၁။ လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။


အှ်ဆံင်းလာ.ဆါ် ကိုဝ်.ဟှာဍေ။


Sunday, 1 August 2010

မန်းဘဇန်နှင့်ကရှုင့်တော်လှန်ရေး အပိုင်း(၁)

မန်းဘဇန်နှင့်ကရင့်တော်လှန်ရေး
ဖူးကီးဒို
စဉ် အကြောင်းအရာ
၁။ကျေးဇူးတင်လွှာ ၁
၂။စာရေးသူ၏အမှာစာ ၂
၃။ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံးဥက္ကဌကြီး ၎
ဒီအေဘီဥက္ကဌကြီး၊ အမျိုးသားကော်စီဥက္ကဌကြီး၊
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်စစ်ဦးစီး
ချုပ် ဗိုလ်ချုပ်ကြီးစောဘိုမြ၏အမှာစာ
၎။မွန်ပြည်သစ်ပါတီဥက္ကဌကြီး၊ ဒီအေဘီဒုတိယဥက္ကဌကြီး ၅
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ)
ဥက္ကဌကြီးနိုင်ရွှေကျင်၏အမှာစာ
၅။ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယဥက္ကဌကြီး၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု ၈
အထွေထွေအတွင်းရေးမှူး ခိုင်စိုးနိုင်အောင်၏အမှာစာ
၆။ကေအဲန်ယူ ကရင်အမျိုးသားများအစည်းအရုံး၊ အထွေထွေအတွင်းရင်းမှူးချုပ်၊ ၁၁
ကော်သူးလေအစိုးရ၀န်ကြီးချုပ် ပဒိုဘသင်၏အမှာစာ
၇။ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ၁၂
(၁)၊ဒီကေဘီအေ စစ်ကော်မတီအတွင်းရေးမှူး ဗိုလ်ချုပ်မောင်မောင်၏အမှာစာ
၈။ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ၁၆
(၂)ပဒိုစံလင်း၏အမှာစာ
၉။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ဒုတိယစစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ် ၁၈
ကြီးတာမလာဘော၏ အမှာစာ
၁၀။ကေအဲန်ဒီအိုဗိုလ်ချုပ် ဗိုလ်မှူးချုပ်ကျော်သောင်း၏အမှာစာ ၂၁
၁၁။ကေအဲန်ယူဒူးပလာယာခရိုင်ဥက္ကဌကြီး(ဖူးတာအယ်) ၏အမှာစာ ၂၂
၁၂။မြန်မာနိုင်ငံမွတ်စလင်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ၊ ဒီကေဘီအေတွဲဘက်နိုင်ငံခြား ၂၅
ရေးတာဝန်ခံဦးကျော်လှ၏အမှာစာ
၁၃။စီအာဒီဘီဥက္ကဌကြီး ဦးတင်မောင်ဝင်း၏အမှာစာ ၂၇
၁၄။၁၉၇၅ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့တွင် ကေအဲန်ယူဥက္ကဌကြီး မန်းဘဇန်ပြောကြား ၂၉
သောမိန့်ခွန်း
၁၅။မန်းဘဇန်ရေးသည့် ကျွန်ုပ်နှင့်ခေါင်းဆောင်ကြီး စောဘဦးကြီးဆောင်းပါး

အခန်း(၁)

၁၆။အပုဒ် (၁) ဥက္ကဌကြီးမန်းဘဇန်၏ ကလေးဘ၀ ၃၉
၁၇။အပုဒ် (၂) ဥက္ကဌမန်းဘဇန်၏ ကျောင်းသားဘ၀ ၄၃
၁၈။အပုဒ် (၃) တက္ကသိုလ်ကျောင်းသားဘ၀ ၄၅
၁၉။ အပုဒ်(၄) ဥက္ကဌကြီးမန်းဘဇန်၏၀န်ထမ်းဘ၀ ၅၀
၂၀။ အပုဒ် (၅) ဥက္ကဌကြီးမန်းဘဇန်၏ ဂျပန်ခေတ်အမှုထမ်းဘ၀ ၅၂
(အတွင်းဝန်ရုံးမှအထက်တန်းစာရေး)
၂၁။ အပုဒ်(၆) မအူပင်ခရိုင် ဒုတိယကာကွယ်ရေးမှူး ၅၅
၂၂။ အပုဒ် (၇) မအူပင်ခရိုင်ပြည်သူ့ဝန်ထမ်းမှူး ၅၇
၂၃။ အပုဒ် (၈) ဗြိတိသျှအုပ်ချုပ်ရေးနှင့်အထူးအရာရှိ ၆၀
၂၄။ အပုဒ်(၉) ဥက္ကဌကြီးမန်းဘဇန်နှင့်အိမ်ထောင်ရေး ၆၂
၂၅။ အပုဒ် (၁၀) မအူပင်မြို့အမျိုးးသားကျောင်းအုပ် ၆၅
၂၆။ အပုဒ်(၁၁) မန်းဘဇန်နှင့်မန်းစိန်ပွင့် ၇၀

အခန်း (၂)
၂၇။ အပုဒ် (၁) ဥက္ကဌမန်းဘဇန်နှင့်ကေအဲန်ဒီအို ၇၃
၂၈။ အပုဒ် (၂) ဥက္ကဌမန်းဘဇန်နှင့်အင်းစိန်တိုက်ပွဲ ၇၉
၂၉။ အပုဒ် (၃) ဥက္ကဌမန်းဘဇန်နှင့်ဘာသာရေး ၈၄
၃၀။ အပုဒ် (၄) ဥက္ကဌမန်းဘဇန်နှင့်တပ်ပေါင်းစု ၈၆
၃၁။ အပုဒ် (၅) ဥက္ကဌမန်းဘဇန်နှင့်ဒုတိယလမ်းစဉ် ၁၀၀
၃၂။ အပုဒ် (၆) ဥက္ကဌမန်းဘဇန်နှင့်တွေ့ဆုံဆွေးနွေးပွဲ ၁၁၂

အခန်း (၃)
၃၃။ အပုဒ် (၁) ဥက္ကဌမန်းဘဇန်နှင့်ကေအဲန်ယူ
၃၄။ အပုဒ် (၂) ဥက္ကဌမန်းဘဇန်နှင့်ကရင့်တော်လှန်ရေး ၁၄၀
၃၅။ အပုဒ် (၃) ၁၉၅၃ခုနှစ်၊ မြစ်ဝကျွန်းပေါ်အခြေအနေ ၁၄၄
၃၆။ အပုဒ် (၄) ဥက္ကဌမန်းဘဇန်နှင့်နိုင်ငံရေးပဋိပက္ခ ၁၄၇

အခန်း(၄)
၃၇။အပုဒ် (၁) ဥက္ကဌမန်းဘဇန်နှင့်တော်လှန်ရေးမျိုးဆက်သစ်များ ၁၅၅
၃၈။အပုဒ်(၂) ဥက္ကဌကြီးမန်းဘဇန်၏ဘ၀နိဂုံး ၁၅၅
၃၉။ အပုဒ် (၃) ဘ၀ရွှေတောင်ပြိုသေားနေ့  ၁၆၁



ကျေးဇူးတင်လွှာ

ဤစာအုပ်ဖြစ်မြောက်ရေးအတွက် ကဏ္ဍအလိုက် ပါဝင်ကူညီကြသော ခေါင်းဆောင်ကြီးများ၊ ရဲဘော်ရဲဘက်များ၊ သားသမီးများကို ကျေးဇူးတင်ရှိပါကြောင်း ဦးစွာ ပြောကြားလိုပါသည်။

 အမှာစာရေးပေးကြသော စာရေးသူအဖေ၏ တိုက်ဖော်တိုက်ဖက် ရဲဘော်ရဲဘက် မျိုးချစ်တော်လှန်ရေး ခေါင်းဆောင်ကြီးများကိုလည်းကောင်း။
 ပန်းချီဆရာများဖြစ်သော ဆရာတင်ထွန်း၊ (KNU)ဆရာကျော်ဆန်း (ကရင့်သမိုင်းသုတေသနဌာန)၊ ဆရာစောငို (ABSDF)တို့အားလည်းကောင်း။
 လက်ရေးစာမူမှ လက်နှိပ်စက်ရိုက်ပေးသော ဆရာတုံတုံ(KNU) အား လည်းကောင်း။
 အသံသွင်းကြိုးခွေမှ ကူးယူမှတ်စုပြုပေးကြသော သားသမီးများဖြစ်ကြသောဒုတိယဗိုလ်လှထွန်းဦး၊ ဒုတိယအရာခံဗိုလ်ကျော်မိုးနိုင်၊ ဆရာကျော်ဇေယျ၊ ဆရာမဆိဆိဇန်နှင့် စာရေးသူ၏ ရဲဘော်ရဲဘက် ဆရာမျိုးဝင်းတို့အား လည်းကောင်း။
 စာမူများအား ကွန်ပြူတာရိုက်ပေးကြသော (ABSDF)မှ ဆရာလွင်မိုး၊ ဆရာမအေးအေးလွင်နှင့် ခေတ်ပြိုင် ၀ိုင်းတော်သားများအား လည်းကောင်း။
 စိတ်ဓါတ်နှင့် ရုပ်ဝတ္ထုများ ပံ့ပိုးကူညီကြသော -
 ဗိုလ်မှူး မူတူးစေးဖိုး (KNU)
 ဒေါက်တာနိုင်အောင်(ဥက္ကဌ၊ ABSDF)
 မန်းအောင်ဌေး(ကရင့်သမိုင်း သုတေသန)တို့အား ကျေးဇူးများစွာတင်ရှိပါကြောင်း
မှတ်တမ်းပြု စုအပ်ပါသည်။
အမျိုးသားဒီမိုကရေစီတော်လှန်ရေး၊ လူမျိုးစုံ သွေးစီးချစ်ကြည်ရေးနှင့်ငြိမ်းချမ်းရေးတို့အတွက် အသက်ထက်ဆုံး တိုက်ပွဲဝင်ခဲ့ကြသော မိဘနှစ်ပါး၏ ကျေးဇူးတော်ကို ဤစာအုပ်ဖြင့် ကန်တော့အပ်ပါ သည်။

လေးစားစွာဖြင့်
27/8/93
(ဖူးကီးဒို)


စာရေးသူ၏အမှာစာ

(၁)

လေးစားရပါသော စာရှုသူများခင်ဗျား-
မန်းဘဇန်နှင့် ကရင့်တော်လှန်ရေး စာအုပ်ထုတ်ဝေရန် ၁၉၉၁ ခုနှစ်၊ နှစ်ကုန်ပိုင်းမှ စတင် ကြိုးစား ခဲ့ပါသည်။သားသမီး၊ရဲဘော်ရဲဘက်များနှင့်စာအုပ်ရေးသူ၏ဖခင်အသံသွင်းခဲ့သောအသံသွင်းတိတ်ခွေများမှ ကူး ယူခြင်း၊ အချောကိုင်ခြင်း၊စီစစ်ခြင်း၊ခုနှစ်သက္ကရာဇ်အချက်အလက်စုဆောင်းခြင်းများပြုလုပ်နေစဉ်-
ရန်သူ န၀တမှ တော်လှန်ရေး ဘူမိနက်သန်အောင်မြေ မာနယ်ပလောသို့ စစ်ဆင်တိုက်ခိုက်လာ ရာ DAB စစ်ကြောင်းတစ်ကြောင်းအား ဦးစီးကွပ်ကဲ၍ ထွီဖားဝီးကျိုး (ခွေးအိပ်တောင်)၊ မယ်လဲထာ စစ်မြေပြင်သို့ရောက်ရှိတိုက်ခိုက်နေသဖြင့် ဤစာအုပ်ထုတ်ဝေရေးကို ခေတ္တရပ်ဆိုင်းထားရပါသည်။

ရန်သူန၀တ၏စစ်မြေပြင်ကွပ်ကဲမှုအဖွဲ့မှူးဗိုလ်ချုပ်အဆင့်ရှိသူဦးမောင်လှ၊ဗိုလ်မှူးချုပ်အဆင့်
ရှိဦးအေးကျော်၏တပ်မ(၆၆) နှင့်(၈၈) တို့သည် ခေါင်းကွဲထိပ်ပြဲပြီး အရှက်တကွဲအကျိုးနည်းစွာ ထိုစစ်ကိုရပ်ဆိုင်းလိုက်သောကြောင့်ရပ်ထားသောစာအုပ်ထုတ်ဝေရေးကိုပြန်လည်အကောင်အထည်ဖော်ပါသည်။

ဤစာအုပ်သည်-
 ဥက္ကဌကြီးမန်းဘဇန်ကိုယ်တိုင်အသံသွင်းထားသော တိတ်ခွေမှလည်းကောင်း၊
 ဥက္ကဌကြီးမန်းဘဇန်နှင့်စာရေးသူ၏ညီဒုတိယဗိုလ်မှူးကြီးမန်းဘေဒွင်ဇန်တို့ပြုခဲ့သည့်စာအုပ်မှ
လည်းကောင်း၊
 ပဒိုစကောလယ်တော ပြုစုခဲ့သော ကရင့်တော်လှန်ရေးသမိုင်း စာအုပ်မှတ်လည်းကောင်း၊ကေအဲန်
ယူဗဟို စည်းရုံးရေးဌာနမှထုတ်ဝေသော ကရင့်သမိုင်း စာအုပ်မှလည်းကောင်း၊
 ဦးသန့် ရေှးသေား ပြည်တော်သာခရီး စာအုပ်မှလည်းကောင်း၊
 တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေပထမတွဲဒုတိယတွဲဒို့မှလည်းကောင်း၊
 ဆရာသာထို ရေး လွတ်လပ်ရေးလမ်းစဉ် မှလည်းကောင်း၊
 မဒတ အထွေထွေအတွင်းရေးမှူး ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ ဒုတိယဥက္ကဌကြီး ခိုင်စိုးနိုင်အောင်
ပြုစားထားသော တပ်ပေါင်းစုသမိုင်း စာအုပ်မှတ်လည်ကောင်း၊
 Gen.Smith Dun ရေး Four-Foot Colonel စာအုပ်မှတ်လည်းကောင်း၊
 Martin Smit ရေး Burma;Insurgency and The Politics of Ethnicityစာအုပ်မှတ်
လည်းကောင်း၊

(၂)

အချက်အလက်များကိုစုဆောင်းရေးသားပြုစုနေစဉ်အတွင်းရန်သူန၀တစစ်တပ်များစောထာစစ်မျက်နှာ
ပြင်ကိုကျူးကျော်တိုက်ခိုက်လာပြန်သဖြင့်မိမိဦးစီးသည့်DABစောထာစစ်မျက်နှာပြင်သို့လည်းကောင်း၊
ကျောက်ညှပ်၊ပါဟိုက်၊စစ်မြေပြင်သို့တဖန်ရောက်ရှိနေကြသဖြင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းကိုထပ်မံရပ်ဆိုင်းရပြန်သည်။စစ်မြေပြင်၌အချိန်ရှိသလိုစာအုပ်တွင်ထည့်သွင်းရန်အချက်အလက်တချို့ရှာဖွေရပါသည်။ခြောက်လကျော်စစ်မြေပြင်တွင်စစ်ရေးဆောင်ရွက်ချက်များဆောင်ရွက်ပြီး၊မိမိဌာနမှူးDABစစ်ကော်မတီအတွင်းရေးမှူးဗိုလ်ချုပ်မောင်မောင်ထံခွင့်ပန်၍စာအုပ်ထုပ်ဝေရေးလုပ်ငန်းကိုတဖန်ပြန်လည်စတင်ရပါသည။်ဥက္ကဌကြီးမန်းဘဇန်နှင့်ပတ်သက်သောအချက်အလက်ကရင့်တော်လှန်ရေးနှင့်ပတ်သက်သောအချက်အလက်များသည်တစ်စုံတစ်ရာချို့ယွင်းအားနည်းချက်များတွေ့ရှိပါကစာရေးသူ၏အားနည်းချက်သာဖြစ်ပါသည်။စာရေးသူ၏စာပေသက်တမ်းနုနယ်မှု အတွေ့အကြုံအားနည်းမှုကြောင့်ဖြစ်ပေါ်လာ
သောရေးသားချက်မှားယွင်းမှုများသည်ဥက္ကဌကြီးမန်းဘဇန်နှင့်ကရင့်တော်လှန်ရေး၏ဂုဏ်ရောင်ပြောင်
သောသမိုင်းအစဉ်အလာနှင့်ဂုဏ်သိကQာ ကိုမထိခိုက်စေလိုပေ။တစုံတရာပါရှိသွားပါကစားရေးသူ၏အာ
နည်းချက်သာဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

ဤစာအုပ်သည် သမိုင်းသုတေသီများ၊ ကရင်အမျိုးသားလှုပ်ရှားမှုကို စိတ်ဝင်စားသူများ၊ လူမျိုးစုံ ညီအကိုတော်များမှ ဖတ်ရှုပြီးပါက ကရင့်လူမှုဘ၀ဖြစ်ပေါ်မှု့ကို နားလည်သဘောပေါက်ပြီးကရင် အမျိုးသားများအပေါ် စာနာထောက်ခံ လာနိုင်လိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါသည်။

ကျွန်ုပ်တို့သည် ပြည်တော်စုဖြိုခွဲသူများ၊ ခွဲထွက်ရေးသမား၊ နယ်ချဲ့နောက်လိုက်များ မဟုတ်ကြောင်း ဘ၀တူတိုင်း ရင်းသားလူမျိုးစုံညီကိုတော်များ သိရှိခံယူကြပြီးး
 လူမျိုးစုံသွေးစည်း ချစ်ကြည်မှုအဓွန့် ရှည်ရေး
 စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး
 ဒီမိုကရေစီလူမှုအခွင့်အရေးရရှိရေးနှင့်တာဝန်ရငြိမ်းချမ်းရေးတို့အတွက်တက်ညီလက်ညီပူးတွဲတိုက်ပွဲဝင်ကြမည်၊ အောင်ပွဲခံကြမည်ဟုယုံကြည်ပါသည်။ကမ္ဘာမြေကြီးတည်ရှိသရွေ့ ကရင်နှင့်ဘ၀တူညီကိုတော်များထာဝရစည်းလုံးနေမည်။နိုင်ငံတော်၏အချုပ်အချာအာဏာပိုင်ဆိုင်မှုကိုထိန်းသိမ်းကာကွယ်မည်။စစ်မှန်သောဖယ်ဒရယ်ပြည်တော်စုကြီးအတွင်းဌြိမ်းချမ်းသာယာဝပြောစွာ အတူတကွနေထိုင်ကြပါမည် ဟု အဓိဌာန်ပြုအပ်ပါသည်။
လေးစားစွာဖြင့်
(ဖူးကီးဒို)


(၃)
ကေအဲန်ယူအမျိုးသားများအစည်းအရုံးဥက္ကဌကြီးဒီအေဘီဥက္ကဌကြီး၊အမျိုးသားကောင်စီဥက္ကဌကြီးနှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်စစ်ဦးချုပ် ဗိုလ်ကြီးစောဘိုမြ၏ အမှာစာ

ဥက္ကဌကြီးမန်းဘဇန်သည်ကရင့်တော်လှန်ရေးကြီး၏ခေါင်းဆောင်ကောင်းတယောက်ဖြစ်ကြောင်း ကျွန်တော်ရဲဝံ့စွာအသိအမှတ်ပြုသည်။သူသည်ကရင့်တော်လှန်ရေးတစ်ခုလုံးမှာကျရောက်သောတာဝန်
များကို ကျေပွန်စွာထန်းဆောင်ပြီး ရန်သူကို အညံ့မခံ၊ အရှုံးမပေးပဲ ကရင့်လက်နက်ကို စွဲမြဲစွာဆုပ်ကိုင်ပြီး စစ်ရေးရော နိုင်ငံရေးပါ ရန်သူကိုအပြည့်အ၀ ခေါင်းဆောင်၍ တိုက်ပွဲဝင်ခဲ့သည်။ မပြီးးဆုံးသေးသော တော်လှန်ရေးကြီးကို လက်အောက်ခံခေါင်းဆောင်များအား တာဝန်ဆက်လက်ပေးအပ်ခဲ့ပါသည်။
ခေါင်းဆောင်ကြီး မန်းဘဇန်ကွယ်လွန်ပြီးဖြစ်သော်လည်း သူ၏စီစဉ်ချမှတ်ခဲ့သော စစ်ရေး၊ နိုင်ငံရေးလမ်းစဉ်သည် ဆက်လက်ပြီး ကရင်အမျိုးသားများ၏ ရန်သူကိုတိုက်ပွဲ ၀င်နေတုံးပင်ဖြစ်ပါသည်။
သူသည်သေသော်လည်း သူ၏အလုပ်သည် အသက်ရှင်ခိုင် မာတောင့်တင်းနေမြဲဖြစ်သည်။


ဗိုလ်ချုပ်ကြီးစောဘိုမြ
ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ
နေ့စွဲ ၁၃၊ ၄၊ ၁၉၉၃


(၄)
မွန်ပြည်သစ်ပါတီဥက္ကဌနှင့်အမျိုးသားဒီးမိုကရေစီတပ်ပေါင်းစု(မဒတ)ဥက္ကဌကြီးနိုင်ရွှေကျင်၏
ကျွန်တော်သိသောဥက္ကဌကြီးမန်းဘဇန်
မန်းဘဇန်သည် မြစ်ဝကျွန်းပေါ်၊ မအူပင်ခရိုင်သားဖြစ်သည်။ ကောလိပ်ကျောင်းသားဘ၀ကပင် မဟုတ်မခံနယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများတွင်ပါဝင်ဆင်နွဲခဲ့သူဖြစ်သည်။၁၉၃၈ခုနှစ်တွင်ကျောင်းသားများ ဆန္ဒပြမှုများနှင့် ဗိုလ်အောင်ကျော်ကျဆုံးသွားသောအတွင်းဝန်ရုံးကို ၀ိုင်းဝန်းစဉ်ကလည်း ဗြိတိသျှနယ်ချဲ့ လက်ဝါးစေတို့၏ နံပါတ်တုတ်ဖြင့်အရိုက်ခံသူများထဲတွင် သူပါဝင်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း၊ ကျွန်ုပ်တို့နိုင်ငံအား ဂျပန်တို့အုပ်ချုပ်စဉ် စတင်ဖြစ်ပွားခဲ့သော ကရင်ဗမာ အဓိကရုန်းတွင်လည်းလူမျိုးစုနှစ်စုသဟဇာတပြန်လည်ရရှိရေးအတွက်အားတက်သရော စွမ်းဆောင်ခဲ့သူတဦးဖြစ်သည်။
ဒုတိယကမ္ဘာစစ်ပြီးနောက်ကရင်အမျိုးသားလှုပ်ရှားမှုတွင်ကေအဲန်ယူအစည်းအရုံးဗဟိုအလုပ်အမှုဆောင်တယောက်အဖြင့်လည်းကောင်း၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ သဘာပတိအဖြစ်လည်းကောင်း၊
သုဝဏတိုင်းသတင်းစာ အယ်ဒီတာချုပ်ဖြင့်လည်းကောင်း၊ ၁၉၄၉ခုနှစ်မှ စတင်ခဲ့သောပြည်တွင်းစစ်တွင် ကေအဲန်ယူအစည်းအရုံး ဗဟိုအလုပ်မှုဆောင်အဖြစ်ဖြင့် လည်းကောင်း ၊ အမြော်အမြင်ကြီးမားလှသော ဥက္ကဌကြီး၏ ရှေ့ဆောင်မှုကို တသွေမတိမ်းထမ်းဆောင်ခဲ့သည်။ကေအဲန်ယူ အစည်းအရုံးသည် အယူအဆရေးရာတွင် မပြတ်မသားရှိစဉ် ၁၉၅၆ ခုနှစ်မှစ၍ ကေအဲန်ယူပါတီအမည်ကို ခံယူကာ၊ တိုးတက်သောနိုင်ငံရေးလုပ်ငန်းစဉ်များ ချမှတ်ဖေါ်ဆောင်ပေးခဲ့သူမှာ ဥက္ကဌမန်းဘဇန်ဖြစ်သည်။ ၁၉၄၈-ခုနှစ်လွတ်လပ်ရေးရပြီးနောက်အာဏာရဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်မြောက်ရေး(ဖဆပလ)အစိုးရအားဆန့်ကျင်ကြသည့် အတိုက်အခံနိုင်ငံရေး အင်အားစုများနှင့် ပလဲနံသင့်အောင် ဆက်ဆံ၍ ပူးတွဲတိုက်ပွဲဝင်နိုင်ရန် ကရင်အမျိုးသားတို့အား ရှေ့ဆောင်လမ်းပြသူလည်းဖြစ်သည်။

ဥက္ကကြီးစောဘဦးကြီးနှင့် မွန်ဥက္ကဌကြီးလှမောင်တို့ သမိုင်းဝင် သစ္စာအဓိဌာန်ပြုချက်လေးချက်
ကိုလက်မှတ်ရေးထိုးစဉ်က မန်းဘဇန်နှင့်မိမိတို့လည်း ရှိကြပါသည်။ မွန်၊ ကရင်ပူးတွဲလုပ်ငန်းများကို အကော်အထည်ဖော်ရာတွင် ဥက္ကဌကြီးမန်းဘဇန်သည် အထစ်အငေါ့မရှိစေရန် အမြဲတစေမွန် မြသောစေတနာဖြင့် ဆောင်ရွက်ခဲ့သည်။ လက်ဝဲအင်အားစုများဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီနှင့်၊ ပြည်သူ့ရဲဘော်အဖွဲ့ချုပ်တို့နှင့် ဆက်ဆံရာတွင်၊ အလုပ်ဖြစ်ရေးနှင့် တော်လှန်ရေးအရှိန် အဟုန်မြင့်တက်ရေးကို အာရုံပြုဆောင်ကျင်းခဲ့သည်။ အခြားကရင်နီ၊ ပအိုဝ့်၊ ကချင်၊ ရခိုင်နှင့် ရှမ်းပြည်ရှိ တိုင်းရင်းသားများအားထိတွေ့ဆက်ဆံရာတွင်လည်းတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာခွင့်ကိုထိပ်တန်းတင်စည်းရုံးသိမ်းသွင်းခဲ့သည်။

ဦးနုခေါင်းဆောင်သောပါလီမန်ဒီမိုကရေစီပါတီနှင့်ပူးပေါင်း၍တိုင်းရင်းသားညီညွတ်ရေးနှင့် လွတ်မြောက်ရေးတပ်ပေါင်းစု (တညလ)၏ ဥက္ကဌအဖြစ်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကိုစတင်တိုက်ပွဲဝင်စဉ်လည်း လုပ်ငန်းများ ရှောရှောရှုရှု ဖြစ်ရေးကို ရှေးရှုကာ ကြပ်မတဲ့ရှေ့ဆောင်ခဲ့သည်။

၁၉၇၆-ခုနှစ် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (မဒတ)ကို တည်ဆောက်စဉ်က မဟာလူမျိုးကြီး ၀ါဒ ကိုဆန့်ကျင်ကြသော မြန်မာမဟုတ်သည့် တိုင်းရင်းသားလူမျိုးစုအားလုံးတို့ကို ဥက္ကဌကြီး မန်းဘဇန်သည် စုစည်းပြီး စစ်အာဏာရှင် ဘုံရန်သူကို ဆန့်ကျင်တိုက်ပွဲ ၀င်ခဲ့သည်။ ဦးဆောင်မှုပေးခဲ့သော မဒတ ကြီးထွားလာကာ
ရှစ်လေးလုံးအရေးတော်ပုံ ပေါ်ပေါက်ခဲ့လာချိန်တွင် မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်(မဒမခ)ကို မွေးထုတ်ပေးနိုင်ခဲ့သည်။
မဒတနှင့် မဒမခတို့ကို ကမ္ဘာမှတ်အသိအမှတ်ပြု ၊ ထောက်ခံအားပေးလာသော အချိန်တွင် ဥက္ကဌကြီးမန်းဘဇန်မှာ ဘ၀တပါးသို့ကူးပြောင်းသွားရှာလေပြီ။ သူတသက်လုံးပြုစုပြိုးထောင်ခဲ့သော ကရင့်တော်လှန်ရေးနှင့် တပြည်လုံးအတိုင်းအတာဆောင်သော တော်လှန်ရေးအောင်ပွဲခံမည့်နေ့ကို မမှီလိုက်တော့သည်မှာ ၀မ်းနည်းစရာပင်။
ဥက္ကဌကြီးမန်းဇန် ကောင်းကင်ဘုံသုဂတိသို့လားပါစေဟုဆုတောင်းမေတပို့သလိုက်ပါသည်။
(နိုင်ရွှေကျင်)
မွန်ပြည်သစ်ပါတီ ဥက္ကဌ
နှင့်အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ)








မွန်ကရင်သစ်စာအဓိဌာန်(၄)ချက်၊
၁၉၄၇ခုနှစ်၊ အောက်တိုဘာ
မွန်လမြိုင်ကွန်ဂရက်၊
၁။ ကရင်နှင့်မွန် ပြည်နယ်ရသည့်တိုင် စည်းလုံးညီညွတ်စွာ လုပ်ကိုင်ရန်၊
၂။ နိုင်ငံဆက်ဆံရေးတွင် ကရင်နှင့်မွန် အပြန်အလှန် အသိပေးရန်၊
၃။ ကရင်နှင့်မွန် ပြည်နယ်ရလျှင် ငွေကျေးစနစ်တစ်တည်း ကျင့်သုံးရန်၊
၎။ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြရန်၊ ကရင်ကိုထိလျှင် မွန်ကိုထိသကဲ့သို့ သဘောထားရန်၊ ………………………………………………………………………………………………………………………………….

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယဥက္ကဌကြီးနှင့်အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု အထွေထွေအတွင်းရေးမှူး
ခိုင်စိုးနိုင်အောင်၏ အမှာစာ။
……………………………………………………………………………………………………………………………………………………..
ကျွန်တော်တွေ့ဆုံခဲ့ဘူးသည်ဥက္ကဌကြီးမန်းဘဇန်မှတ်မိနေပါသေးသည်။အမြဲသတိရနေပါသေးသည်။
၁၉၄၅ခုနှစ်နောက်ပိုင်းမြန်မာပြည်လက်နက်ကိုင်တော်လှန်ရေးသမိုင်းတွင်ထူးခြားထက်မြက်သည့် အမြှော်မြင်ကြီးမားသောကရင်အမျိုးသားကောင်းဆောင်ကြီးဥက္ကဌကြီးမန်းဘဇန်၊သူ၏မန်းရောဘဇန်ကပြေားတယ်၊သူ့ဖခင်မကွယ်လွန်မီအသံသွင်းတိတ်ခွေများကို စာအုပ်အဖြစ်ထုတ်ချင်လို့ အမှာစာရေးပေးရန် ပြောလာသည့်အတွက် ကျွန်တော်တွေ့ဖူးသည့် ဥက္ကဌမန်းဘဇန် ခေါင်းစဉ်ဖြင့်ရေးသားလိုက်သည်။
ကျနော်ရန်ကုန်မှာနေထိုင်ခဲ့စဉ်ကအုပ်စိုးသူအစိုးရသတင်းစာ၊မက်ဂဇင်းမှတမျိုး။ ရေးဒီယိုမှတဖုံကြားဖူးခဲ့သည်။ရန်သူအုပ်စိုးသူအစိုး၏အခေါ်အဝေါ်အသုံးအနှုန်းအရကရင်သောင်းကျန်းသူခေါင်းဆောင်အဖြစ်ကျော်ကြားသည်။ ကျွနုပ်စိတ်ထင်မှာဥက္ကဌကြီးမန်းဘဇန်သည် ဂုဏ်ပကာသနများ၊ ဟိတ်လုံးများ၊ ဟန်လုံးများ၊ ဘ၀င်မြင့်မှုများ ရှိလိမ့်မည် ဟုယူဆ ခဲ့သည်။
၁၉၇၃ခုနှစ် ကုန်ခါနီးလောက်တွင် ကေအဲန်ယူဗဟိုဌာနချုပ်ရှိ ရွာတစ်ရွာ၌ ပထမဆုံးအကြိမ် တွေ့ဆုံဘူးသည်။ စတွေ့လျှင်တွေ့ချင်း အံ့သြမိသည်။ သူ့အပေါ် ကျွန်တော်ထင်မြင်ယူဆခဲ့သည့် အမြင်သည် သူနှင့်တွေ့သောအခါ တခြား စီဖြစ်နေသည်ကို တွေ့ရသည်။ သူနှင့်စတွေ့သောအချိန်မှာ ကျနော်သည် အသက်နှစ်ဆယ်ကျော် ခန့်သာရှိသေးသည်။ ကျတော်သည် ရန်ကုန်မြို့တွင်နေထိုင်ခဲ့စဉ်ကနိုင်ငံရေးသမား ၊ လူပုဂ္ဂိုလ်အမျိုးမျိုးတို့နှင့် ကြိမ်ဖန်များစွာတွေ့ဆုံခဲ့ရသည်။ သူတို့နှင့်တွေ့ဆုံခဲ့စဉ်က သူတို့၏ ဂုဏ်ပကာသန၊ မာန၊ ဟိတ်လုံးဟန်လုံးများဖြင့် ဆက်ဆံပြောဆိုမှုများကို အများအားဖြင့် ကြုံတွေ့ခဲ့ရသည်။
ကျနော်သူနှင့်စတွေ့ချိန်တွင်အသက်အရွယ်အားဖြင့်လူငယ်တစ်ယောက်သာဖြစ်သော်လည်းကျနော်တို့နှင့်ပြောဆိုဆက်ဆံရာတွင်ဂုဏ်ပကာသနကင်းမဲ့စွာဟိတ်လုံးဟန်လုံးမရှိပဲတန်းတူညီတူပြောဆိုဆက်ဆံသည်။အပြန်မလှန်လေးစားမှုကိုဖော်ပြသည်။ဒီမိုကရေစီသဘောတရားကိုအထူးလေးစားသည်ကိုတွေ့ရသည်။ ပွင့်လင်းသည် ဟန်ဆောင်မှုကင်းမဲ့သည်။
၁၉၇၆ -ခုနှစ် လူမျိုးပေါင်းစုံနှီးနှောဖလှယ်တခုတွင် သူ၏ အမြှော်အမြင်ကြီးမားမှုနှင့် စွမ်းရည်ထက်မြက်မှုကိုသိရှိခဲ့ရသည်။ ထိုနှီးနှောဖလှယ်ပွဲသို့ လက်နက်အဖွဲ့ အစည်း (၁၃) ဖွဲ့တက်ရောက်ကြသည်။အဖွဲ့အစည်းအလိုက်စာတမ်းများရေးသားကာဆွေးနွေးကြသည်။သူတို့ဆွေးနွေးတင်ပြချက်တွင် ဆီနှင့်ရေကဲ့သို့အလွန်ကွာခြားကြသည်။ ဥက္ကဌကြီးမန်းဘဇန်သည်အဖွဲ့အစည်းပေါင်းစုံမှ ဆွေနွေးတင်ပြချက်ကိုစိတ်လက်ရှည်၊သဘောထားကြီးစွာဖြင့်သူ၏လေ့လာထားမှုများကိုအခြေအနေပြောင်းလဲနေမှုနှင့် လိုက်လျှောညီထွေစွာပြန်လည်ရှင်းလင်းတင်ပြသည်။ အဖွဲ့အစည်းပေါင်းစုံမှ ကွဲပြားခြားနားသည့်တင်ပြဆွေးနွေးချက်များကို ကျေနပ်မှုရှိအောင် ပြန်လည်ရှင်းပြနိုင်သည်။ သူသည်မြန်မ်ာနိုင်၏နိုင်ငံရေးနယ်ပယ်နှင့် လက်နက်ကိုင်တော်လှန်ရေးနယ်ပယ်တွင်လပ်နေသည့်၊ ဟာနေသည့်ကွက်လပ်ကြီးကို ဖြည့်စည်းပေးနိုင်ခဲ့သည့်။ ဤကွက် လပ်ကြီးသည်မြန်ပြည် လက်နက်ကိုင်တော်လှန် ရေးသမိုင်းတွင် အရေးကြီးဆုံးနှင့်အရေးပါဆုံးဖြစ်သည်။ ယနေ့ထိ ရှင်သန် နေဆဲဖြစ်သည်။ ဆိုလိုသည်မှာ၊ ၁၉၇၆ခုနှစ်၊ မေလ(၁၀)ရက်နေ့တွင် (မဒတ) ကို ဖွဲ့စည်းတည်ဆောက်ခြင်းကိုဆိုလိုသည်။ အများကလက်ခံနိုင်သည့်ဘုံလုပ်ငန်း ကိုချမှတ်နိုင်ခဲ့သဖြင့် မဒတကို ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။ မဒတကို ဖွဲ့စည်းပြီးနောက် မြန်မာပြည်ရှိလူမျိုးအလိုက် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများသည်မဒတ၏အလံတော်အောက်တွင်စုစည်းပါဝင်လာကြ သည်။
မဒတအလံတော်အောက်တွင် လက်နက်ကိုင်အင်အားစုများ စုစည်းလာကြခြင်းမှာ အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်မှုကိုချမှတ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ဥက္ကဌကြီးမန်းဘဇန်သည် အစည်းအဝေး ကျင်းပတိုင်း စစ်မှန် သည့်ဖဒရယ်မှုနှင့် ပြည်ထောင်စုတည်ဆောက် ရန်ကစ္စကို အမြဲဆွေးနွေးလေ့ရှိသည်။ သူသည်အခြေအနေကိုမှန်မှန်ကန် ကန်သုံးသပ်နိုင်သူဖြစ်ပြီး ဖြစ်ချင်တာကိုဦး စားမပေးပဲ ဖြစ်သင့်တာကို လုပ်ဆောင်နိုင်စွမ်းရှိသည့် ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။
သူသည်ကရင်အမျိုးသားခေါင်းဆောင်တစ်ယောက်ဖြစ်သော်လည်းမြန်မာနိုင်ရှိ တိုင်းရင်းသားလူမျိုးများ အားလုံး ၏ လွတ်လပ်မှု၊ တမ်းတူမှူး၊ ဘ၀ဖြစ်ပေါ်တိုးတက်မှုရှိသော၊ ထာဝရငြိမ်းချမ်းသာယာသော၊ဖယ်ဒရယ်ပြည်ထောင် စုဖြစ် ပေါ်လာရန် ကြိုးပမ်းခဲ့သူတယောက်ဖြစ်သည် ကိုမည်သူမှငြင်းနိုင်မည်မဟုတ်ပါ။
ယနေ့မြန်မာပြည်ရှိ လက်နက်ကိုင် အဖွဲ့အစည်းအများစု လက်ခံကျင့်သုံးနေသည့် အမျိုးသား ဒီမိုကရေစီလမ်း စဉ်သည် ဥက္ကဌကြီးမန်းဘဇန်ချမှတ်ပေးခဲ့သည့် အခြေခံမူများသည်လည်း ဥက္ကဌမန်းဘဇန်မှမျိုးစေ့ချပေးခဲ့ခြင်းဖြစ်သည်။သူသည်လူမျိုးစုံချစ်ကြည်ရေး၊စည်းလုံးညီညွတ်ရေးစိတ်ဓါတ် အပြည့်အ၀ရှိသူတစ်ဦးဖြစ်သည်။ တပ်ပေါင်းစုနှင့်သာ အောင် ပွဲခံမည်ဆိုသည့် အမြင်ရှိသူဖြစ်သည်။ သူမကွယ်လွန်မီသူ၏မျက်စိနှစ်ဘက်ကွယ်ခဲ့သည်။မျက်စိနှစ်ဘက်အလင်းမရတော့သည့်အချိန်တွင်လည်း တပ်ပေါင်းစုအစည်းအဝေး ကျင်းပသည့်အချိန်တွင်လည်း တက်ရောက်နားထောင်လေ့ရှိသည်။ လိုအပ်သလိုအကြံပေးတတ်သည်။သူမကွယ်လွန်မီကော်မူးရာရှိသူ၏သမီးအိမ်သို့ အလည်ရောက်ရှိစဉ်က ကျနော်သွားတွေ့ခဲ့သည်။သူသည်သူ့အနေဖြင့်မျက်စိနှစ်ဘက်အလင်းမရဖြစ်သော်လည်းနိုင်ငံရေးအကြောင်းအရာများကို စိတ်အားထက်သန်စွာ ဆွေးနွေးသည်။ သူဆွေးနွေးသည့်အထဲတွင်ထူးခြားတစ်ခုကို ကျနော်မှတ်မိနေပါသေးသည်။ တပ်ပေါင်းစုနှစ်ပင်အောင်ပွဲခံမည်။ မြန်မာပြည်ရှိလူမျိုးစု ပြသနာများကို တန်းတူရေးနှင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်မူနှင့် ဖြေရှင်းမှရနိုင်မည်ဟု ဆွေးနွေးပြသည်များကို ကျနော်ယနေ့အထိ အမှတ်ရနေပါသေးသည်။
သူ့မှာအလွန်လေးစားဖို့ကောင်သည့်အချက်တစ်ချက်ရှိသေးသည်။ခေတ်ပညာတတ်တစ်ယောက်၊ ဗဟုသုတကြွယ်ဝသူ၊အတွေအကြုံရင့်ကျက်သူ၊စွမ်းရည်ထက်မြက်သူတယောက်ဖြစ်သဖြင့်သူ့အဖွဲ့အစည်းမှာလည်း အမြင့်ဆုံးကောင်းဆောင်၊ တပ်ပေါင်းစုတွင်လည်း အမြင့်ဆုံးကောင်းဆောင်ဖြစ်ခဲ့သည်။ သို့ရာတွင်ကွယ်လွန်သွားသည့်အ ခါသူ့မှာ စည်းစိမ်ဥစ္စာဆိုလို့ပြသရန် မယ်မယ်ရရမတွေ့ရပေ၊ ဤသည်မှာအလွန်လေးစားထိုက်သည့် အချက်တစ်ချက် ဖြစ်သည်။ သူ့မှာကျန်လိုက်တာကတော့ တပ်ပေါင်းစုနှင့်အောင်ပွဲခံမည်ဆိုတဲ့ယုံကြည်ချက်၊ တန်းတူရေးနဲ့၊ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဆိုတဲ့ သူ့ရဲ့စိတ်ဓာတ်နှင့် ၀ိညာဏ်များသာ ကျန်ခဲ့ပေသည်။ သူ၏ယုံကြည်ချက်များနှင့် စိတ်ဝိညာဏ်သည် ရှင်သန်နေဆဲဖြစ်နေမည်။
(မဒသ) အထွေထွေအတွင်းရေးမှူး
မျိုးသားဒီမိုကရေစီတပ်ပေါင်းစု
ရက်စွဲ- ၁၉၉၄ ခုနှစ် ဖေပေါ်ဝါရီလ ၁၆)ရက်။

No comments: