၁။ လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။


အှ်ဆံင်းလာ.ဆါ် ကိုဝ်.ဟှာဍေ။


Saturday, 13 June 2015

ကျနော် နဲ့ (CAPM)

(မန်းရောဘတ် ဘဇန်)

၂၀၁၅ ခုနှစ်၊ မေလ-(၈) ရက်နေ့။ အကြိမ် (၃၀) မြောက် (အာရှ-ပစိပိတ် မီနီဆိုတား ကောင်စီ) ညစာစားပွဲ။

ကျနော်၊ မန်းလှထွန်းဦး၊ နိုင်မျိုးဝင်းနှင့် စောနစ်ကီတို့ Council of Asian Pacific Minnesotan (CAPM) က ကျနော့ကိုပေးသော (Humanitarian Award) ဆုယူရန် စောနစ်ကီ မောင်းသော ကားနဲ့ ထွက်သွားကြတယ်။ ထိုညစာစားပွဲမှာ ဆုအမျိုးအစား (၃) မျိုးပေးတယ်။ ၄င်းတို့မှာ- (Outstanding Contribution Award, Humanitarian Award and Lifetime Service Award) တို့ဖြစ်ပြီး ကျနော် ရရှိသောဆုမှာ (Humanitarian Award) ဆုဖြစ်တယ်။

ဒီည-မီနီဆိုးတားရောက် ကရင်ကွန်မြူနီတီ မီနီဆိုးတား (KCM)၊ အစိုးရ အသိအမှတ်ပြု - ထောက်ပံ့ရေးရ ကရင်အဖွဲ့ဖြစ်သည့် (Non-Profit Organization) (KOM) (Karen Organization Of Minnesota) မှ ကရင်ခေါင်းဆောင်များ၊ ကရင်လူငယ်နှင့် အမျိုးသမီးအဖွဲ့များမှ ခေါင်းဆောင်များ (၃၀) နီးပါး တက်ရောက်ကြတယ်။


ဒီည စာစားပွဲမှာ - မြို့တော်ဝန်များ (Mayor)၊ ပြည်ထောင်စုနဲ့ ပြည်နယ် (လွတ်တော်) အမတ်များ၊ အစိုးရ ဌာနများမှ အရာရှိများ၊ ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များ၊ လက်ထောက် စစ်ရေးချုပ် - မီနီဆိုတား အမျိုးသား လုံခြုံရေးတပ် (လေ)၊ (Minnesota National Guard-Air) မှ အရာရှိ၊ ရဲအရာရှိများ၊ လူမှုအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များ စုစုပေါင်း (၅၀၀) နီးပါး တက်ရောက်ကြတယ်။

ကျနော် ဘာကြောင့် မီနီဆိုးတားပြည်နယ်က ပေးတဲ့ ဒီ (Humanitarian Award) ဆုရရှိရသလဲ ဆိုတာကို အပြန်ပြန် အလှန်လှန် စဉ်းစားတယ်။ အမေရိကန် ပြည်ထောင်စုကို ရောက်ပြီး (၁၅) နှစ်ပြည့် ခါနီးမှ ဒီလိုဆုမျိးကို ရရှိတာ ဖြစ်တယ်။ ကျနော် ဘာတွေ လုပ်ခဲ့လို့ ဒီ (Humanitarian Award) (လူသား အကျိုးပြု) ဆု ပေးတာလဲ မေးခွန်းထုတ်မိတယ်။

လူသားတဦး အနေနဲ့ ဒီလို ဆုမျိုးရတာ ၀မ်းသာမိတာတော့ အမှန်၊ သို့သော် ဒီဆုနဲ့ ကျနော်ထိုက်တန်ရဲ့လား? လို့ ပြန်စဉ်းစားတော့ - မင်းဘာတွေ လုပ်ခဲ့လို့ ဒီလိုဆုမျိုးလတာလဲ?-

ပဌမဆုံး - မီနီဆိုတားပြည်နယ် - စိန်ပေါမြို့ကို ၂၀၀၀ ခုနှစ်မှာ စရောက်တော့ သူများ တိုင်းပြည်မှာ (ဘ၀သစ်) ပြန်စရတယ်။ အားလုံး အသစ်တွေဘဲ။ မိမိ လူလားမြောက် ကတည်းက ပညာ တပိုင်းတစနဲ့ ကရင့် လက်နက်ကိုင် တော်လှန်ရေးသမားတဦး ဖြစ်လာတယ်။



စစ်ရေး၊ နိုင်ငံရေးနဲ့ စည်းရုံးရေးလုပ်ငန်းတွေ အတွက် မိမိ ဖခင်နဲ့ ခေါင်းဆောင်များ
ပေးခဲ့တဲ့ ပညာများသာ ရရှိခဲ့တယ်။ တော်လှန်ရေးအတွက် အကျိုးရှိတဲ့ ဘာသာရပ်တွေ
ဖြစ်တယ်။ ခေတ်မှီတိုးတက်တဲ့ အမေရိကန်လို နိုင်ငံမှာ ကျနော် တတ်ခဲ့တဲ့ (ဘာသာ) ရပ်
အားလုံး အံဝင်ဂွင် မကျပါ။ (စစ်မတိုက်ရပါ၊ ကရင် လူထုကြီးကို စည်းရုံးရေးနဲ့ (လူထု အကျိုးပြု) လုပ်ငန်း (Serve the People) မလုပ်ရပါ။ အသက်ရှင် ရပ်တည်ရေးအတွက် အလုပ်ရုံ-စက်ရုံတွေမှာ မတ်တတ်ရပ်ပြီး (၈)နာရီ အချိန်ပြည့် အလုပ်လုပ်ရတယ်။ အမေရိကန်ကို ရောက်တဲ့ ကရင် အများစုရဲ့ ဘ၀တွေပါ။

အမေရိကန်ကို မလာခင် ကရင့်တော်လှန်ရေးကို စစ်တမ်း ထုတ်ကြည့်လိုက်တော့- ဒီအတိုင်း ဆိုရင် ကရင့်တော်လှန်ရေးဟာ အထွေထွေ ခံစစ်ဘ၀နဲ့ လုံးပါးပါးပြီး အချေမှုန်း ခံရဘို့ ရှိတယ်။ အချေမှုန်း မခံရဘို့ ကရင့်တော်လှန်ရေးကို အထောက်အကူပြုမဲ့ (ကျားကန်ပေးမဲ့ (အခြားနည်းလမ်း) တွေရှိရမယ်။ ရှာရမယ်လို့ ဆုံးဖြတ်ပြီး အမေရိကန်ကို လာရေး ဖြစ်လာတယ်။

မိမိရဲဘော်ရဲဘက်တွေကို ခွဲခွာ - ထားခဲ့ပြီး နိုင်ငံခြားကို မသွားချင်ဘူး၊ မိမိ (မိဘ)၊ ညီကို - ရဲဘော်ရဲဘက်တွေ ကျဆုံးရာ အမိ ကရင်ပြည်ကို မစွန့်ခွာချင်ဘူး၊ သို့သော် သွားရမယ်။ သိန်းကျော် ရှိနေတဲ့၊ အနာဂါတ်မဲ့နေတဲ့ ဒုက္ခသည်စခန်းက (ကရင်) တွေရဲ့ ဘ၀သစ်နဲ့ မျိုးဆက်သစ်တွေရဲ့ ပညာရေးနဲ့ ဘ၀ တိုးတက်ရေး အတွက်သွားကို သွားရ မယ်။ ဒီလို အမေရိကန်ကို လာတဲ့ အကျိုးဆက်ကြောင့် နိုင်ငံတကာရောက် ကရင်တွေ ဟာ ကရင့်တော်လှန်ရေးရဲ့ (ဒုတိယ) အင်အားစု ဖြစ်လာတယ်။ ကရင့်တော်လှန်ရေးက လိုအပ်နေတဲ့ နိုင်ငံတကာ တက္ကသိုလ်ကြီးတွေက (ဘွဲ့)ရ ကရင်ပညာတတ် (လူသား အရင်းအမြစ်) နဲ့ (ငွေကြေး) အထောက်အပံ့ တစုံတရာ ရနိုင်တဲ့လမ်းတွေ ပေါ်လာတယ်။

နိုင်ငံတကာကို သွားရောက်ခြင်းအားဖြင့် အကျိုးတစုံတရာ ရှိလာတယ်။ (ပုဇွန်ဦးနှောက်) လောက် ခေါင်းမကြီးတဲ့ ခေါင်းဆောင်ဆိုသူ တချို့က နိုင်ငံခြားသွားတဲ့ ကောင်တွေ ဟာ (သစ္စာ) ဖေါက်လို့ ပြောခဲ့တယ်။ တတိယနိုင်ငံကိုသွားရင်-

-ရန်သူကို ကြောက်လို့၊ စစ်မတိုက်ရဲတော့လို့ ထွက်ပြေးတာလားလို့ အပြောခံရဘို့ ရှိတယ်။ မိမိရဲဘော်တွေကို ထားခဲ့ပြီး (ခံစစ်စခန်းနဲ့ ခရိုင်) က ထွက်ပြေး စွန့်ခွာခဲ့တဲ့ (စစ်ပြေးဝါဒ) မိမိစစ်သမိုင်းမှာ မရှိဘူး။ မိမိနဲ့ စစ်မြေပြင်မှာ အတူ တိုက်ခဲ့ဘူးတဲ့ (KNLA) နဲ့ (ABSDF) က ရဲဘော်တွေအပြင် နိုင်ငံခြား ရောက်နေတဲ့ ရဲဘော်တွေကို မေးကြည့်ရင် သိနိုင်ပါတယ်။

မှတ်ချက်၊ မိမိခံယူထားတာက - မသေမချင်း၊ ကရင်ပြည် မရမချင်း၊ ပြည်နယ်ပေါင်းစု ဖယ်ဒရယ် ပြည်ထောင်စု မတည်ဆောက် နိုင်မချင်း (လက်နက်ကိုင် တိုက်ပွဲနဲ့ လက်နက်မဲ့ တိုက်ပွဲ) နှစ်ရပ် ဟန်ချက်ညီ ပေါင်းစပ် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်။ နောင်ဘ၀ ရှိလို့ သေပြီး လူပြန်ဖြစ်လာရင် (ကရင်ပြည် မရသေးရင်) ရတဲ့အထိ တိုက်ဦးမယ်) လို့ ခံယူထားတယ်။

နိုင်ငံတကာကို ရောက်ခဲ့ရင် လုပ်ရမဲ့ လုပ်ငန်းစဉ် (မဟာဗျူဟာ) လုပ်ငန်းစဉ် (၃) ရပ်ကို ချမှတ်ခံတယ်။ အဲဒီအချက်တွေကတော့-

(၁)။ အနာဂါတ် ကရင် မျိုးဆက်သစ် ပညာတတ်တွေ ပေါ်ပေါက်ရေးအတွက် နည်းလမ်း ရှာရမယ်။ ကရင့် တော်လှန်ရေးကို လက်ဆင့်ကမ်း တာဝန်ပြန်ယူကြမဲ့ (Human Resources) (လူ့သား အရင်းအမြစ်) တွေ မွေးထုတ်ရမယ်။

(၂)။ ပြည်တွင်းနဲ့ ပြည်ပက ကရင် လူထုကြီးရဲ့ အားပေးထောက်ခံမှု ကမ္ဘာ့ပြည်သူတွေရဲ့ အားပေး ထောက်ခံမှုကို ရယူရမယ်။

(၃)။ နိုင်ငံတကာရောက် ကရင်များမှ ကရင့်တော်လှန်ရေးကို ပြန်ကူညီရမယ်။-လို့ --စဉ်းစားမိပြီး ဒီ (မဟာဗျူဟာ) (လုပ်ငန်းစဉ်) များ မှတ်ခဲ့တယ်။

ဒီလုပ်ငန်းစဉ်များ အတိုင်း မီနီဆိုးတားပြည်နယ်ရောက် ကရင်များကို စုစည်းပြီး (ကရင်ကွန်မြူနီတီ မီနီဆိုးတား) (KCM) (Karen Community of Minnesota) ကို ဦးဆောင် ဖွဲ့စည်းခဲ့တယ်။ (KCM) ရဲ့ အခြေခံစည်းမျဉ်း ဥပဒေ (Constitution) ကို ရေးဆွဲပေးတယ်။ ကရင်ကို ကမ္ဘာက သိရှိရေးအတွက် ကရင်နှစ်သစ်ကူးနေ့များ၊ ကရင့် အာဇာနည်နေ့များ၊ ကရင်အမျိုးသား ချည်ဖြူဖွဲ့နေ့များနဲ့ ကရင်အမျိုးသားနေ့များကို ဦးဆောင် ပါဝင် လုပ်ဆောင်ခဲ့တယ်။



(KOM) ဖြစ်မြောက်ရေး အတွက် (Karen Organization of Minnesota) ကို (VSS) Vietnamese Social Service of Minnesota) ရဲ့ အကူအညီနဲ့ (KOM) ရဲ့ (By Law) (အခြေခံဥပဒေ) ရေးဆွဲရာမှာ ပါဝင် ရေးဆွဲခဲ့တယ်။ ဒုက္ခသည် ကူညီရေးအဖွဲ့များ (Refugee Services) များဖြစ်တဲ့ - (World Relief), (Minnesota Council Churches), (Catholic Charity), (Lutheran Social Services), (International Institute of Minnesota) စတဲ့ အဖွဲ့အစည်းများနဲ့ ဆက်သွယ်ပြီး ထိုင်းနယ်စပ်မှာ ရှိတဲ့ ဒုက္ခသည်စခန်းက ကရင်တွေ အမေရိကန် ရောက်ရှိရေးအတွက် လုပ်ဆောင်တယ်။

ဒုက္ခသည်တွေ ရောက်လာရင် (နေရာချထားရေး၊ ကျမ္မာရေး၊ အစိုးရဌာနများရဲ့ အကူအညီ ရရှိရေး၊ လူငယ်-ခလေးတွေရဲ့ ပညာရေး၊ အလုပ်အကိုင် ရှာဖွေရေး၊ (ကားပါမစ်နဲ့ ကားမောင်း လိုင်စင်ရရှိရေး)၊ စတိုးဆိုင်များသွားပြီး ဈေးဝယ်ရေး၊ လူထု ပို့ဆောင်ရေး ကားလှိုင်း (Public Transportation) (Bus) စီးနည်းသင်ပေးရေး၊ အစရှိတဲ့ အလုပ်တွေကို ဟန်ချက်ညီ လုပ်နိုင်ဘို့ (KCM)ခေါင်းဆောင်များ၊ လူငယ်နဲ့ အမျိုးသမီးခေါင်းဆောင်များ ပါဝင်တဲ့ လုပ်ငန်းကော်မီတီကို ဖွဲ့စည်းပါတယ်။ ဒီလုပ်ငန်းကော်မီတီက အောက်ပါအဖွဲ့ခွဲ တွေကို ဖွဲ့စည်းလိုက်တယ်။

- လေယဉ်ကွင်းမှာ သွားရောက်ကြိုဆိုမဲ့ လုပ်ဆောင်ရေး (ကရင်လူငယ်အဖွဲ့)။

- အိမ် (Apartment) ကြိုတင် ငှားထားပြီး ရောက်လာရင် အသင့်နေနိင်ဘို့ အိမ်ငှားမဲ့အဖွဲ့။

- ရောက်လာတဲ့ လူများရဲ့ အိမ်ထဲ (ဆံ၊ ဆီ၊ ဆား၊ ငါးပိ၊ ငြုပ်၊ အသား၊ ငါး၊ နို့၊ ဟင်းသီးဟင်းရွက်များ ဝယ်ပြီး ထည့်ထားဘို့ လုပ်ဆောင်တဲ့ အမျိုးသမီးအဖွဲ့။

- (SSI Card) - (လူမှု လုံခြုံရေး လက်မှတ်)၊ လူမှု ထောက်ပံ့ရေး အကူအညီ (Welfare) ရရှိရေး ဆောင်ရွက်မှုအဖွဲ့။

- ကျောင်းနေနိုင်တဲ့ အရွယ် ကျောင်းထားရေး (Student Placement Center) ပို့ဆောင်ရေး လုပ်ဆောင်မှုအဖွဲ့။

-ကျမ္မာရေး စစ်ဆေး (Medical Screening) လုပ်ဆောင်မှုအဖွဲ့ စတဲ့ အဖွဲ့များ ဖွဲ့ပြီး (သွေးမထွက်တဲ့) (Bloodless Revolution) တော်လှန်ရေးကို မမော၊ မပန်း လက်ညီလက်ညီ လုပ်ဆောင်ခဲ့ကြလို့ (မီနီဆိုးတား) ပြည်နယ်မှာ (၁၅) နှစ်အတွင်း လူဦးရေ (၈,၆၀၀) ကျော်လာခဲ့ပြီး ဒီနှစ် ဒီပြည်နယ်မှာ အထက်တန်းအောင် (၁၃၆) ယောက်အထိ ရှိလာပြီး ဖြစ်တယ်။



မှတ်ချက်-
လူသစ်တွေ ရောက်လာရင် အဆင်သင့် နေနိုင်ဘို့ အဆောင် (Apartment) ငှားဘို့ အမှုဆောင်တဦး ဒေါ်လာ (၁၀၀) စုဆောင်းပြီး အဆောင်ငှားပေးတယ်။ အမှုဆောင်တွေကို ဘယ်လိုမှာထားသလဲဆိုတော့-

(ကရင်ပြည်မှာ ဒို့ရဲဘော်တွေ ချွေး-သွေး-အသက်တွေ ပေးပြီး တိုက်ပွဲဝင်နေတယ်။ ဒို့တတွေ (သွေးမထွက်တဲ့ တိုက်ပွဲ တိုက်ရမယ်၊ တိုက်နေတယ်) လို့ ခံယူ လုပ်ဆောင်ရမယ်။ ဒီကို ရောက်လာတဲ့ ဘယ်ကရင်မှ (Homeless) အိမ်မဲ့တွေ မရှိရဘူးလို့ ခံယူထားကြတယ်။ အညံ့ဆုံး ကရင်ဟာ အထက်တန်းအောင်ရမယ်။ (မဟာ ဗမာဗိုလ်ချုပ်တွေရဲ့ ပါးစပ်ပုတ်မှ ကရင်ကို နှိပ်ချပြောခဲ့တဲ့ (ကရင်သုံးယောက်ပေါင်း ဆယ်တန်းမအောင်ဘူး) ဆိုတဲ့ ပါးစပ်ပုတ်တွေကို ပိတ်ပစ်ရမယ်။

မိမိအိမ်မက်တခု မက်ခဲ့တယ်-

(နောင်နှစ်ပေါင်း (၅၀) မှ (၁၀၀) အတွင်း ရွေးကောက်ခံရမဲ့ အမေရိကန်ပြည်ထောင်စု (သမ္မတ) ဟာ (ကရင်) ဖြစ်တယ်ဆိုတဲ့ အိမ်မက်ဘဲ။

ဒီစကားကို ဆုယူတဲ့ အခမ်းအနားမှာ ကျနော် ပြောခဲ့ပါတယ်။ ကျနော် (CAPM) ကပေးတဲ့ ဆု နဲ့ မထိုက်တန်သေးပါဘူး၊ ဘာကြောင့်လဲ - (ကရင်ပြည် မရသေးလို့)၊ (ကရင့် လွတ်လပ်ရေး မရသေးလို့) ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု ရောက်ပြီး (၁၅)နှစ်အတွင်း - မီနီဆိုးတားပြည်နယ်တွင်မက အခြားပြည်နယ်များ ဖြစ်တဲ့ - နယူးရော့ပြည်နယ်က ယူတီကာမြို့ (Utica)၊ စာရာကယု (Syracuse)၊ ဘတ်ဖလို (Buffalo)၊ (Texas) ပြည်နယ်က (Austin) အော်စတင်၊ (Amarillo) (အမရေးလို)၊ (Ohio) ပြည်နယ်က (Akron)၊ (Washington) ပြည်နယ်က (Spokane) (စပို့ကင်း)၊ (Utah) ပြည်နယ်က (Salt Lake City) (ဆော့လိပ်စစ်တီ)၊ (Iowa) ပြည်နယ် (Storm Lake)၊ (Wisconsin) ပြည်နယ်က-(Milkwakee) (မယ်ဝါးခီး)၊ (Nebraska) ပြည် နယ်က (Lincoln) မြို့ ရှိ မျိုးချစ်ကရင်များရဲ့ ဖိတ်ကြားချက်အရ လူမှုရေးအဖွဲ့တွေ သွားဖွဲ့ပေးခဲ့ပါတယ်။
တဆက်ထဲ (ကနေဒါ) နိုင်ငံရှိ ကရင်လူမှုအဖွဲ့ (KCC) (Karen Canadian Community) က ခေါင်းဆောင်များရဲ့ ဖိတ်ကြားချက်အရ (Vancouva)၊ (Thundar Bay) မှာကျင်းပတဲ့ (KCC) ညီလာခံများမှာ ရွေးကောက်ပွဲ ကော်မရှင်များအဖြစ် သွားရောက် ကူညီလုပ်ဆောင် ပေးခဲ့ပါတယ်။

ကရင့်တော်လှန်ရေး အကျိုးပြုလုပ်ငန်းများ အပြင် ဒီမိုကရေစီရေး တိုက်ပွဲများတွင် ပါဝင် လုပ်ဆောင်ခဲ့ပါတယ်။ (Washington DC) မှာ ကျင်းပတဲ့(ဆန္ဒ)ပြပွဲ၊ (Vaginia) မှာ ကျင်းပတဲ့ (ICB) (International Congress of Burma)၊ (Indiana) ပြည်နယ်မှာ ကျင်းပတဲ့ (Democracy for Burma) ညီလာခံ (၂)ကြိမ်၊ တက်ရောက်ခဲ့ပါတယ်။ မိမိအမေရိကန် နိုင်ငံသားဖြစ်ပြီး နောက်ပိုင်း အသက်အရွယ်ရလာပြီး စစ်တိုက်ဘို့ အခွင့်မသာတော့လို့ စစ်ရေးမှာ မစွမ်းဆောင်နိုင်တော့လို့ မီနီဆိုးတားနဲ့ အခြားပြည်နယ် တွေက မျိုးချစ်များရဲ့ ပံ့ပိုးမှုနဲ့ (၂၀၀၈ မှ ၂၀၁၄) ခုနှစ်များအတွင်း အမိကရင်ပြည်ကို ပြန်ပြီး အမျိုးသားအတွက် (အုပ်တချက်-သဲတပွင့်) တတ်အားသမျှ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။

ကျနော့(ဖခင်) (မန်းဘဇန်) ပေးခဲ့တဲ့ (Legacy) (အမွေ) ဖြစ်တဲ့ (ပြည်သူကို အလုပ် ကြွးပြုကြ) (Serve the People) လမ်းညွန်သဘွယ် ဆုတ်ကိုင်ပြီး (မမောနိုင်-မပန်းနိုင်) (တက်တက်ကြွကြွ) လုပ်ဆောင်ခဲ့လို့- ကျနော့လူ့ဘ၀မှာ နိုင်ငံခြားကပေးတဲ့(ဆု) ရရှိခဲ့ တာပါ။

မှတ်ချက်-
ကျနော် (ကော်သူးလေ နိုင်ငံသားဖြစ်သလို အမေရိကန်နိုင်ငံသားလည်း ဖြစ်ပါတယ်။ ကရင်ပြည်ရတဲ့နေ့ဟာ အမေရိကန်နိုင်ငံသားအဖြစ် စွန့်လွတ်လိုက်တဲ့နေ့လည်း ဖြစ်ပါတယ်)။

ဒီဆုဟာ တကယ်တော့ ကျနော့ကို ပေးတာမဟုတ်ပါဘူး။ ကရင်နဲ့ ကရင့်တော်လှန်ရေးကို အသိအမှတ်ပြုတဲ့ ဆုဖြစ်ပါတယ်။ နိုင်ငံတကာရောက် ကျနော်တို့ ကရင်ညီကို မောင်နှမတွေကို တင်ပြလိုတယ်။ မိမိရောက်ရှိရာ တိုင်းပြည်တိုင်းမှာ (ဆု) တွေ ရရှိအောင် လုပ်ကြပါ။ (ဆု) တွေရရှိတာဟာ ကရင်ကို ကမ္ဘာက သိအောင် လုပ်တဲ့(သွေး) မထွက်တဲ့ တော်လှန်ရေးလုပ်တာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်တိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်း၊ ထိုင်းနိုင်ငံက ကရင်အမျိုးသားတိုင်း (ကရင်ဟာ ရိုးသားတယ်၊ သစ္စာ ရှိတယ်၊ ဖြောင့်မတ်တယ်၊ ရဲရင့်တယ်၊ အမှန်တရားကို တွယ်တာတယ်၊ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတယ်) ဆိုတာကို လုပ်ပြကြရမယ်။ ဒီကောင်းမွေတွေဟာ ရှေးကရင်ဘိုးဘွားတွေ ထားခဲ့ပေးတဲ့ အမွေတွေ ဖြစ်လို့ ဆက်လက် ထိန်းသိမ်း ကာကွယ်ကြမယ်။

ဖူးထော့မဲပါ သား-သမီးတိုင်း (ကရင်ပြည်နဲ့ ကရင့်လွတ်လပ်ရေး) မရမချင်း မိမိ ရောက်ရာအရပ်က (နည်းလမ်းပေါင်းစုံ) နဲ့ ပြည်တွင်း-ပြည်ပ) က ကရင်တိုင်း ဟန်ချက်ညီ တိုက်ပွဲဝင် လုပ်ဆောင်ကြပါလို့ ပန်ကြးရင်း နိဂုံးချုပ် အပ်ပါတယ်။

(သခင်ခရစ်တော်၊ မြတ်ဗုဒ္ဓနဲ့ အလာရှင်မြတ်တို့ ကရင်တမျိုးသားလုံးကို ကောင်းကြီးမင်္ဂလာ သွန်းလောင်းပါစေ)

ကရင်တမျိုးသားလုံးရဲ့ အစေခံ၊ (Servant of Karen People)
မန်းရောဘတ် ဘဇန်၊
စိန်ပေါမြို့၊ မီနီဆိုးတားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု။
ဇွန်လ-(၁၀) ရက်၊၂၀၁၅ ခုနှစ်။

Tuesday, 24 June 2014

တော်လှန်ရေးလား တန်ပြန်လား


စာရေးသူ၏ မေတ္တာ ရပ်ခံချက်

ဤစာစုသည် ဖဆပလ၊ ပထစ၊ မဆလနဲ့ နသတခေတ်တွေမှာ တော်လှန်ခဲ့သော သူရဲကောင်း စစ်သည်တော်တွေအတွင်း သေနတ်သံတစ်ချက်၊ စစ်မြေပြင်တရက်မှ မရောက်ဘူးဘဲ ပူးကပ်အခွင့်ထူးခံ ကိုယ်ကျိုးရှာပြီး ဆယ်စုနှစ် တော်တော်များများ ပါဝင်ခဲ့တယ်။ ရန်သူ့ မျိုးဖြုတ်သုတ်သင်ရေး ထိုးစစ်ကြီးတွေဆင်လာတဲ့ အခါမယ်အ လျှိုလျှိုငွေ ထုတ်ပိုက်ပြီး ရန်သူ့ခြေဖဝါးအောက် ဒူးထောက်လို့ ရောက်ခဲ့သူတွေ ရှိတယ်။ မျက်မှောက် နဝတ ခေတ်မှာ ဒီလို သစ္စာဖောက်လောက်ကောင်တွေ ဆက်လက် မပေါ်ပေါက်လာခြင်းငှာ သတိရှိရှိ စစ်သား မျက်စိဖြင့် ရေးသားလိုက်ရပါတယ်။ အကယ်၍များ ဤစာစုသည် တစ်စုံတစ်ဦးတစ်ယောက်ကို မရည်ရွယ်ပါဘဲ လေးစားရပါသော စာရှုသူများနှင့် ဆင်တူရိုးမားတဲ့ အဖြစ်မျိုး ရှိခဲ့ပါမူ များစွာဝမ်းနည်းရပါကြောင်း အနန္တမေတ္တာမွန်ဖြင့် ခွင့်ပန်အပ်ပါတယ်ခင်ဗျား။

မန်းရောဘဇန် (KSO)


တော်လှန်ရေးလား တန်ပြန်လား

သူငယ်ချင်း
တို့တတွေတပါတီငါ့မင်းငါ့ချင်း
စစ်အာဏာရှင် ကိုလိုနီပညာရေး
ဥခွံထဲကရုန်းထွက်ပြီး
အမျိုးသားလွတ်မြောက်ရေး
ဒီမိုကရေစီ လူ့အခွင့်အရေးအပြည့်အဝရရှိရေးနှင့်
ထာဝရငြိမ်းချမ်းရေးတို့အတွက်
တို့အသက်ကိုပူဇော်ဆက်ကပ်မယ်လို့
သန္ဓိဌာန်ခိုင်ခိုင်ချကာ
တော်လှန်သူတို့၏ ဘူမိနက်သံမြေကို
ခြေချလို့အရောက်လာခဲ့ကြတယ်။
အဲဒီတုန်းက 
တို့တတွေမှာ
အရပ်လွယ်အိတ်တစ်လုံး
တန်ဖိုး မကြီးတဲ့အင်္ကျီနှင့် ပုဆိုး 
ဖိနောက်က ပြတ်နေတဲ့ ခြေညှပ်ဖိနပ်
ဟောင်းနွမ်းနေပြီဖြစ်တဲ့ စောင်တထည်
ရှိစုမဲ့စု အမေပေးလိုက်တဲ့
တစ်ရာ သောအသပြာသာ
ပါခဲ့တယ်။
ပုဂ္ဂလိကပိုင်ဆိုင်မှု ရယ်လို့
ဘာတစ်ခုမှမရှိ
ဒါပေမဲ့
တို့တစ်တွေမှာ 
စွမ်းပကားကြီးမားတဲ့
မျိုးချစ်စိတ်၊ ပြည်ချစ်စိတ်
တော်လှန်ရေးစိတ်ဓာတ်တွေ
တင်းပြည့်ကျပ်ပြည့်လာပါတယ်
ဒီပိုင်ဆိုင်မှုတွေ ရင်ဝယ်ပိုက်ရင်း
တို့ချစ်တဲ့ အမေ၊ညီ၊ ညီမလေးတို့ကို
ခွဲခွာခဲ့ကြတယ်။

သူငယ်ချင်း
တော်လှန်သူတို့၏
ဘူမိနက်သံမြေကိုရောက်တော့
တို့တတွေအဲ့သြကြတယ်
ကမ္ဘာသစ်တစ်ခုကိုရောက်နေရသလိုဘဲ
ဂုဏ်ပကာသနတွေ 
အဆောင်အယောင်တွေ
အဆင့်အတန်းတွေဘာတစ်ခုမှမတွေရဘဲ
ဒီမိုကရေစီ ကမ္ဘာသစ်ကိုတည်ဆောက်နေတဲ့
တော်လှန်ရေးအိမ်ထောင်စုကြီးတခုလို
ပျော်စရာကောင်းလိုက်တာ
ဒီမိုကရေစီလူ့အခွင့်အရေး
အပြည်အဝရှိတယ်
လွတ်လပ်စွာ တွေး၊ ရေး၊ ဆွေးနွေးကြတယ်
အဆင့်ဆင့် ညီလာခံတွေ ကျင်းပပြီး
တိုင်းချစ်၊ ပြည်ချစ်
မျိုးချစ်တွေကို ရွေးကောက်တယ်။
ဒီမိုကရေစီလူ့အခွင့်ရေးကို
ကလောင်ကိုင် တိုက်မရတဲ့အဆုံး
နိုင်ငံတကာ တော်လှန်ရေးနိယာမ တရားတော်အရ
ဒီမိုကရေစီ ကမ္ဘာ၊ဒီမိုကရေစီလူ့ဘောင်သစ်သို့်
ချီတက်ရာမှာ 
အဟန့်အတား ဆူးညှောင့်ခလုတ်ကန်းသင်းတွေကို
ဖယ်ရှားရှင်းလင်းတဲ့
တခုတည်းသော နောက်ဆုံးလမ်းဟာ
လက်နက်ကိုင်တော်လှန်ရေးဖြစ်တယ်။
ဒီမိုကရေစီကမ္ဘာနဲ့ လူ့ဘောင်သစ်ကိုချီရာမှာ
စစ်အာဏာရူး ဘီလူးသဘက်တွေက
သေနတ်တွေနဲ့ စောင့်နေတယ်
သူတို့စိတ်ကြိုက်ရေးဆွဲတဲ့(ဥပဒေ)
အချုပ်ထောင်၊ ပုလိပ်တွေ၊ စစ်သားတွေနဲ့
တို့ကိုကြိုနေတယ်၊ ဟန့်တားနေတယ်
ဒီအဟန့်အတားတွေ ကျော်ဖြတ်ဖို့
စစ်တပ်ဆိုတာ 
လူတန်းစားတရပ်မဟုတ်ဘူး
အမျိုးသား ပြည်သူလူထုရဲ့
အသက် အိုးအိမ် စည်းစိမ်ကိုကာကွယ်တဲ့
အမျိုးသား ပြည်သူလူထုက……………..
ပေါက်ဖွားဆင်းသက်လာတဲ့
ချွေးနည်းစာနဲ့ ထောက်ပံ့ထားတဲ့
အရှင်သခင်တွေမဟုတ်တဲ့
အမျိုးသား ပြည်သူလူထုကို
အလုပ်အကျွေးပြုတဲ့
ပြည်သူအစေခံ၊ပြည်သူ့ကျေးကျွန်တွေသာဖြစ်တယ်။
ပြည်သူသာအမိ၊ပြည်သူသာအဖ ဆိုတဲ့
သစ္စာတရားကို
ဦးထိပ်ပန်ဆင်တဲ့
စစ်တပ်(တပ်မတော်)ကိုဖွဲ့စည်းကြတယ်။
တို့တပ်မတော်ဟာ
အမျိုးသားပြည်သူ့ရင်သွေးနဲ့
ဖွဲ့စည်းတည်ဆောက်တော့
အမျိုးသား ပြည်သူမရှိရင်
တို့တပ်မတော်မရှိဘူးဆိုတာ
ခိုင်မြဲစွာ မှတ်သားသင်ယူခဲ့တယ်။
ပြည်သူတွေ၊ အမျိုးသားတွေစားသလို၊
တို့စားတယ်၊ ဝတ်သလိုဝတ်တယ်၊နေသလိုနေတယ်
တပ်မတော်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်လို့
စည်းလုံးညီညွတ်မှုကိုရှေ့ရှုပြီး
တူညီဝတ်စုံကို 
အမျိုးသား ပြည်သူတွေရဲ့
နိုင်ငံတော်ကတပ်ဆင်တယ်
နှစ်စဉ်ထုတ်မပေးနိုင်ဘူး
လက်နက်တပ်ဆင်မှုကတော့မျိုးဘဲ
အမျိုးသား ပြည်သူတွေရဲ့
ရင်းကာဖြစ်တဲ့ ချွေးစာနဲ့
မှောင်ခိုသေနတ်ဈေးကွက်က ဝယ်တယ်
ရန်သူ့ဆီကတိုက်ယူတယ်
တို့ဆီမှာရှိကြတဲ့
စက်မှုအတတ်ပညာရှင်တွေက
ထုတ်လုပ်ကြ။
ဒီနည်းနဲ့ 
တို့တပ်မတော်ရဲ့ စက်ယန္တရားကို
လည်ပတ်တယ် 
လုံလောက်မှုမရှိသေးဘူး။
မဟာဗျူ ဟာအရ
ရန်သူကထိုးစစ်
တို့ကခံစစ်အရှေ့မှာဘဲရှိသေးတယ်
တို့စစ်သမိုင်းဟာနှစ်ပေါင်းလေးဆယ်ကျော်ခဲ့ပြီး။
ဒီနှစ်ပေါင်းလေးဆယ်ကျော်
ခုခံတော်လှန်စစ် သမိုင်းတလျှောက်
တို့ချစ်မြတ်နိုးတဲ့ ခေါင်းဆောင်းတွေနဲ့
သူရဲကောင်း စစ်သည်တော် အထောင်အသောင်းဖြစ်တဲ့
  • စောဘဦးကြီး
  • ဗိုလ်ချုပ်စိုင်းကေ
  • ဗိုလ်ချုပ်မင်းမောင်
  • စကောမောလေး
စတဲ့ ခေါင်းဆောင်ကြီးတွေ
  • ဗိုလ်မှူးကြီးဖန်းရှောင်
  • ဗိုလ်မှူးကြီးမြစိန်
  • ဒုတိယဗိုလ်မှူးကြီးချစ်တင်
  • ဒုတိယဗိုလ်မှူးကြီးသောင်းညွန့်
  • ဒုတိယဗိုလ်မှူးကြီးဂါးမင်း
  • ဒုတိယဗိုလ်မှူးကြီးဂျော်နီဖိုး
  • ဒုတိယဗိုလ်မှူးကြီးကျော်လှိုင် (မြပုခက်)
  • ဗိုလ်မှူးသန်းရှိန်
  • ဗိုလ်မှူးမောင်ဇန်
  • ဗိုလ်မှူးမောင်ချစ်
  • ဗိုလ်မှူးတူးတူး
  • ဗိုလ်မှူးကြီး ကြာဒိုး စတဲ့တပ်မှူး ကြီးတွေ
  • ဗိုလ်ကြီးချစ်မောင်လေး
  • ဗိုလ်ကြီးတာပီး
  • ဗိုလ်ချစ်ဧ
  • ဗိုလ်လှအောင်ချစ်
  • ဗိုလ်ဖားပယော်
  • ဗိုလ်သောထူး
  • ဒုဗိုလ်ထိုလွီဇန်
  • ဒုဗိုလ်မိုးအောင်ဝင်း
  • ဒုဗိုလ်မုတော
  • ဒုဗိုလ်မောင်ထွေး
  • ဒုဗိုလ်ကြောင်ကြွက်
  • ဒုဗိုလ်သာဂေး
  • ဒုဗိုလ်နိုင်နို်င်
  • တပ်ကြပ်ကြီးတင်ထွန်း
  • တပ်ကြပ်ပုချို
  • တပ်ကြပ်စောကဲ
  • တပ်သားကျော် မန်းမိုးကျော်ဇန်
  • တပ်သားကျော် ဘာဂျာမွတ်
စတဲ့ စတဲ့ စတဲ့ ......
အိုး   မြစ်ဝကျွန်းပေါ် ပဲခူးရိုးမနဲ့
အရှေ့ရိုးမ လောကတစ်ဝှမ်းလုံးက
သူရဲကောင်းစစ်သည်တော်
အာဇာနည်အထောင်အသောင်းဟာ
စစ်မြေပြင်မှာ ကျည်သင့်လို့
ဗိမ္မာန်တော်မှာကွန်းခိုလို့
ထာဝရ အနားယူကြပြီးဖြစ်တယ်။
အဲဒီဗိမ္မာန်တော်ကနေ
တို့ရဲဘော်တွေ
ပြည်သူအတွက် တိုက်ပွဲဝင်နေကြရဲ့လား
တို့ရဲဘော်တွေ
တော်လှန်သူတွေ ပီသရဲ့လား
ကိုယ်ကျိုးရှာအတ္တသမားတွေ
အချောင်သမားတွေ ဖြစ်ကုန်ပြီလား ဆိုတာကို
စိုက်ကြည်နေကြတယ်။
တော်လှန်ရေး သမိုင်းတရားခံ
ဘယ်သူတွေဖြစ်နေကြသလဲ ဆိုတာကို
စောင့်ကြည့်နေကြတယ်။


သူငယ်ချင်း
တို့ရဲဘော်သူရဲကောင်းစစ်သည်တော်
အထောင်အသောင်းဟာ
အမွန်မြတ်ဆုံးစွန့်လွတ်ခြင်းမျိုးနဲ့
စွန့်လွတ်လိုက်ကြပြီး
အမွန်မြတ်ဆုံး ပေးဆပ်ခြင်းမျိုးနဲ့
ပေးဆပ်လိုက်ကြပြီတော်လှန်ရေးသမိုင်းတာဝန်တွေ
ကျေပွန်ကြလေပြီး။
အသက်ရှင်သေးတဲ့ ငါတို့တတွေ
သူတို့ရဲ့ တော်လှန်တဲ့သစ္စာတရားတော်ကို
စောင့်သိရိုသေမှုဖြင့်
လူလူချင်းသွေးစုတ်မှု
လူမျိုးခြင်းကျွန်ပြုမှုကင်းဝေးတဲ့
လူ့ဘောင်သစ်ကို
အရောက်ချီတက်ကြရမယ်။
ဒီလူ့ဘောင်သစ်ကိုချီတက်ရာတွင်
  • တော်လှန်တဲ့ အတွေး
  • တော်လှန်တဲ့ အရေး
  • တော်လှန်တဲ့ အစား
  • တော်လှန်တဲ့ အသွား 
  • တော်လှန်တဲ့ အပြုအမူ အနေအထိုင်မျိုးကို
ကျင့်ကြံပြုမူကြရမယ်။
ဒီတော်လှန်ရေးကျင့်ဝတ်တွေကို
ဆုပ်ကိုင်နိုင်မှသာ
တို့အမျိုးသား ပြည်သူတွေနဲ့
တသားတည်းဖြစ်ရမယ်။
တော်လှန်သူနဲ့
ပြည်သူပြည်သူနဲ့ တော်လှန်သူဟာ
ဘဝတစ်ခုတည်း ဖြစ်မှ
အရာရာကို စွမ်းဆောင်နိုင်တဲ့
အနန္တစွမ်းအားရှင်တွေ ဖြစ်လာမယ် ။
တော်လှန်နဲ့သစ္စာတရားနဲ့ ပတ်သက်လို့
နိုင်ငံတကာနဲ့ တို့အမျိုးသားခေါင်းဆောင်ကြီးတွေက
တို့တတွေကိုဒီလို သြဝါဒ တွေပေးခဲ့တယ်
“လူထုမပါရင် ဘယ်တော်လှန်ရေးမှ မအောင်နိုင်ဘူး၊
လူထုဆန့်ကျင်လို့ လူထုကြားတာနဲ့
တို့ရုံးမှာဖြစ်တယ်”
“လူထုဆန့်ကျင်ရေးမလုပနဲ့
လူထုဟာ အနန္တစွမ်းအားရှင်တွေဖြစ်တယ်” တဲ့
အထက်ပါတော်လှန်ရေးတရားကို
ဟိုချီမင်း
စောဘဦးကြီးနဲ့
မန်းဘဇန်တို့က သြဝါဒ ပေးခဲ့ကြတယ်။
သြဝါဒတွေဟာ
တော်လှန်ရေးတရပ်ရဲ့
လူထုလမ်းစဉ်ဖြစ်တယ်
နိုင်ငံ၊ စစ်ရေး၊ စည်ရုံးရေး ဆိုင်ရာ
အခြေခံမူဖြစ်တယ်။
ဖဆပလ၊ ပထစ ၊ မဆလ နဲ့ နဝတ ခေတ်တွေအထိ
မြေဝယ်မကျ လုပ်ဆောင်ကြရဲ့လားဆိုတာကို
သုံးသပ်ဘို့ လိုအပ်တယ်။
တို့အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးကို
တော်လှန်ရေးစံနမူနာအဖြစ်ထားတယ်။
အကြီးမားဆုံးစွန့်လွတ်ခြင်းနဲ့
ပေးဆပ်မှုကိုပြုခဲ့တယ်
သူတို့ဟာ တို့ကရင်အမျိုးသားတွေအတွင်း
ပညာအမြင့်ဆုံး၊ ရာထူးအမြင့်ဆုံး
ဥစ္စာဓန အကြွယ်ဝဆုံးဖြစ်တယ်
ဘာတစ်ခုမှ ပြည်သူ့ထံမှ မယူခဲ့ဘူး။
ဘားလုံးကို စွန့်လွတ်ပေးလှူခဲ့တယ်။
နောက်ဆုံး
အမွန်မြတ်ဆုံးစွန့်လွတ်ခြင်းဖြင့်
သူအသက်ကိုအဘ ကရင်ပြည်အတွက်
ပေးလှူ ဆက်ကပ်လိုက်တယ်
သူရုပ်ကလာပ်ကို
ဦးညွတ်အလေးပြုဖို့
တို့အဘကရင်မြေပေါ်မှာ ထားခွင့်မရှာဘူး
ပင်လယ်ထဲကို ဖျက်ဆီးဖျောက်ဖျက်ခြင်း
ခံလိုက်ရတယ်
တော်လှန်တဲ့ ဆယ်စု
တစ်ခု၊ နှစ်ခု ၊ သုံးခု၊ လေးခုများအတွင်း
တို့သူငယ်ချင်းအချို့ 
  • ဗျူ ရိုကရက်တွေ၊
  • စစ်ဝါဒီတွေ၊ငါ့မင်း၊ငါ့ချင်းတွေ
  • ကိုယ်ကျိုးရှာ အချောင်သမားတွေ
  • စစ်အာဏာရှင်တွေ၊ 
  • လူထုဆန့်ကျင်ရေးသမားတွေအဖြစ်နဲ့ ပါဝင်ခဲ့တယ်။
တော်လှန်ရေး တရပ်ရဲ့
အလည့်အပြောင်း၊ အကွေ့အလည့်၊
အကြပ်အတည်း၊
အခက်အခဲတွေနဲ့ တွေ့ဆုံရင်ဆိုင်ရတာနဲ့
ရန်သူရဲ့
ကြီးမားတဲ့ထိုးစစ်တွေကြားမှာ
ရပ်တည်မနေနိုင်တော့ဘဲ
သစ္စာဖောက်တွေနဲ့
အချောင်သမားတွေသွားရာလမ်းအတိုင်း
သက်ရှိနဲ့ သက်မဲ့ရဲဘော်တွေရဲ့
နှလုံးသွေးနဲ့ ရင်းပြီး
ရယူခဲ့ကြရတဲ့
တော်လှန်ရေးရန်ပုံငွေထုပ်ကို
ပိုက်သွေးစိမ်းရှင်ရှင်နီရဲနေတဲ့
ရန်သူ့ဖိနပ်အောက်
ဒူးထောက်၍ဦးညွတ်လိုက်ကြတယ်
တော်လှန်တဲ့သစ္စာတရားတော်ကို
ချေမွဖျက်ဆီးလိုက်ကြတယ်
ဖောက်ပြန်တဲ့ သမိုင်းတရားခံစာရင်း
ဝင်သွားတော့တယ် ။
တော်လှန်တဲ့ အရေးနဲ့
တော်လှန်တဲ့အတွေးကိုဖေါ်ပြရရင်
တော်လှန်တယ်ဆိုကတည်က
မိမိကိုယ်ကျိုးအတွက်မဟုတ်
ပြည်သူအတွက် အမျိုးသားအတွက်ဖြစ်တယ်။ပြည်သူ့ဘသနဲ့ ဘာတစ်ခုမှပိုလျှံဖို့မလိုဘူး
နေ့စဉ်အာဟာရ(Daily bread) ဆိုရင်
လုံလောက်ပြီပေါ့။
တို့ပြည်သူတွေ ဘယ်လိုနေ ဘယ်လိုစား ဘယ်လိုဝတ်
တို့ရဲဘော်တွေဘယ်လိုနေ ဘယ်လိုစား ဘယ်လိုဝတ်
တို့ရဲဘော်တွေရဲ့သားသမီးတွေ
ဘယ်လိုစား ဘယ်လိုနေ ဘယ်လိုဝတ် ဆိုတာကို
အမြဲကိုယ်ချင်းစာတရားထားမှပေါ့။

သူငယ်ချင်း
ဒီဆယ်စုနှစ်လေးခုအတွင်းမှာ
တိုအပေါင်းအသင်းအချို့ဟာ
တော်လှန်တဲ့ဘဝ လူထုနဲ့ကင်းကွာပြီး
(သန်းကြွယ်သူဋ္ဌေးတွေ ရေပေါ်ဆီတွေ)
ဖြစ်နေကြတယ် ။
အဖြူပေါ်အမဲရောက်တော့
ကွင်းကွင်းမြင်တာပေါ့
သိန်းပေါင်းများစွာတန်တဲ့ တိုက်အိမ်ကြီးတွေ
သူတပါး တိုင်းပြည်မှာ ဆောက်လို့
ဗော်လ်ဗို ၊ တိုယိုတာ၊ ကော်ရိုလာ
မစ်ဆူဘီရှီ၊ ဘီအမ်ဒဗလျူနဲ့
အမည်မဖော်တတ်တော့တဲ့
သန်းကျော်တန်ဇိမ်ခံကားကြီးတွေ စီးပြီး
အထက်ဘဝဂ်မှာ ဇိမ်ကျနေလိုက်ကြတာ
ဇနီးမယား သားသမီး
နှာစေးချောင်းဆိုးဖားခဲ့ရင်
ဆေးခန်းပြလို့ အားမရ အလိုမကျ
တန်ဖိုးကြီးပေ့ဆိုတဲ့
လာနာ၊ မက်ကော့မစ် တို့လို
ဆေးရုံကြီးတွေပေါ် တင်လို့၊ ကုသလို့။
ခမ်းနားတင့်တယ်လှတဲပ
သူကြွယ်တို့ရဲ့ မဟာထမင်းပွဲပေဘဲ။
လှပျိုဖြူ ကရင်သမီးနှစ်ဦးခမျာမှာတော့
အနီးအနားမှာရပ်လို့
ခူးခပ်လို့ ပေးသူပေး
စားကြွင်းစားကျန်တွေကို သိမ်းလိုသိမ်းနဲ့
စားမြိန်တဲ့ထမင်းဝိုင်းကို အကဲခတ်မိတယ်
မင်းရဲ့ဘော်ဒါတစု
အနုအညက်၊ အလှမဂေးလေးတွေစုပြုံလို့
စုံလင်လှတဲ့ ဟင်းလျာတွေပတ်လည်မှာ
အဖျော်ယမကာ အပုံအပင်နဲ့ ပြည်နေတဲ့
လူကူထံ သူကြွယ်တွေရဲ့
စားတော်ဆက်ဂေဟာမှာ
ဖို၊ မ၊ ချော့မြူသံနဲ့ ဂီတသံဟာပလူပျံပြီး
ခမ်းနားကြီးကိုလွမ်းခြုံထားတယ်
တပြည်သူ လှပျိုဖြူတွေက
ခွံ့ပေးသူပေး ၊ ချွေးသုတ်သူသုတ်နဲ့
သာယာလှတဲ့ မင်းရဲ့ဘဝသစ်ကို တွေ့မိတယ်။
ကြွေရေချိုးကန်ကြီးထဲမှာ
ရေပူရေအေးနှော
အမြုပ်တစီစီမျောနေတဲ့
အဖိုးတန်ဆပ်ပြာမေါး ရေစိမ်ခံလို့
တပြည်သူ ဖြူလွတဲ့ လှဧကရီရဲ့
အပွတ်အတိုက် အထုအရိုက်လေးတွေကို
မင်းသာယာနေတယ်မဟုတ်လား။
မင်းရဲ့သမီးကညာ ရင်နင့် သည်းချာ
အလှမိဖုရားမလေး
အနှစ်တစ်ရာ သက်တော်ရည်ကြာစေဘို့
ထောပတ်၊ ကြက်သား၊ ဒန်ပေါက်
အမဲနဲ့ ဆိတ်သားကလီစာ
စူကီယာကီဆိုတဲ့ ဂျပန်အစားအစာပါမကျန်
လူကုံထံတွေ ရာနဲ့ ချီနေတဲ့
မဟာမွေးနေ့ သဘင် ပွဲတော်ရက်မှာ
ကားကြီးကားငယ်အသွယ်သွယ်နဲ့
လက်ဆောင်လက်ဖွဲ့တွေ
နှုတ်ဆက်သံတွေ
မြှောက်ပင့်သံတွေ
အမေတူလို့ လှနေလား
အမေတူလို့တော်နေတာလားလို့
တစာစာပြောလာတဲ့
ဟန်ဆောင်အပြုံးတွေရဲ့ လောကကြီးကို
မင်းသာယာနေ လား၊

သူငယ်ချင်း
တကယ်တော့
မင်းရဲ့ခမ်းနားတဲ့သန်းကျော်တိုက်ကြီးက
ထမင်းစားခမ်းထဲမှာ
မင်းရဲ့ မိသားစုအချွေအရံ အစုံအလင်နဲ့
စားသောက်ပျော်မြူး သုံးဖြုန်းနေချိန်မှာ
နော်တ၊ ဝမ်းခါး
မယ်ပ၊ စောထာ၊ စစ်မြေပြင်ကရဲဘော်တွေ
ဘူးသို၊ လိုကျိုး
ကဆောထယ်၊ ကလီးဘူကျိုးက
အမျိုးချစ်တဲ့ ရဲဘော်တွေရဲ့ လူမှုဘဝကို
မင်းလှည့်ကြည့်စေချင်တယ်။
သေမဲ့ရက်ကိုလက်ချိုးရေတွက်ရင်း
သေမင်းကို သစ္စာနှံထားသူတွေက
ဒီမိုကရေစီလူ့အခွင့်အရေးအတွက်
ဆယ်သက်သေလည်း တို့မမှုဘူးဟေ့ ဆိုတဲ့
ရဲဘော်တွေရဲ့ထမင်းဝိုင်းကို
မင်းလာကြည့်စေချင်တယ်။
အဖြူပေါ် အဖြူဆင့်လို့
ငြုပ်သီးမပါ ဗလာထမင်းပေါ်
ဆားဖြူးလို့ စားနေကြတယ်။
တို့ရဲဘော်တွေ
ထမင်းတလုပ်စားဘို့
မျိုးချစ်ကရင်သမီးမျိုတွေက ချက်၊ ထုပ်၊
မျိုးချစ်ပြည်သူတွေက တကုတ်ကုတ်နဲ့
ပေသုံးထောင်ကျော် လေးထောင်ကျော်
တောင်ထိပ်ပေါ် ချွေးတလုံးလုံးနဲ့
သယ်ပိုးနေတဲ့ တော်လှန်တဲ့ဘသကို
မင်းလှည်ကြည့်စမ်းပါ ။
မင်းကြွေရေချိုးကန်ထဲမှာ
တပြည်သူလှပျိုဖြူ ရဲ့
အထုအရိုက် အပွတ်တိုက် ခံနေချိန်မှာ
ဗျူဟာမြောက်စိုးမိုးတောင်ထိပ်ကနေ
ရေတပေါက်သောက်သုံးရဘို့
သွားပြန်တက်ဆင်း တစ်နာရီခွဲ
ချွေးတရွဲရွဲနဲ့ ရယူရတဲ့မင်းရဲဘော်တွေ
ချိုးဖို့နေနေသာသာ
သောက်ရေပင်အနိုင်နိုင်
အရှေ့လေကတဖြူးဖြူး
နှင်းမှုန်ကထူးထူးခြားခြားကျပြန်တော့
ချစ်ဦးသူကိုလွမ်းဖို့နေနေ
ရေတပေါက်သောက်သုံးရဘို့
ကြိုးစားနေတဲ့ဘဝကိုမင်းကိုယ်ချင်းစာသနားစမ်းပါ။
မင်းသန်းကျော်တန်ကားစီးပြီး
သက်ထားကလျာ မျက်နှာပေါင်းတင်ဘို့
ေ၇ဘင်မျက်မှန် စတိုင်လ်ကျကျတပ်ရင်း
မင်းကားမောင်းပို့နေချိန်မှာ
မင်းရဲ့ ခေါင်းဆောင်မှုကို
အကြွင်းမဲ့ ခံယူပြီး
အမြောက်၊ ဒုံး၊ ဗုံးတွေ
ပလူပျံအောင် မိုးရွာနေချိန်မှာ
နင်းမိုင်း၊ တိုက်မိုင်း၊ ဆွဲမိုင်းကို
ဖျာလိုခင်းထားတဲ့ မိုင်းကွင်းကိုကျော်ဖြတ်
တစာစာအော်လာတဲ့
(၇.၆၂)မမနဲ့(.၃၀)မမ ကျည်တွေ
တ၀ုန်းဝုန်းကျကွဲနေတဲ့
၄၀မမ၊ ၆၀ မမ၊ ၈၀မမ၊ ၁၂၀မမ မော်တာတွေ
၅၇မမ၊ ၇၅မမနောက်ပွင့်ရိုင်ဖယ်တွေနဲ့
အနိုင်တိုက်ခိုက်သိမ်းပိုက်လိုက်တယ် ။
တော်လှန်စစ်အသီးအပွင့်တွေဖြစ်တဲ့
ရန်သူ့လက်နက်၊ ကျည်၊ ရိက္ခာတွေ
ရန်သူ့အရာရှိ၊ စစ်သည်တွေပါ
သုံ့ပန်းအဖြစ် လက်ရဖမ်းဆီးနိုင်လိုက်တယ်
ဒီအောင်ပွဲရဲ့ ရလာဒ်အဖြစ်
မင်းသူရဘွဲ့ကို ဂုဏ်ထူးတသီကြီးရလိုက်ပြီး
ရာထူးပါတက်သွားတယ် ။
ဒါပေမဲ့
တယောက်သော မင်းရဲ့၇ဲဘော်ခမျာမှာတော့
ကျည်သင့်လို့ သူရဲကောင်းတို့ကွန်းခိုရာ ဗိမ္မာန်မှာ
ထာဝရငြိမ်းချမ်းစွာ ကွန်းခိုလို့အနားယူလိုက်ပြီး
မခြားတယောက်မှာတော့
ဗုံးခွင်းလို့ခြေတဖက် ယွင်းသွားရရာသတဲ့
မင်းရဲ့ သက်ထားကလျာ ဆံပင်ကောက်ဘို့
ချစ်သမီးနဲ့ သား ကျောင်းပို့ဘို့
ခယ်မ ဈေးသွားဘို့
သန်းကျော်ကားကြီး
ခပ်ကြွားကြွားစီးပြီး
ခြေစင်္ကြာ ဖြန့်ချိန်
မင်းရာထူးတက်ဘို့ ပါရမီဖြည့်ရင်း
ခြေတဖက်ယွင်းသွားရရာသတဲ့
သူရဲကောင်းခမျာမှာ
ချိုင်းထောက်တစ်ဘက်နဲ့
သောင်ရင်းမြစ်ထဲ
ဘယ်လိုခက်ခဲစွာ သွားရေချိုးနေရှာတယ်ဆိုတာ
မင်းမြင်မှမြင်ပါလေစ၊
သတိရပါလေစ၊
မင်းရဲ့ဘော်ဒါတစုနဲ့
အနုအညက်၊ အချောအလှတွေ စုပြုံလို့
စုံလင်တဲ့ ဟင်းလျာအဖျော်ယမကာ
ဖို၊ မ၊ ချော့ မြူ သံတွေနှောတဲ့
မဟာစားသောက်ဆိုင်ကြီးမှာ
တော်လှန်တဲ့ ဘ၀လွန်
ကမ္ဘာသစ်တစ်ခုကို နယ်ကျွံရောက်နေချိန် 
ပျော်မြူးနေချိန်
ရှေ့တန်းစစ်မျက်နှာအသီးသီးက
ပြည်သူ့သားလှရတနာတွေခမျာမှာ
ယင်ကောင်မသန်းတဲ့ မျှင်ငပိ
ညကတည်းက ထုတ်ထားလို့
သိုးနံ့ထွက်နေတဲ့ ထမင်းထုက်ကို
နတ်သဒ္ဒါလိုသဘောထားပြီ
မြိန်ရည်ယှက်ရည်စားနေလိုကကတာ
ရေကရှား၊ မျှင်ငပိကို အကောင်းထားပြီး
ရက်ရှည်လများ စားနေကြတော့
တို့ရဲ့မွေးရာပါ မရေပြားဟာ
အသွင်ပြောင်းသွားရှာတယ်။
တို့ပေါင်ခြံနဲ့ ဖင်ပါမကျန်
ကိုရွှေပွေးဟာ
တကွက်ပြီးတကွက်နယ်ချဲ့ရင်း
ပေါက်ချင်တိုင်းပေါက်ချတော့တယ် ။
ဒီအဖြစ်ကိုကြည့်ပြီး
တို့ရန်သူက တို့ကို(ကရင်ပွေး)တဲ့
မဟာမျိုးမဟာနွယ်လို့
ကိုယ်ကိုယ်ကို ဘ၀င်နထင်ရောက်နေသူတွေ
ပြည်ထောင်စုဘွား ညီနောင်များအပေါ်
နာမ်နှိမ်ခေါ်တဲ့ လက်သုံးစကားတွေပဲ။
အမျိုးနဲ့ချီပြီး စော်ကားလာတဲ့
ဒီအသုံးအနှုန်းကို
မင်းစိတ်မနာဘူးလား
ဘယ်လိုမှမခံရဘူးလား
တကယ်တော့
မင်းလို ကောင်းကောင်းဝတ်သွားစားနေရရင်
မင်းရင်ကဖြစ်တဲ့သားသမီးတွေလို
ချောလို့၊ လှလို့ပေါ့ ။
ခုတော
တော်လှန်သူတွေနဲ့မင်းဘ၀က
နတ်ပြည်နဲ့ ကြွက်သိုက်လို
အလင်းနှစ်သန်း(သထောင်)လောက်ကွာနေတော့
ဒီဖြစ်စဉ်ဟာ သဘာဝကျပါတယ် ။
မင်းစားနေကျ
နတ်သဒ္ဒါလို ထမင်းဝိုင်းမျိုး
အကြိမ်တရားစားစေတော့
ပြောစရာမရှိ၊ ဝေဖန်စရာနတ္တိ
ဒါပေမယ့်
မင်းရဲ့တနေ့တာဘ၀ရဲ့
သုံးဖြုန်းစည်းစိမ်ယူမှုကို
တွက်ချက်လို့သင့်တဲ့နသပြာနဲ့
တကြိမ်ခေါက်လောက် တို့ရဲ့ဘော်တွေအတွက်
ကျွေးမွေးဒါနပြုခဲ့ရင်
တို့မသေခင်
မင်းကို(သာဓု)အကြိမ်တခေါ်မယ်ဆိုတာ
မင်းမမေ့နဲ့။
ရှမငြီးတဲ့မင်းချစ်သမီးလေး
အလှဖုရားမလေး
သိန်းကျော်တန်းစန္ဒားရားကို
လှလှပပငြိမ့်ငြိမ့်ညောင်းညောင်း
သွယ်ပျောင်းတဲ့ စိန်စီလက်ချောင်းတွေနဲ့
လှုပ်ရှားမှုတွေကြောင့် ထွက်ပေါ်လာတဲ့
ဂီတသံဟာ မင်းအဘို့နားဝင်ပီသချို မြိန်လှပေမယ်
ရန်သူ့ဗုံးခွင်းလို့
မျက်စေ့နှစ်ကွင်း အလင်းမရရှတော့တဲ့
သူရဲကောင်းစစ်သည်တော်ရဲ့
သောတအာရုံထဲမှာတော့
စစ်မြေအသီးသီးမှာ
ကျဆုံးခဲ့ရှာတဲ့
သူရဲကာင်းစစ်သည်တွေကြောင့်
သားမယား မိဘ ဆွေမျိုးတွေရဲ့ ငိုရှိက်သံလို
ခါးသီးလှတယ် ။
အိစက်ညက်ညောတဲ့ ဖဲမွေ့ထာထက်
တပြည်သူသက်ထားလျာကို
ချော့မြူးလူကျီစယ်ရင်း
မောမောနဲ့ အိပ်သွားချိန်မှာ
ဝသန္တ မိုးလေရာသီမို့
လေပြင်းလာတိုက်
ခိုက်ခိုက်တုန်အောင်ချမ်းနေတဲ့
သူရဲကောင်းလေး
(အမ် ၁၆) ကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်လို့
တုတ်တုတ်မျှ မလှုပ်ဘဲ
တပ်မှူးရဲ့အမိန့်ကို ရင်ဝယ်ပိုက်
ရန်သူကို စိတ်ကြိုက်စောင့်ကြိုနေတာ
အိပ်ပျက်ညများ ဆယ်ခါ ရှိခဲ့ပြီ ။
ကျိန်းစပ်တဲ့မျက်စီကိုပွတ်
အပြွတ်လိုက်အအုပ်လိုက်
ချီတတ်တိုက်ခိုက်လာတဲ့
သဘာဝရန်သူ
မှက်ခြင်၊ ဖြုတ်တို့ကို တိုက်ထုတ်ရင်း
ပြည့်လျှံလာတဲ့
ကတုတ်ကျင်းကရေနဲ့
မိမိပုံရိပ်ကို ကြည့်မိတယ်
ဟောက်ပက်နေတဲ့ မျက်လုံးအိမ်ကြား
မြေသားဆန်တဲ့ လူးသားအသွင်း
ရောက်နေရှာတာ
မင်းမြင်စေချင်တယ် ။
ပျိုမျစ်နုနယ်တဲ့ မင်းရဲ့သားလှရတနာ
ရင်မှာပူလောင် ရုင်ပြောင်လိုချင်ကြောင်း
တီတီတာတာ ပြောလာလို့
အနန္တမေတ္တာဖြင့်
မင်းအိမ်ထောင်ထဲ အသာပြာငါးရာ
ရုတ်ချည်း ခုန်ဆင်းသွားခေရဲ့
ဒီသားလှလေး ပြေးဆော့ကစားရင်း
ဒူးပဲ့သွားလို့
မင်းမင်းပြာပြာသလဲနဲ့
(မက်ကောမစ်)ဆေးရုံပို့ချိန်
သူရဲကောင်းစစ်သည်တစ်ဦးမှာတော့
ရန်သူနှင့်တိုက်ရင်း ကျည်သင့်
သူ့နှလုံးသွေးနီတွေ တဖြိုင်ဖြိုင်ပြိုဆင်းလို
တကိုယ်လုံးစွေးစွေးနီတယ် ။
ခရီးပြင်း ပြေးဆော့ကစားရင်း
လိုရာဆေးရုံကို အချိန်မှီမရောက်
ဒဏ်ရာရသူက သွေးဖြိုင်ဖြိုင်
လူနာထမ်းသူက ချွေးလှိုင်လှိုင်
သွားရတဲ့ခရီးက မနီးလှ
ကျနော့်အတွက် အပင်ပန်းခံမနေနဲ့တော့
မရတော့ဘူးဆိုတာသိတယ်
သေနတ်သာထားခဲ့ပေတော့
တပ်မှူး ကို ပြောလိုက်ပါ
ကျနော် တော်လှန်ရေးတာဝန်ကျေပါတယ်နော် လို
ယဲ့ယဲ့လေးပြုံး၇င်း အသက်ထွက်သွားရရှာတယ်။
ဒီအဖြစ်ကိုကြည့်ရင်း
တို့နှလုံးသားထဲက အဲထွက်တဲ့မျက်ရည်ဖြူတွေနဲ့
သူ့ကိုနောက်ဆုံး ဦးညွှတ်ခဲ့တယ်။
မင်းကတော့ တော်လှန်ရေးသဘာဝလွန်လူသား
သူကတော့ မြေသားဆန်တဲ့လူသား
ကွားခြားလှတဲ့ ဒီကမ္ဘာမှာ
(အမ်၁၆) တလက်၊ ကျည်တွဲတတွဲ
ကျောပိုးအိတ်ထဲမှာတော့
ပလပ်စတစ်အိတ်နဲ့ ထုတ်ထားတဲ့
တို့ချစ်မြတ်နိုးတဲ့ စောလဦးခြင်း
ပုဆိုးစုတ်တထည်သာပါတယ်။
(သုံးပေ၊ ခြောက်ပေ) သော
လူသားတွေ နောက်ဆုံးပိုင်ဆိုင်မှုဖြင့်
တော်လှန်ရေးအပေါ်သစ္စာရှိခြင်း
အမျိုးသားဒီမိုကေ၇အပေါ်သစ္စာရှိခြင်း
သူရဲ့ ပျိုမျစ်နုနယ်တဲ့ ဘ၀တစ်ခုလုံး
နိဂုံးချုပ်လိုက်ရတာ
တဏှာမ္မကမ္ဘာကနေ
မင်းတွေ့နိုင်တော့မှာမဟုတ်ဘူး သူငယ်ချင်း ။

သူငယ်ချင်း
မင်းတော်လှန်ရေးသဘာဝလွန်လူသားဖြစ်တာ
ယိုးဒယားထီ၊ အင်္ဂလိပ်ထီပေါက်တာလား
တို့တခါမှမကြားဘူးပါဘူး ။
မင်းမိဘတွေဆို၊ တို့မိဘတွေလို
လယ်သမားတွေမှ
မဆလ ခေတ်လယ်သမားတွေပါ
မင်း ဘာကြောင့်ဒီလောက်ချမ်းသာနေ၇တာလဲ ဆိုလာ
တို့ဦးနှောက်နဲ့ မဆင့်မမှီနိုင်တော့
ဓါတ်ခဲခြောက်သုံးတဲ့ ကွန်ပြူတာထဲ
ဒီမေးခွန်းကို ထည့်ပေးလိုက်တယ်။
ဒီကွန်ပြူတာဟာ
ပင်လယ်ကွေ့စစ်ပွဲတုန်းက၊ အသုံးပြုခဲ့တဲ့
ကွန်ပြူတာပါ
အီရတ်ပစ်မှတ်တွေကို
လိုချင်သလို ထိမှန်အောင်အလုပ်လုပ်ခဲ့တဲ့
ကွန်ပြူတာဖြစ်တယ်။
ဒီမေးခွန်ကျတော့
ကွန်ပြူတာထဲမှာရှိတဲ့ မီးနီမီးစီမ်းတွေ
တခုပြီးတခုပြလို့
ဂဏန်းတွေလည်း သုညချည်းပဲထွက်နေတယ်။
နောက်ဆုံးမှာတော့
တိတ်တိတ်နေတဲ့
မြတ်စွာဘုရား ဒီကမ္ဘာလောကကြီးတော့
ကဗြောင်းကပြန်တွေဖြစ်ကုန်ပါပြီ
ကွန်ပြူတာဓါတ်ခဲအားနည်းလို့ထင်တယ်
မမှန်တော့ဘူး ။
စက်မှုသိပံ္ပဟာ
လူသားတွေရဲ့စွမ်ပကားကို
မကျော်လွန်နိုင်ပါဘူး။
ကိုလိုနီကျွန်ခေတ် ပျက်သုန်းတဲ့
လူမျိုးအသားအရောင်ခွဲခြားတဲ့
လူမှုစနစ်ချုပ်ငြိမ်းတဲ့
တပါတီမာဏာရှင်တွေကျဆုံးတဲ့
စစ်ဝါဒီတွေကြိုးစင်တတ်ရတဲ့
အမျိုးသားဒီမိုကရေစီခေတ်ဆိုတာ
ကွန်ပြူတာကိုတီထွင်တဲ့ပါရဂူတွေ
မေ့နေပြီထင်တယ်။
သူငယ်ချင်း
မင်းတော်လှန်ရေးဘ၀လွန်လူသားဖြစ်နေတာ
တို့ပြောစရာမရှိ ဝေဖန်စရာနတ္တိ
တော်လှန်သက် ဆက်စုနှစ်သုံးစုလောက်
မင်းပိုင်ဆိုင်ထားတယ်
အတွေ့အကြုံသင်ခန်းစာတွေ၇ထားတယ်။
ဒါပေမဲ့
မင်းရှေ့တန်းတခါမှ မထွက်ဖူးဘူး
ရန်သူတစ်ယောက်ကိုမသတ်ဖူးဘူး
ရန်သူလက်နက်တလက်မှမရဖူးဘူး
သေနတ်အကုန် ဘယ်လိုပစ်ရမလဲဆိုတာမင်းမသိဘူး
သေနတ်မျိုးစုံ မဖြုတ်တတ်ဘူး
လူတစ်ယောက်ကို အရှင်မဖတ်ဖူးဘူး ။
ဒါပေမဲ့
အိစက်ညက်ညောတဲ့ ဖဲမွေ့ယာထက်က
တပြည်သူသက်ထားလျာနဲ့
သားသမီးတွေရနေတယ် ။
တိုက်တာအိုးအိမ်စည်းစိမ်နဲ့ ကား
စိန်ရွှေပတ္တမြားတွေမကျန်
အိုး အစုံပိုင်ဆိုင်လို့
ဆယ်သက်စားမကုန်တော့ဘူး ။
ဒီနေ့ ဒို့လျောက်လှမ်းနေတဲ့
တော်လှန်တဲ့ ကမ္ဘာကြီးဟာ
န၀တ ကမ္ဘာနဲ့ မတူတဲ့ ဒီမိုကရေစီကမ္ဘာ
လူအခွင့်ရေးတွေ ကာကွယ်တဲ့ကမ္ဘာ
လွတ်လပ်စွာ(ရေး၊ တွေး၊ ပြော)
လွတ်လပ်စွာ ရွေးကောက်၊ ဖြုတ်ချ
အိုး ဒီမိုကရေစီနဲ့ ပတ်သက်လို့
လူမှုမခွင့်အရေးဆိုကတည်းက
လူဘ၀ရဲ့လိုအပ်ချက်တွေ အနတက္ကမ၊
အပြည်အ၀ အာမခံချက်တွေ၇ှိတယ် ။
တပါတီအာဏာရှင်တွေ
အချောင်သမားတွေ
အထက်ကိုဖါး၊ နိုင်ငံရေးအားဏာများကို ခုတုံးလုပ်ပြီး
အတ္တရှနေကြတဲ့ ရေပေါ်ဆီ အချောင်သမားတွေ
စစ်အာဏာရှင်တွေ
ဒုတိယ မားကိုစ်
ဒုတိယ ချောင်ချက်စကူး
ဒုတိယ နိုတေ၀ူး
ဒုတိယ ချွန်ဒူးဟွာ
ဒုတိယ ဆူဟာတို
ဒုတိယ ပိုပေါ့စ် တွေမဖြစ်
ပြည်သူ့ခုံရုံးမှာ
သစ္စာဖောက်လို့ ပုဒ်မတပ်ပြီး
ကြိုးစင်တင်ခဲ့ကြတဲ့
ပျောက်ကွယ်သွားခဲ့ကြတဲ့
အမျိုးသားသစ္စာဖောက်တွေကြား
မင်းလားလားမှမပါစေချင်ဘူးကွာ ။
မင်းဘယ်လိုနည်းနှင့်
တိုက်အိမ်ဆောက်တယ်
ဘယ်လိုသန်းကျော်ကားဝယ်နိုင်တယ်
ဘယ်လိုနည်းနဲ့ ရွှေငွေပတ္တမြားတွေ
ရနေတယ်ဆိုတာ
မကြာတော့မယ့်
သမိုင်းအကွေ့ မလှည့်တခုမှာ
တို့ပြည်သူတွေက
သက်သေထူကြလိမ့်မယ် ။
စီပွားရေးစစ်တပမ်းတွေ
ထုတ်လာလိမ့်မယ်ဆိုတာ
မင်းမကြာခင်သိလာမှာပါ။
သူငယ်ချင်း
တို့အမျိုးသားတွေဟာ
ဆယ်စုနှစ်လေးခုအတွင်း
ဘယ်လောက်စွန့်လွတ်ပေးဆပ်ခဲ့၇တယ်ဆိုတာ
မင်းတယောက်သိပါတယ်။
တို့ဘိုးဘွားအမွေပေးခဲ့တဲ့
ကျွန်းသစ်နဲ့
ဓာက်သတ္တုတွေ
ဘယ်လိုဖြစ်ကုန်ပြီလဲ ။
တော်လှန်သူတို့မတွက်
ရိက္ခာ၊ ဆေးဝါ၊ လက်နက်တွေးဖြစ်မလာဘဲ
တိုက်တာအိုးအိမ်ရွှေငွေ
စာရင်းမပြုစုရဲတော့တဲ့
ငွေမဲတွေဖြစ်ကုန်ပြီမဟုတ်လား ။
တို့အမျိုးသားတွေဟာ
တောင်ယာခုတ်လို့ရတဲ့
သူတို့ဝမိးစာထဲက
တို့ကိုသမင်းကျွေးတယ်
တိုနဲ့မတူ ရှေ့တန်းသွားတယ်
တို့ရဲဘော်တွေလို ကျည်သင့်ပြီးကျဆုံးတယ်
သူတို့ရဲ့ဘ၀ခမျာ
(တဲစုတ်၊ ငါးပိပြုတ်နဲ့ အစုတ်ပလုတ်) ဘ၀နဲ့
လူ့သက်တမ်းတွေ ကုန်ဆုံးကြတယ်ဆိုတာ
မင်းသိပါတယ်ကွာ။

သူငယ်ချင်း
ငါလဲရှေ့တန်းက
လပေါင်းများစွာ ခွင့်၇လို့
အိမ်ပြန်ေ၇ာက်တော့
ငါအိမ်ဟာ
ကြွက်သိုက်တဲလောက်မလုံခြုံဘူး၊
အမိုးပေါက်ပြဲ အကာတွေကွဲလို့ ။
တော်လှန်ရေးပါရမီဖြည်ဖက်
ချစ်သက်ဇနီးဟာ
တ၀က်အပြုံးနဲ့ တို့ကိုကြိုတယ်
ချစ်ရတဲ့ သမီးလေး
ဘယ်မှာလဲလို့မေးတော့
အိမ်ရာထဲမှာတဲ့
အိုး ကိုယ်တွေပူလို့ပါလား
ငှက်ဖျားတတ်နေရှာတယ် ။
ဆေးမရှိ(အဟာရနတ္တိ)
မောမောနဲ့ပြန်လာတဲ့ ချစ်လင်အတွက်
ငြုတ်သီးမပါ၊ ဗလာငပိနဲ့
ခူးခပ်လို့ အမရာဒေ၀ီ
ကိန္နရီ၊ မဒ္ဒီ၊ သမ္ဘူလလို
ကျွေးမွေးပြုစုရှာတယ်။
ရှေ့တန်းနဲ့တို့အိမ်
အကြိမ်ကြိမ်ခွဲခြားပေမယ့်
မထူးခြားတဲ့ အဖြေ မခြေအနေပါလား ။
အရင်းအနှီးတို့မှာမရှိ
အချိန်ဆိုလို့ နတ္တိ
တပ်ကိုကြည့်နေလေတော့
ကြင်သူသက်ထားကို
ခိုင်မာတဲ့(သစ္စာနဲ့ မေတ္တာ)သာပေးနိုင်တယ်။
သမုဒ္ဒရာဝမ်းတတွာကို
မေတ္တာ သစ္စာနဲ့ ဖြည့်လို့မရဘူး
သဘာဝကိုက အာဟာရပေးမှ
အိမ်ထောင်သာယာမယ်
ချစ်မှုအဓွန့်ရှည်မယ်ဆိုတာ
မင်းသိပါတယ် ။
နိုင်ငံတော်ကကျွေးတဲ့ထမင်း
ပေးတဲ့ဆေးနဲ့ ကုသ၇င်း
မချောင်မလည်အကျပ်အတည်းကြားက
တို့အိမ်ထောင်တည်ဆောက်ရတယ်။
ပါရမီရှင် အိမ်ထောင်သည်ရဲ့
တော်လှန်တဲ့ မတွေးအခေါ် ခံယူချက်၏
သစ္စာတရားတွေကြောင့်
တို့အိမ်ထောင်သက် ဆယ်စုနှစ်မများကို
ကျော်လွန်ပြီး တော်လှန်တဲ့ အောင်တံခွန်
ထူနေတယ်ဆိုတာ
မင်းသိပါတယ်။
ဆယ်ဂဏန်းကျော်ကျော်လောက်ရှိတဲ့
တော်လှန်တဲ့သဘာဝလွန်
ရေပေါ်ဆီတွေကလွဲရင်
ကျန်ရှေ့တန်းပျော်ရဲဘော်တွေဘ၀ဟာ
တို့လိုဘဲဆိုတာ
မင်းသိပါတယ်၊ မြင်ပါတယ်။

သူငယ်ချင်း
ဒီရာစုနှစ်ဟာ
လူလူချင်းသွေးစုတ်မှု
လူမျိုးချင်း ကျွန်ပြုမှုကင်းတဲ့
အမျိုးသားဒီမိုကရေစီခေတ်ဖြစ်တယ် ။
စစ်အာဏာရှင်တွေ
ဖက်ဆစ်တွေ
အချောင်းသမားတွေ
အခွင့်ထူးခံတွေ
လူလုံးမလှ ဘ၀နိဂုံးချုပ်ရတဲ့ ခေတ်ဖြစ်တယ်ဆိုတာ 
မင်းသိပါတယ် ။
တို့တော်လှန်ရေးသမိုင်းဘီးဟာ
ကြောင်လိမ်လှေကားလို
တဆင့်ပြီးတဆင့် မြင့်တယ်လာတယ်၊
အောင်ပွဲနဲ့ နီးလာတယ်
အောင်ပွဲနဲ့ နီးလာလေလေ
ပြည်သူတွေရဲ့ အသိဟာ
မြင့်လာလေလေဘဲ
ဒီမိုကရေစီကြွယ်ဝလာလေဘဲ ။
ဒီမိုကရေစီအသီးအပွင့်တွေကို
ပြည်သူတွေကတ၀ကြီးခူးစားပြီး
အသိတရားတွေကြွယ်ဝလာတဲ့
မကြာတော့တဲ့ အချိန်မှာ
ပြည်သူ့ တရားခုံရုံးက
စီးပွားရေးစစ်တမ်းထုတ်လာခဲ့ရင်
မင်းဘယ်လမ်းရွေးမှာလဲ
တော်လှန်ရေးလား၊ တန်ပြန်လား
အောင်ပွဲခံမလား၊တရားခံလား
ဆုလာဒ်လား ကြိုးစင်လား ဆိုတာ
မင်းသိတဲ့အချန်ဟာ
အလွန်တရာ နောက်ကျသွားပြီဖြစ်လို့
ဝမ်နည်းရပါတယ် သူငယ်ချင်း ၊၊၊
မန်း ရောဘဇန်
(kso)

Saturday, 31 May 2014

ပြည်ကြီးအလှ စာရိတ္တ

ပြည်ကြီးအလှ စာရိတ္တ 
(လင်္ကာဒီပ) 
 မေလ ၂၄၊ ၂၀၁၄။ 

ငါစီးပွား ကြီးပွားရင်ပြီးရော 
လောကကြီး မီးပဲလောင်လောင် 
တောင်တွေဖြိုပြို မြစ်တွေခမ်းခမ်း 
ပန်းတွေကြွေကြွေ 
ပြည်သူတွေ မူးယစ်ပဲစွဲစွဲ 
မွဲလို့သေစမ်းပါစေ ဆိုတဲ့စိတ်များ 
မွေးမြူထားကြလေရော့သလား ညီအစ်ကိုတို့။ 


လူ့စည်း ဘီလူးစည်း 
တစ်ခုတည်း မထားကြပါနဲ့ 
စည်းကမ်းမဲ့လွန်းနေရင် 
မကြာခင်ကျဆုံးခန်း ရောက်လာပါလိမ့် 
အတိတ်က အမှတ်အသား 
တိမ်စိုင်ကြား လကွယ်နေသည့်နယ်။ 

သူတို့တွေမှာများ… 
ယာဉ်စည်းကမ်း လမ်းစည်းကမ်း
ကျောင်းစည်းကမ်း ရုံးစည်းကမ်း 
သူ့လမ်းသူ့မူ အားလုံးသဘောတူ 
နာယူလိုက်နာ ကျင့်ကြံ 
တန်ဖိုးရှိတဲ့ လူသားများ 
ကြီးပွားနေကြတဲ့လမ်းကြောင်းပဲလေ။ 

ငါတို့တွေမှာများ…
တော်လှန်ရေး အဖြစ်သဘော
ပြောပြောနေတဲ့ ညီညွှတ်ရေးလည်း
ဝေ့ဝဲမှုန်ဝါး အဖြစ်သဘော 
အညစ်ရော အဖြစ်သဘောတွေစု 
အပြုသဘော မဆောင်နေသမျှ 
တို့ရဲ့ဆန္ဒ မျှော်လင့်ချက်ဟာ 
နာနာဘာဝတွေရဲ့ လှောင်ပြောင်သံနဲ့ 
လှုပ်လဲ့လှုပ်လီ ခရီးမဆက်နိုင်သေးပါဘူး။ 

မူမရှိ ဘောင်မရှိ 
အသိတရားတွေချို့တဲ့ 
မင်းမဲ့ပြည်နယ်ကြီးလို 
ဟိုနားလည်း လက်နက်ကိုင် 
ဒီဂနိုင်နားလည်း လက်နက်ကိုင် 
 ယှဉ်ပြိုင်မှုတွေလွဲချော်
တော်လှန်ရေးလည်း ဘေးရောက်လိုရောက်
ထောက်ထားမညှာတာ 
လယ်ယာတွေလည်း သိမ်းလိုသိမ်း 
ယိမ်းယိုင်ပျက်စီးတဲ့ စာရိတ္တ 
ကရင်ပြည်နယ်ကြီးအလှ 
ဘဝင်မကျစရာတွေပါပဲလား။ 

ပြည်သူမှာ သဏ္ဍာန်ရှိ ဥာဏ်ရှိ 
အသံရှိ အမှန်သိတယ် 
ဘယ်အရာမှ ဖုံးကွယ်မရ 
စိဉ္စမာနလို မလိမ်ညာကြပါနဲ့ 
တည့်တည့်ပြော မယုံချင် 
လိမ်စဉ်တွေကိုမှ အထင်ကြီး
ပြည်ကြီးကို ရောင်းစားဖို့ရည်စူး 
စိတ်ကူးတည့်ရာ မူဗလာ 
လူတကာ မေးငေါ့ကြပြီလား ချစ်သောသံလွင်ရေ။

Tuesday, 12 February 2013

မန်းရောဘတ်ဘဇန်မှ ဗိုလ်ချုပ်ဂျော်နီထံသို့ ပေးစာ


Friday, 1 February 2013

KCM appeal letter to UNFC


Sunday, 27 January 2013

KNLAတပ်မဟာ(၆)မှ ရဲဘော်တဦး၏ရင်ဖွင့်စကား


Saturday, 26 January 2013

Saturday, 5 January 2013

2013 Karen New Year Day - Mahn R BaZan speech


Wednesday, 2 January 2013

KCM Statement regarding Kachin Fighting


KCM-2013 Karen New Year


Saturday, 8 December 2012

(၁၅)ကြိမ်မြောက် ကေအဲန်ယူညီလာခံသို့ပေးပို့သော သ၀ဏ်လွှာ



Monday, 8 October 2012

KNU Reasons for Dismissal of the 3 EC Members


Sunday, 23 September 2012

KCM September 2012 statement


Sunday, 2 September 2012

Monday, 6 August 2012

KCM statement to KKO

Wednesday, 1 August 2012

Mahn speech on 62nd Karen Martyr's Day

Sunday, 29 July 2012

KKO Road Map _4_ Points