဲ့၊ တပ်မတော်မပီသတဲ့ ဓါးပြ လုပ်ရပ်ဖြစ်တယ်။ ဒီလိုလူမဆန်တဲ့လုပ်ရပ်မျိုးကို တစိုက်မှတ်မှတ်လုပ်လာတဲ့ ရန်သူရဲ့ လူတန်းစား လက္ခဏာကိုသိထားသင့်တယ်။
ဒီရန်သူဟာ...
(၁) မဟာဗမာလူမျိုးကြီးဝါဒီတွေဖြစ်တယ်။
(၂) ဖက်ဆစ်တွေဖြစ်တယ်။
(၃) နိုင်ငံတော်လက်ဝါးကြီးအုပ်ဓနရှင်တွေဖြစ်တယ်လို့ သတ်မှတ်တယ်၊
(၁) နအဖ ဟာ မဟာဗမာလူမျိုးကြီးဝါဒီတွေဖြစ်တယ်
နအဖတွေဦးဆောင်ဖွဲ့စည်းထားတဲ့ ဗမာ့တပ်မတော်ဟာ ဗမာ (၉၉) ရာခိုင်နှုံးနဲ့ ဖွဲ့စည်း ထားတဲ့ စစ်အုပ်စုဖြစ်တယ်။ ကျန်တဲ့လူမျိုးတွေကို လူတွေလို့သဘောမထားတဲ့၊ သူတို့ သာလျှင် ကြီးမြတ်တယ်။ အုပ်ချုပ်သူတွေဖြစ်တယ်။ မင်းမျိုးတွေဖြစ်တယ်၊ ကျန်လူမျိုး တွေဟာ ကျွန်မျိုး၊ အရိုင်းအစိုင်းတွေလို့ သဘောထားတယ်။
ငါတို့သာလျှင် တိုင်းပြည်ရဲ့ ကယ်တင်ရှင်တွေ၊ နိုင်ငံတော်ရဲ့ လေထု၊ ရေပြင်နဲ့ ကုန်းပိုင်း
ကို ငါတို့ပိုင်တယ်။ ငါတို့မှာ ခေတ်မှီလက်နက်တွေတပ်ဆင်ထားတဲ့ တပ်မတော်ကြီး ရှိ တယ်။ ငါတို့ဟာ စတုတ္တဗမာနိုင်ငံတော်ကို တည်ထောင်နေတဲ့သန်းရွှေ မင်းဆက် ဖြစ် တယ်လို့ ခံယူနေသူ။ ဘ၀င်မြင့် စိတ်ကြီးဝင်နေသူ ဖြစ်တယ်။
ဒါကြောင့် ဒီအုပ်စုဟာလက်နက်အားကိုးတဲ့၊ တဗိုလ်တမင်း၊ ငါ့မင်းငါ့ချင်း စစ်အာဏာရှင် မဟာဗမာဖက်ဆစ်တွေဖြစ်တယ်လို့ သတ်မှတ်တယ်၊ ဒီအုပ်စုကို အမိမြေက အပြတ်ဖယ် ရှားဖြစ်ရမဲ့၊ နောက်ဆုံးစစ်ခုံရုံးတင်ပြီး ကြိုးပေးသတ်ပစ်ရမဲ့ အုပ်စုဖြစ်တယ်၊ ဒီလိုအုပ်စု ကိုမှ (ရွှေသမင်) ထင်ပြီး ကိုးကွယ်မိတော့ အပစ်မဲ့ ရဲဘော် ၆ ယောက် လူစိတ်ကင်းမဲ့စွာ အချောင် အသတ်ခံလိုက်ရတာဟာ ဆရာတို့မှာ လုံးဝ တာဝန်ရှိတယ်။
ဒီလုပ်ရပ်ဟာ နအဖ နဲ့ဆရာတို့ ငြိမ်းချမ်းရေးရယူမိခဲ့တဲ့ ငြိမ်းချမ်း ဆုလာဒ်နဲ့ နအဖက ပေးတဲ့ ကောင်းကြီးမင်္ဂလာ တပါးပေါ့ ဒါဟာ ပဋ္ဌမအဆင့်ပဲရှိသေးတယ်။ နောင်ဆက် တိုက်လာမဲ့ နအဖရဲ့ငြိမ်းချမ်းရေးဆုလာဒ် တသီကြီးရှိပါသေးတယ်။ ကျနော်တို့စောင့် ကြည့်နေပါတယ်။
(၂) နအဖဟာ ဖက်ဆစ်တွေဖြစ်တယ်
နအဖဟာ ဖက်ဆစ်တွေဖြစ်တယ်ဆိုတာ မတရားစွပ်စွဲတာမဟုတ်ဘူး၊ နှစ်ပေါင်း (၆၀) ကျော်ပြည်တွင်းစစ်က သက်သေပြနေပါတယ်၊ ကရင်ပြည်ထဲ ကျူးကျော်ဝင်ရောက်လာ ပြီးဆိုရင် ဖက်ဆစ်ဂျပန်တွေထက်ဆိုးတဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို လုပ်တယ်၊ ရွာတွေ မီးရှို့တယ်၊ ရွာပေါင်း (၅) ထောင်ကျော်မီးရှို့ခံလိုက်ရပြီးဖြစ်တယ်။ ကရင့်သမီးပျိုးတွေ ကို မုဒိန်း ကျင့်တယ်။ အများစုအုပ်စုလိုက် မုဒိန်းကျင့်ပြီးသတ်ပစ်တယ်၊ စာသင်ကျောင်း၊ ဘုရားကျောင်းတွေ မီးရှို့တယ်၊ လမ်းမှာတွေ့တဲ့ဘယ်သူ့ကိုမဆို ပစ်သတ်တယ်။ လူတွေ ကိုပေါ်တာဆွဲတယ်၊ မနိုင်ဝန်တွေထမ်းခိုင်တယ်၊ ကရင်ပြည်သူတွေ ပိုင်ဆိုင်တဲ့ ကြက်၊ ဘဲ၊ ၀က်၊ ကျွဲ၊ နွားအိမ်မွေးတိရိစ္ဆာန်တွေကို ခိုးဝက်စားသောက်ကြတယ်။ လူထုတောင် ယာ၊ ဥယာဉ်၊ ခြံတွေကိုဖျက်ဆီးတယ်၊ မိုက်ကြေးခွဲ ဓါးပြတိုက်တယ်။
ဒါတွေဟာ ဖက်ဆစ်တွေရဲ့ လုပ်နည်းကိုင်နည်းတွေဖြစ်တယ်။
ဖက်ဆစ်ဂျပန်တွေဆီက စစ်ပညာအပြည့်အ၀ သင်ကြားခဲ့တာဖြစ်တယ်။ ဒါကြောင့် နအဖ တွေကို ဖက်ဆစ်တွေလို့ သတ်မှတ်ရတာဖြစ်တယ်။ ဒီ နအဖဖက်ဆစ်တွေဟာ ပြည်သူလူထုအတွက် ကောင်းတာဘာတခုလုပ်ခဲ့လို့လဲ .. ဆရာ၊ ဒါတွေကို ဆရာနဲ့ တပ်မဟာ (၇) က တပ်မှူးဟောင်းတွေသိကြပါတယ်။ သိရက်နဲ့ ဘာကြောင့် ဒီလိုစစ် အုပ်စုဖက်ဆစ်တွေနဲ့ နားလည်မှုယူကြရတာလဲဗျာ…
ဆရာတို့ ခုထိ ခေါင်းဆောင်ကြီးစောဘဦးကြီးရဲ့ တော်လှန်တဲ့ သစ္စာတရား ၄ ပါး သို့မ ဟုတ် မူ ၄ ချက်ကို ဆက်လက်ကိုင်စွဲထားတုန်းပဲလား၊
ဒီဖက်ဆစ်တွေဆီက ကျနော်တို့လိုလားတဲ့ ကရင်ပြည်တောင်းလို့ရမယ်လို့ ဆရာတို့ထင် ထားသလား၊ လုံးဝ မရနိုင်ဘူးဆရာ။ ကရင်ပြည်မပြောနဲ့ (တခရိုင်)။ တမြို့နယ်တောင်အုပ်ချုပ်ခွင့်မရနိုင်ဘူး၊ ထိုကော့ကိုး လို နေရာကွက်ကွက်ကလေးမှာ နေခွင့်ပေးမယ်၊ မသေရုံတမယ် ကားပါမစ် လေးချပေးမယ်၊ နောက်ဆုံး ဖက်ဆစ်တွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဆရာတို့အဖွဲ့ကို လက်နက်ဖြုတ်ဘို့ နယ်ခြားစောင့်တပ် ခေါင်းစဉ် အောက်မှာ လက်နက်တွေ သိမ်းယူလိုက်မှာဖြစ်တယ်၊ မယုံမရှိနဲ့ဆရာ။ ကြာကြာမစောင့် ရပါဘူး။ လပိုင်းလောက်စောင့်ကြည့်ပါ။
ဖက်ဆစ်တွေနဲ့ ဆရာတို့ရေရှည်ပေါင်းလို့ မရနိုင်ဘူးဆရာ၊ သူတို့ခိုင်းတဲ့ နယ်ခြားစောင့် တပ် မလုပ်ဘူးဆိုရင် ဆရာတို့ ဘာဆက်လုပ်မှာလဲ၊ လက်နက်ချမလား၊ အညံ့ခံမလား၊ နအဖ ဆက်ဆစ်တွေကို ဦီးညွတ်အလေးပြုမလား။ တပ်မင်းဗိုလ်မှူးချုပ် လင်းထင် လို အသတ်ခံမလား၊ (KRC) (Karen Revolutionary Council) က ဖါးတီ မူးဆိုးကော် ကစာ စောဟန်တာသာမွှေးလို ပညာရေးအထူးအရာရှိအဆင့်နဲ့ပဲ ဘ၀နိဂုံးချုပ်ခဲ့ရတာ ဆရာမှတ်မိပါလိမ့်မယ်ထင်ပါတယ်၊ သူ မဆုံးမီ ကျနော့် အဖေကို အမှာစကားပါးခဲ့သေး တယ်၊ မန်းဘဇန်ကိုပြောလိုက်ပါတဲ့ ကျနော်မှားသွားပြီးတဲ့၊ ဆရာနဲ့ တပ်မဟာ (၇) က တပ်မှူးဟောင်းတွေ ခုလက်ရှိ တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် သူရစောဂျော်နီ ကို ပြော လိုက်ပါ၊ ကျနော်တို့မှာသွားပြီးလို့ ပြောလာမဲ့စကားကို ကျနော်မကြားချင်ဘူးဆရာ ကျနော် အကြားချင်ဆုံးစကားကတော့ အတွင်းစည်းရောက်နေတဲ့ ငါတို့ တပ်တွေက နအဖ ဖက်ဆစ်တွေရဲ့ စခန်းကြီးတခုကိုသိမ်းလိုက်ပြီး ဆိုတဲ့ (Message) ပဲ ဆရာ၊ ဆရာတို့ ရွေးစရာလမ်းကတော့ ဒေါ်စု ဖေဖေ မိန့်ကြားခဲ့သလို လွတ်လပ်ရေးကို တောင်း လို့ ရရင်ရ မရရင်ချ ဆိုတဲ့ စကားကို လက်တွေ့ အကောင်အထည်ဖေါ်ပါ ဆရာ၊ ဒီ နအဖ ဖက်ဆစ်တွေ ကျနော်တို့လိုချင်တဲ့ ကရင်ပြည် ဘယ်တော့မှ မပေးဘူး။ ဒီကောင်တွေက ရင်ပြည်ပေးလာမယ်လို့ ဘယ်တော့မှစိတ်ကူးမယဉ်နဲ့ ဆိုတာ လက်နက်အဖြုပ်မခံရခင် သတိပေးလိုက်တာပါ၊
(၃) နအဖတွေဟာ နိုင်ငံတော်လက်ဝါးကြီးအုပ် ဓနရှင်တွေ ဖြစ်တယ်
နအဖတွေကို နိုင်ငံတော်လက်ဝါးကြီးအုပ် ဓနရှင်လို့ သတ်မှတ်ရတာက နိုင်ငံတော်အာ ဏာကို သေနတ်တွေရယူထားပြီး နိုင်ငံတော်ရဲ့ သယံဇာတ အားလုံးကို လက်ဝါးကြီးအုပ် ပြီး စစ်အုပ်စုရဲ့ မျိုးနွယ်စုတွေအတွက်လုပ်ကိုင်နေလို့ သတ်မှတ်ရတာဖြစ်တယ်။
နိုင်ငံတော်မှာ ဒီမိုကရေစီမရှိဘူး၊ တရားမျှတမှုမရှိဘူး၊ တန်းတူမှုမရှိဘူး၊ ဥပဒေ စိုးမိုးမှု မရှိဘူး၊ လူမျိုးတွေရဲ့ ရပိုင်ခွင့်မရှိသလို ပြည်သူတွေရဲ့ ရပိုင်ခွင့် အားလုံးဆုံးရှုံးနေပြီး ဖြစ် တယ်။ အထက်ပါအချက် ၃ ချက်နဲ့ အနည်းဆုံးပြည့် နေလို့ နအဖ ကို မဟာဗမာ လူမျိုး ကြီးဝါဒီ၊ ဖက်ဆစ်စစ်အာဏာရှင် နိုင်ငံတော်လက်ဝါးကြီးအုပ် ဓနရှင်လို့ သတ်မှတ်လိုက် တာဖြစ်တယ်။
ဆရာ…
နောက်ဆုံး ပြောလိုတာက ကျဆုံးသွားတဲ့ ရဲဘော် ၆ ယောက်အတွက် ကျနော်တို့ ၀မ်းနည်း ယူကြုံးမရ ဖြစ်ရပါတယ်၊ သေနတ်ကိုင်ထားတာ ကရင်ပြည်သူ့အကျိုးစီးပွားကို ကာကွယ်ယုံမကဘူး၊ တိုင်းပြည်တ၀ှန်းလုံးရှိ လူမျိုးစုံပြည်သူတရပ်လုံးရဲ့ အသက် အိုး အိမ်စည်းစိမ်ကိုကာကွယ်ဘို့ပါ တာဝန်ရှိတယ်။ တပြည်လုံးကို မကာကွယ်သေးမီ မိမိတို့ အဖွဲ့၏ အသက်လုံခြုံမှုကို အရင်ဆုံးလုပ်ဆောင်ပါ၊ ရှိပီးသား လက်နက်တွေကို ကျစ်ကျစ် ဆုတ်ထားပါ၊ ကရင်အချင်းချင်းသွေးမြေကျ မဖြစ်အောင် စောင့်ထိမ်းပါ၊ ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ သြ၀ါဒကိုမြေ၀ယ်မကျ စွဲကိုင်ပါလို့မှာကြားရင်း နိဂုံးချုပ်ခွင့်ပြုပါ။
မန်းရောဘတ် ဘဇန်
ဒီဇင်ဘာလ (၁၅) ရက်-၂၀၁၀၊
Subscribe to:
Posts (Atom)


