အပိုဒ်(၆)
ဥက္ကကြီးမန်းဘဇန်နှင့် တွေ့ဆုံဆွေးနွေးပွဲ
အမျိုးသားဒီမိုကရေစီ တော်လှန်ရေးလိုက်နက်ကိုင် တိုက်ပွဲဆင်နွှဲလျှက်ရှိသော ကျွန်တော်တို့သည် ဖောက်ပြန်သော အစိုးရ လူတန်းစားများနှင့် သုံးကြိမ်ကြိမ်တိုင်တိုင် စားပွဲတိုက်ပွဲ၊ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ဘူးသည်။ ပထမဆုံးအကြိမ် ဦးနု ခေါင်းဆောင်သော ဖဆပလနှင့် ၁၉၄၉ခုနှစ်၊ ဧပြီလ (၆)ရက်နေ့တွင် တကြိမ်၊ ၁၉၆၀ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်နေ၀င်း ခေါင်းဆောင်သည့် အိမ်စောင့်အစိုးရနှင့် ဒုတိယအကြိမ်၊ ထိုနောက် ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့တွင် ဗိုလ်နေ၀င်း ခေါင်းဆောင်သော မဆလစစ်အာဏာရှင်အစိုးရနှင့် တကြိမ်ဆွေးနွေးပွဲများသို့ တက်ရောက်ကြပါသည်။
ဤသို့ တွေ့ဆုံဆွေးနွေးခြင်းသည် အကြောင်းမဲ့မဟုတ်ပေ။ ရေရှည်စစ်ဆင်နွှဲခြင်းဖြင့် အကျိုးရှိသည့် နိုင်ငံဟူ၍ မရှိခဲ့ဘူးသေး ပေ။ စစ်၏ဆိုးဝါးသော အနိဌာန်ရုံများကို သေသေချာချာသိရှိသူသာလျှင်၊ စစ်ကိုအကျိုးရှိစွာ ဆက်လက်တိုက်ခိုက်သည့် နည်းကို သေသေချာချာသိနိုင်၏။ မတိုက်ရပဲ ရန်သူ၏ခုခံမှုကို ရိုက်ချိုးနိုင်ခြင်းသည် အကောင်းဆုံးဖြစ်၏။ စစ်ဆိုသည်မှာ အနုနည်းဖြင့်ဆောင်ရွက်ရန်မရသောကြောင့် အခြားနည်းကိုသုံးရသော နိုင်ငံရေးတနည်းဖြစ်သည်ဟု စစ်အတတ်ပညာ စာအုပ် များဖြစ်သော
-Roots of Strategy
-The way to win war(သို့မဟုတ်)
-Strategy-An Indirect Approch (သို့မဟုတ်)
-Decisive war of History စစ်ပညာစာအုပ်များမှ
-သေနင်္ဂဗျူဟာနှင့် စစ်ပညာပါရဂူများမှ ပညာပေးရှေ့ဆောင်ထားသည့်အတိုင်း လိုအပ်သလို တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။
အမတ်ကြီးစည့် စစ်ပညာပါရဂူများမှ ပညာပေး ရှေ့ဆောင်ထားသည့်အတိုင်း လိုအပ်သလို တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီရေးအတွက် စစ်အာဏာရှင်များနှင့်ဖြစ်ပွားသော ပဋိပက္ခမှ လက်နက်ကိုင်တိုက်ပွဲမှတပါး၊ အခြားရွေး ချယ်စရာလမ်းမရှိတော့သဖြင့် ဆင်နွှဲနေရခြင်းဖြစ်သည်။ တကြိုးသတ်မဟုတ်သော(သက်သတ်လွတ်စားသည့် ကျားသတ္တ၀ါ ဟူ၍ တကောင်မျှမရှိ)၊ သို့သော် တခုသော တိုက်ပွဲပုံစံအရ တွေ့ဆုံဆွေးနွေးသင့်သည့် တိုင်ပွဲမျိုး၌ တွေ့ဆုံဆွေးနွေးရမည်ဖြစ် သည်။
လက်နက်ကိုင်တိုက်ပွဲတလျှောက်လုံး တွေ့ဆုံဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခဲ့သော ဥက္ကကြီးမန်းဘဇန်ကိုယ်တိုင် အသံ သွင်းယူထားသည့် တိတ်ခွေမှ (ရသ)မပျက်စေခြင်းအလို့ငှါ အင်းစိန်တိုက်ပွဲ (၁၁၁)ရက်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့အချိန် မှာ နိုင်ငံရေးပြဿနာတခုဖြစ်လာတယ်။ ဖြစ်ရတဲ့အကြောင်းကတော့ ကရင်ကိုတိုက်ဘို့ ကွန်မြူနစ်တွေနဲ့စေ့စပ်ရာမှာ စေ့စပ် ပွဲပျက်သွားတော့ ကျွန်တော်တို့ကရင်ဘက်ကို လှည့်တာတယ်၊ လှည့်ပုံလှည့်နည်းက-
ကရင်တွေစည်းရုံးပေးဘို့၊ ရန်ကုန်မှာရှိနေတဲ့ အင်္ဂလိပ်သံအမတ်ကြီး Mr.Boker (မစ္စတာ ဘိုကာ)၊အိန္ဒိသံအမတ်ကြီး Dr.RAUF(ဒေါက်တာ ရပ်ဖ်)၊ ပါကစ္စတန်သံအမတ်ကြီး Mr.M.D.Ali) မစ္စတာ အာလီ တို့အပြင် ခရစ်ယာန်အင်္ဂလီကန်ဂိုဏ်း ချုပ်ကြီး Bishop West (ဘိရှော့ ၀က်စ်) ဆာစံစီဖိုးသမီး မစ္စ ဘမောင်ချိန်တို့ကို ချည်းကပ်ပြီး ကျွန်တော်တို့နဲ့ လာကမ်းလှမ်း တယ်။ ဥက္ကကြီးစောဘဦးကြီးဆီ ဦးနုကစာရေးတယ်။ စာပါအကြောင်းအရာကတော့-
ခင်ဗျားတို့နဲ့ ကျွန်တော်တို့တိုက်နေကြတာ မကောင်းပါဘူး၊ တိုင်းပြည်လဲ မီးလောင်ကုန်ပြီး၊ ကရင်ရော၊ ဗမာလူထုပါ သေကြေကြတဲ့အတွက် ပြဿနာတွေကို ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးမယ်၊ ဖြေရှင်မယ်ဆိုပြီးတော့ ကမ်းလှမ်းလိုက်တယ်။ ဥက္ကဌကြီးစောဘဦးကြီးက ဒါကိုလက်ခံပြီး ၁၉၄၉ခုနှစ်၊ ဧပြီလ (၆)ရက်နေ့မှာ သွားတွေ့တယ်။ ဒီအချိန်မှာ အားနည်းချက်ရှိ တယ်။ ဒီအားနည်းချက်က-
-တွေ့ဆုံဆွေးနွေးရေးအတွက် ပြင်ဆင်မှုမရှိ၊
-ဘာတွေတောင်းဆိုမယ်၊ ဘာတွေလုပ်မယ်၊
-ဘာတွေစီစဉ်မယ်ဆိုတာမရှိဘူး၊ ဥက္ကဌကြီး စောဘဦးကြီးကို လွှတ်လိုက်တယ်။ ဥက္ကဌကြီးနဲ့အတူ မန်းဂျိမ်းစ်ထွန်းအောင်၊ စောဘဲလေနဲ့ ဘိရှော့ဝက်ခ်လဲပါတယ်။
တွေ့ဆုံဆွေးနွေးရေးမှာ ဖဆပလ အစိုးရဘက်မှ ကျင်လည်စွာနည်းပရိယာယ်များ ကျင့်သုံးနိုင်ခြင်းကြောင့်လည်းကောင်း၊ ဗြိတိသျှ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘိရှော့်ဝက်ခ်၊ ဆာစံစီဖိုးသမီး မစ္စကလာရာဘဲင်ဘမောင်ချိန်တို့ရဲ့ ဆွဲဆောင်ဖိအားပေးမှု ကြောင့်လည်းကောင်း၊ တွေ့ဆုံစေ့စပ်ရေးမှာ လက်နက်ချရေးသို့ ရောက်သွားတယ်။ KNU ဥက္ကကြီး စောဘဦးကြီးအား ဖဆပ လဘက်မှ တင်ပြလာတဲ့လက်နက်ချရေး အစီအစဉ်ကို သဘောလက်မှတ်ရေးထိုးလိုက်တယ်။ ဒီအစီအစဉ်မှာ အင်းစိန်ရှိ ကေအဲန်ဒီအိုတပ်များရှိ လက်နက်ကြီးများကိုပေးအပ်ရန်၊ လက်နက်ချပြီးနောက် စောဘဦးပြည်နယ် စုံစမ်းရေးကော်မရှင် တွင် ကရင်ပြည်အရေးကို ဆက်လက်ဆောင်ရွက်ရန်ဖြစ်တယ်။ လက်နက်ချပွဲကို ဧပြီးလ (၈)ရက် သမိုင်းဦးသော့ ပုံဂံခေတ် တွင် ပြုလုပ်ရန်ဖြစ်တယ် ဟုဖေါ်ပြသည်။
ပြန်ရောက်တော့ အင်းစိန်မှာရှိတဲ့ ကျွန်တော်တို့ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းက ခေါင်းဆောင်တွေကိုခေါ်ပြီး ဆွေးနွေး တယ်။ ဒီစာဟာ လက်နက်ချတဲ့ သဘောမျိုးဖြစ်နေတယ်။ ဒီတော့ကျွန်တော်တို့လက်မခံနိုင်ဘူး၊ လက်မခံနိုင်တော့ ပြဿနာ ပေါ်နေပြီး၊ ဒီတော့ ဘယ်လိုလုပ်မလဲ၊ ဒါကို ဖျက်ရမယ်၊ မဖျက်ရင် ကျွန်တော်တို့မှာ တာဝန်သိပ်ကြီးနေတယ်။
ဥက္ကဌကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားတော့ လုပ်ရမှာဖြစ်တယ်။ ဒီတော့ မလုပ်နိုင်အောင် ဖျက်ရမယ်။ စဉ်းစားကြ တယ်၊ ဥက္ကဌကြီးက အကြံပေးတယ်၊ ငါက KNU ဥက္ကဌအနေနဲ့ လက်မှတ်ထိုးလိုက်ပြီ၊ ဒါပေမဲ့ မတရားအသင်းကြေညာထား တာက KNDO၊ လက်နက်ကိုင်တိုက်နေတာက KNDO ဒီတော့ KNDO အနေနဲ့ဆွေးနွေးပေါ့။
ဘဇန်က KNDO တာဝန်ယူထားတော့၊ ဘဇန်သွားဆွေးနွေးပေါ့လို့ ဥက္ကဌကြီးစောဘဦးက အကြံပေးတယ်။ ဒီအစည်းအဝေး ကနေ ကျွန်တော်ကိုလွှတ်တယ်။ ကျွန်တော့်ကိုလွှတ်တော့ ဒါကိုပျက်အောင် ဖျက်ရတယ်။ ဒါကိုလက်မခံနိုင်ဘူး။ ဒါဟာ လက်နက်ချရေး၊ ဒါကြောင့် ကျွန်တော်နောက်တနေ့ ၁၉၄၉ ခုနှစ်၊ မေလ (၅)ရက်နေ့မှာ လိုက်သွားတယ်။
နှစ်ဖက်ဆွေးနွေးရန်စီစဉ်သည်။ မဆွေးနွေးမှီ ဆာဘဦးအိမ်တွင် ၎င်းနှင့် ဦးစွာတွေ့ဆုံပေးသည်။ ဆာဘဦးနှင့်တွေ့ဆုံရာတွင် ကျွန်တော်မှ ဆာဘဦးအား အန်ကယ်လ်ခင်ဗျား၊ ကျွန်တော်တို့ခေါင်းဆောင်တွေ လာရောက်ဆွေးနွေးခြင်းဟာ လက်နက်ချ ဘို့မဟုတ်ဘူး၊ နှစ်ဦးနှစ်ဘက် အချင်းဖြစ်ပွားနေတဲ့ ပဋိပက္ခကို ပြေလည်အောင်ဖြေရှင်းပြီး နှစ်ဦးနှစ်ဘက် အပစ်အခတ်ရပ်စဲ ဘို့ ဖြစ်ပါတယ်။ စစ်ဖြစ်တဲ့ အကြောင်းရပ်ကတော့-
ကရင်အမျိုးသားများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်တဲ့ ကရင်ပြည်အရေးကြောင့်ဖြစ်ပါတယ်။ ကရင်ပြည်အရေးနဲ့ပတ် သက်ပြီး KNU က တင်ပြထားပြီးဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာ KNU က တင်ပြထားတဲ့ ကရင်ပြည်အရေးကို လက်ခံ တယ်ဆိုရင် ပြဿနာပြေလည်သွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ခေါင်းဆောင်တွေ လက်ခံခဲ့တဲ့ လက်နက်ချရေးအစီစဉ်ကို လက်မခံနိုင်ကြောင်း ကျွန်တော်မှ အတိအကျပြောပါ တယ်။ ဆာဘဦးက-
အန်ကယ်လ် ဘာမှမပြောလိုပါဘူး၊ အန်ကယ်လ်သဘောထားကို ပြောရရင်အန်ကယ်လ် လည်ပင်းပြတ်သွားမယ်။ မှားတယ် မှန်တယ်ဆိုတာမပြောချင်ဘူးလို့ ကျွန်တော်ကို ပြန်ပြောတယ်။
ဆာဘဦးကြီးက ကျွန်တော့်သဘောထားကို ဖဆပလ၀န်ကြီးချုပ် ဦးနုထံ တယ်လီဖုန်းနဲ့ အကြောင်းကြားလိုက်တော့ ဖဆပလ နိုင်ငံခြားရေး ၀န်ကြီးဦးဧမောင်ကို ကျွန်တော်နဲ့ဆွေးနွေးဘို့ စေလွှတ်လိုက်တယ်။
ဦးဧမောင် ရောက်လာတော့ ၎င်းမှ-
ခင်ဗျားတို့ ခေါင်းဆောင်ကြီး စောဘဦးကြီး လက်ခံထားတာကို ခင်ဗျားတို့လက်မခံရင် ကျွန်တော်တို့ဘက်က တိုက်ရ မှာပဲလို့ ခြိမ်းခြောက်လာတဲ့ သဘောနဲ့ပြောလာတယ်၊ ဦးဧမောင် ဘုကျကျပြောလိုက်တော့ ကျွန်တော် ဒေါသဖြစ်လာပြီး-
ဒီမှာ ဦးဧမောင် ကျွန်တော်တို့ခေါင်းဆောင်တွေ လာရောက်ဆွေးနွေးတာဟာ လက်နက်ချဘို့ မဟုတ်ဘူးဗျ၊ ပြဿနာ ရပ်တွေကို ပြေလည်အောင်ဖြေရှင်းပြီး ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ဘို့ ဖြစ်တယ်။
တွေ့ဆုံဆွေးနွေးရာမှာ ကျွန်တော်တို့ ခေါင်းဆောင်တွေကို လက်နက်ချဘို့ခိုင်းတာဟာ မတရားတဲ့ လုပ်ဆောင်မှုဖြစ် တယ်။ ခင်ဗျားကို ကျွန်တော်တခုပဲပြောမယ်၊ လက်နက်ချရေးကို ကျွန်တော်တို့ ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး၊ လက် နက်မချရင် ခင်ဗျားတို့က ပြန်ချမယ်ဆိုတာ ကျွန်တော်တို့အတွက် မဆန်းပါဘူး။ ကျွန်တော်တို့ခုတိုက်နေတာ သွေးတောင်မ ပူသေးဘူးလို့ ဘုကျကျပြန်ပြောလိုက်တယ်။
ဦးဧမောင်နဲ့စကားပြောပြီး မဆလအစိုးရ ကိုယ်စားလှယ်နဲ့ ဆွေးနွေးပွဲပြန်လုပ်တယ်။ ဖဆပလ အစိုးရကိုယ်စားလှယ် အဖွဲ့မှာ-
(၁) ဦးနု
(၂) ဗိုလ်ကက်ျာ
(၃) ဗိုလ်နေ၀င်း
(၄) ဗိုလ်ခင်မောင်လေး
(၅) စောကြာဒိုးတို့ တက်ရောက်ကြတယ်။
ဒီဆွေးနွေးပွဲမှာ ဦးနုက ကျွန်တော့်ကို-မန်းဘဇန်၊ ခင်ဗျားတို့ ဥက္ကဌကြီး စောဘဦးကြီးက လက်မှတ်ထိုးပြီးပြီ၊ ခင်ဗျား တို့ဘယ်ဖျက်လို့ကောင်းမလဲ လို့ပြောလာတယ်။
ဥက္ကဌကြီး လက်မှတ်ထိုးထားတာကို လက်ခံရမယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ ဥက္ကဌကြီး လက်မှတ်ထိုးတာက ကျွန် တော်တို့ အညံ့ခံရတာ၊ အရှုံးပေးရတာပဲ၊ ကျွန်တော်တို့လိုလားချက်တွေကို စွန့်လွှတ်လိုက်တာနဲ့အတူတူပဲ၊ ငြိမ်းချမ်းရေးကို လိုချင်ရင် လွယ်ပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ကရင်ပြည်ကို ခင်ဗျားတို့ဖြေရှင်းပေးနိုင်ရင် ပြီးတာပဲလို့ပြောတော့ ဦးနုက ခင်ဗျားတခုစဉ်းစားပါ၊ ခင်ဗျားတို့ ဥက္ကဌရဲ့ ဂုဏ်သိက္ခကို ထိန်းသိမ်းပါအုံးတဲ့ ကျွန်တော်က-
ဥက္ကဌကြီးကို လေးစားတယ်။ ဒါပေမဲ့ ခင်ဗျားတို့လိမ်တာက မကောင်းဘူးဗျား၊ ကျွန်တော်တို့ ဥက္ကဌကြီးက သူ့စေတ နာအရ ခင်ဗျားတို့ဆီလာတယ်၊ ငြိမ်းချမ်းရေးလိုလားတယ်၊ ကောင်းတာဖြစ်ချင်ပါတယ်၊ ခင်ဗျားတို့လှည့်ပြီး လက်နက်ချခိုင်း တော့မကောင်းဘူးဗျား၊ ဒါကိုကျွန်တော်တို့လက်မခံနိုင်ဘူး။ ဒါပေမဲ့ တခုတော့ရှိတယ်။ ကျွန်တော်တို့ ခေါင်းဆောင်တွေနဲ့ ပြန် ဆွေးနွေးပြီး အကြောင်းပြန်မယ်လို့ ဆွေးနွေးပြီး အင်းစိန်ကိုပြန်လာတယ်။
ဒီကျတော့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီး လက်မခံနိုင်ကြောင်း စောဟံတာသာမွေးနဲ့ အင်းစိန်စစ်မြေပြင် စစ်ဆင် ရေးမှူး ဗိုလ်မှူးအောင်စိန်တို့ လက်မှတ်ရေးထိုးပြီး ပြန်ကြားလိုက်တယ်။ တွေ့ဆုံဆွေးနွေးပွဲမအောင်မြင်ပဲ ပျက်ပြားသွားပြီး အင်းစိန်တိုက်ပွဲ ဆက်ဖြစ်တယ်။ ကျွန်တော်တို့ ကျွန်တော်တို့ သင်ခန်းစာယူဘို့ရှိတယ်။
ကျွန်တော်တို့ နိုင်ငံရေးမှာ နုတယ်။
ကျွန်တော်တို့ ခေါင်းဆောင်ကြီး စောဘဦးကြီးကို အကြီးအကျယ်လေးစာတယ်။
ဘာတွေဆွေးနွေးမယ် ဘာလုပ်မယ်ဆိုတဲ့ (Mandate)မပေးလိုက်ဘူး၊ ဟိုရောက်တော့ ဥက္ကဌကြီးကို ဟိုကစည်းရုံး၊ ဒီကစည်းရုံးဆိုတော့ လည်သွားတယ်၊ ကျွန်တော်ကိုတောင်စည်းရုံးသေးတယ်။ ဖဆပလနဲ့ မဆွေးနွေးခင် အိန္ဒယသံအမတ် ကြီး မစ္စတာရော့နဲ့ မစ္စဘမောင်ချိန်တို့က စည်းရုံးတယ်။
မစ္စစ်ဘမောင်ချိန်က မန်းဘဇန်-စဉ်စားပါကွာ၊ ခင်ဗျားတို့လက်နက်အပ်ပြီး ကရင်ပြည်နယ်အရေးဆက်လုပ်ပါတဲ့။
ဟာ၊ ဒါတော့မဖြစ်နိုင်ဘူး၊ ကရင်အချင်းချင်းမို့ ကျွန်တော်တခုပြောမယ်။ ကျွန်တော်တို့လိုချင်တဲ့ ကရင်ပြည်ကို သူတို့ ဘယ်နည်းနဲ့မှပေးမှာမဟုတ်ဘူး၊ ကရင်ပြည်ရဘို့ဟာ လက်နက်ကိုင်တိုက်ပွဲမှတပါး အခြားနည်းမရှိတော့ဘူး၊ ဒါကြောင့်ကျွန် တော်တို့တိုက်ရမှာပဲ ဆိုတဲ့ဆုံးဖြတ်ချက်အတိုင်း ပြန်ပြောလိုက်တယ်။ ထိုနေရာ၌ပင် ပထမအကြိမ်းတွေ့ဆုံဆွေးနွေးပွဲ ပျက် သွားတော့သည်။
ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ
၁၉၆၀ ခုနှစ်၊ ဗိုလ်နေ၀င်း အိမ်စောင့်အစိုးရလက်ထက်တွင် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန် လျှို့ဝှက်ကမ်းလှမ်း သည်။ လျှို့ဝှက်တွေ့ဆုံဆွေးနွေးပွဲကို KNU ပါတီမှလက်ခံပြီး ကိုယ်စားလှယ်အဖွဲ့ကို ရွေးချယ်လိုက်သည်။ ထိုကိုယ်စားလှယ် အဖွဲ့တွင်-
(၁) ဗိုလ်ချုပ်ကော်ထူး (ဗိုလ်ချုပ်ကျော်မြသန်း)
(၂) စကောလယ်တော
(၃) ပဒိုဖိုးညော
(၄) ဗိုလ်ကျင်ဖေ
(၅) ဗိုလ်မြစိန် တို့ဖြစ်ကြသည်။
၁၉၆၀ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် ဗိုလ်နေ၀င်း အိမ်စောင့်အစိုးရနှင့် လျှို့ဝှက်တွေ့ဆုံဆွေးနွေးကြသည်။ တွေ့ဆုံဆွေးနွေးမည့် ဗိုလ်နေ၀င်း အိမ်စောင့်အစိုးရမှ-
(၁) ဗိုလ်အောင်ကြီး
(၂) ဗိုလ်မောင်မောင်
(၃) ဗိုလ်မောင်ရွှေတို့ဖြစ်ကြပြီး၊ ဗိုလ်ဘဖြူ၊ ဗိုလ်စံကြည်၊ ဗိုလ်မောင်လွင်တို့ လေ့လားသူများအဖြစ် တက်ရောက်ကြသည်။ နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲတွင် KNUဘက်မှ-
တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကရင်ပြည်ပေးရန် တောင်းဆိုသည်။ ကရင်ပြည်အရေးနှင့် ပတ်သက်၍ လွှတ် တော်အတွင်း၌ပင် ဆက်လက်တောင်းဆိုတိုက်ပွဲဝင်ရန် (ဓါတ်ပြားဟောင်းကြီး ပြန်ဖွင့်ပြသည်။)
ကရင့်လက်နက်ကိုင်တပ်မတော် ထားရှိရေးနှင့်ပတ်သက်၍ လက်နက်ကိုင်တပ်များမှ လက်နက်ကိုင်ထားပြီး ခေါင်း ဆောင်များမှ လက်နက်ချသည့်သဘောမျိုး၊ လက်နက်အငယ်ပေးအပ်ရန် တောင်းဆိုသည်၊ ကရင်ပြည်အရေးနှင့် ကရင် လက်နက်ကိုင်ထားရှိရေးတို့အတွက် (၄)တိုင် ဆွေးနွေးသော်လည်း မအောင်မြင်ပဲ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲ ပျက် သွားပြန်သည်။
တတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲ
၁၉၆၃ ခုနှစ်၊ ဇွန်လ(၁၀)ရက်
ဗိုလ်နေ၀င် တောင်လှန်ရေးကောင်စီမှ ၁၉၆၃ ခုနှစ်၊ မေလ(၁၀)ရက်နေ့တွင် တွေ့ဆုံဆွေးရန် ကမ်းလှမ်းချက်ကို ကေအဲန်ယူ၊ မွန်နှင့် ကရင်ခေါင်းဆောင်ကြီးများ ဆွေးနွေးသဘောတူညီမှုရပြီး ပဏာမကိုယ်စားလှယ်အဖွဲ့အား ရွေးချယ်စေလွှတ်လိုက် သည်။ အဆိုပါ ပဏမ(၃)ပါတီ ကိုယ်စားလှယ်အဖွဲ့ဝင်များမှာ-
၁။ ဗိုလ်ကျင်ဖေ (အဖွဲ့ခေါင်းဆောင်)
၂။ မန်းလုံးမောင်
၃။ ဗိုလ်ထွန်းဧ
၎။ ဗိုလ်မျိုးသွေး တို့ဖြစ်သည်။
ပဏာမ(၃)ပါတီ ကိုယ်စားလှယ်အဖွဲ့ဝင်များ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးများအတွက် ကြိုတင်ညှိ နှိုင်းမှုများပြုလုပ်ပြီး ပြန်လာကြသည်။ ၎င်းတို့ပြန်ရောက်ပြီး (၃)ပါတီအာဏာပိုင် ကိုယ်စားလှယ်အဖွဲ့ဝင်များကို ရွေးချယ် လိုက်သည်။ KNU ပါတီမှ-
၁။ မန်းဘဇန်
၂။ စကောလယ်တော
၃။ ဗိုလ်ကျင်ဖေ
၎။ ဗိုလ်သန်းအောင်
ကရင်အမျိုးသားတိုးတက်ရေးပါတီ ကိုယ်စားလှယ်အဖွဲ့ဝင်များမှာ
၁။ စောမောင်ရယ်
၂။ ဗိုလ်စံလင်း
မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖွဲ့ဝင်များမှာ-
၁။ နိုင်ရွှေကျင်
၂။ နိုင်ထင်
၃။ နိုင်တက်ထွန်း တို့ဖြစ်သည်။
ပတီအလိုက် ကိုယ်စားလှယ်များရွေးချယ်ပြီးနောက် ၃ပါတီ အာဏာပိုင်ကိုယ်စားလှယ်များကို ရွေးချယ်ပါသည်။
၁။ မန်းဘဇန် ဥက္ကဌ
၂။ နိုင်ရွှေကျင် ဒုတိယဥက္ကဌ
၃။ စောမော်ရယ် ဒုတိယဥက္ကဌ
၎။ စကောလယ်တော အတွင်းရေးမှူး
၅။ ဗိုလ်ကျင်ဖေ ကိုယ်စားလှယ်အဖွဲ့ဝင်
၆။ ဗိုလ်သန်းအောင် ကိုယ်စားလှယ်အဖွဲ့ဝင်
၇။ ဗိုလ်စံလင်း ကိုယ်စားလှယ်အဖွဲ့ဝင်
၈။ နိုင်ထင် ကိုယ်စားလှယ်အဖွဲ့ဝင်
၉။ နိုင်တက်ထွန်း ကိုယ်စားလှယ်အဖွဲ့ဝင်
၁၀။ ဗိုလ်ဝါစိန် (ဒုဗိုလ်ချုပ်ကြီး တာမလာဘော) ရုံးအဖွဲ့မှူးနှင့် ရုံးအဖွဲ့ဝင်များကို ရွေးချယ်ပြီး တွေ့ဆုံဆွေးနွေးရေးအတွက် ၁၉၆၃ ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့တွင် စတင်ထွက်ခွာပြီး စက်တင်ဘာလက (၃၀)ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
ရန်ကုန်မြို့သို့ရောက်ရှိပြီး ၁၉၆၃ခုနှစ်၊ အောက်တိုဘာလ(၂)ရက်နေ့တွင် တော်လှန်ရေးကောင်စီနှင့် စတင်ဆွေးနွေး သည်။ တော်လှန်ရေးကောင်စီဘက်မှ-
၁။ ဗိုလ်နေ၀င်း
၂။ ဗိုလ်စောမြင့်
၃။ ဗိုလ်ကျော်စိုး
၎။ ဗိုလ်လှဟန်
၅။ ဗိုလ်သောင်းဒန်
၆။ ဗိုလ်ချစ်ခင်တို့ တက်ရောက်ကြသည်။
ထိုအချိန်တွင် (တပ်ပေါင်းစုနှင့်သာ အောင်ပွဲခံမည်)ဆိုသည့် ခံယူချက်ဖြင့်လည်းကောင်း၊ သီးခြားဆွေးနွေးရေးထက် စုပေါင်းဆွေးနွေးခြင်းက ရန်သူကို စုစုစည်းစည်း တိုက်ပွဲဝင်နိုင်မည်ဖြစ်သည်ဟူသည့် ခံယူချက်ဖြင့်လည်းကောင်း၊ ရန်ကုန် မြို့သို့ဦးစွာရောက်ရှိနေသော ဗမာကွန်မြူနစ်ပါတီ၊ (ဗကပ)၊ ချင်းဦးစီးအဖွဲ့တို့ဖြင့် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒည တ)နှင့် ဆွေးနွေးရန်သဘောတူကြသည်။ ဗကပ ကိုယ်စားလှယ်အဖွဲ့ဝင်များမှာ-
၁။ သခင်ဇင်
၂။ သခင်တင်ထွန်း
၃။ ရဲဘော်ဌေး
၎။ ဗိုလ်ဇေယျ
၅။ ဗိုလ်အောင်ကြီး
၆။ ဗိုလ်စိုးမောင်
၇။ ဗိုလ်ပု တို့ဖြစ်ကြသည်။
ချင်းဦးစီကိုယ်စားလှယ်အဖွဲ့ဝင်များမှာ-
၁။ စလိုင်းစံအောင်
၂။ စလိုင်းသာထူး တို့ဖြစ်သည်။
တော်လှန်ရေးကောင်စီအဖွဲ့နှင့် ဆွေးနွေးမည့် မဒညတ ကိုယ်စားလှယ်အဖွဲပတွင်-
၁။ မန်းဘဇန် ဥက္ကဌ
၂။ သခင်တင်ထွန်း အတွင်းရေးမှူးတို့မှ အဓိက တာဝန်ယူဆွေးနွေးကြသည်။
ဆွေးနွေးပွဲများတွင် တော်လှန်ရေးကောင်စီမှ တောင်းဆိုချက်များမှာ-
၁။ စစ်တပ်မှထားသော နေရာတွင်နေရမည်၊ လုံခြုံရေးနှင့် စားသောက်ရေးတို့ကို တာဝန်ယူမည်၊
၂။ စည်းရုံးရေးလုပ်ငန်း ဘာတခုမှ မလုပ်ရ၊
၃။ အုပ်ချုပ်ရေးနှင့် အခွန်တော်ကြီးကြပ်ရေးများ မလုပ်ရ၊
၎။ သွားလိုသည့်အရပ်များသို့ တန်ဝန်ရှိသူ၏ ခွင့်ပြုချက်ဖြင့်သာ သွားလာခွင့်ပြုသည်။
၅။ သတ်မှတ်ထားသောနေရာတွင် နေသောသူတိုင်း ချမှတ်ထားသော ဥပဒေများကို တိတိကျကျ လက်နာလုပ်ဆောင်ရမည် ဟု တဖက်သတ်တောင်းဆိုလာသည်။
အထက်ပါတောင်းဆိုချက်များသည် လက်နက်ချရေး တဖက်သတ်တောင်ဆိုလာသဖြင့် ၆ကြိမ်တိုင်တိုင် ဆွေးနွေးပြီး ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက် ရက်နေ့တွင် တတိယအကြိမ်း ဆွေးနွေးရေး ပျက်သွားသည်။
သက်သတ်လွတ်မရှိသည့် ကျားသတ္တာမရှိသလို တိုင်းရင်းလူမျိုးစုံ ပြည်သူများ၏အခွင့်မွှေးရာပါ လူ့အခွင့်အရေးအား သနားသောအားဖြင့် ပေးရိုးထုံးစံမှရရှိခဲ့ပေ။ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်လည်းကောင်း၊ ဒီမိုကရေစီအခွင့်အရေးအတွက် လည်းကောင်း၊ -
-စစ်မြေပြင်၌ဖြစ်စေ၊
-စားပွဲဝိုင်း၌ဖြစ်စေ၊ သင်းကွဲတိုက်ခိုက်ခြင်း၊ တွေ့ဆုံခြင်းဖြင့်ဖြေရှင်းနိုင်မည်မဟုတ်။ တပ်ပေါင်းစုဖြင့်တိုက်ခိုက်ခြင်း၊ တွေ့ဆုံ ခြင်းဖြင့်သာ သားစားသတ္တ၀ါကို သတ်ရမည်ဖြစ်သည်။
အခန်း(၃)
အပိုဒ်(၁)
ဥက္ကဌကြီးမန်းဘဇန်နှင့် ကေအဲန်ယူ
ဂျပန်ခေတ်ကရင်အမျိုးသားများကို စုစည်းထားသည့် ကရင်အမျိုးသားအဖွဲ့တဖွဲ့ကို မအူပင်ခရိုင်တွင် ဖွဲ့စည်းထားသည်။ မအူ ပင်ခရိုင်စက်ရှင်မင်းကြီး စောစိန်ဦးသည် အဖွဲ့၏ဥက္ကဌဖြစ်ပြီး ကျုံရစ်ရွာသားစောမောင်တိုးသည် ဒုတိယဥက္ကဌနှင့် ဒုတိယခ ရိုင်ဝန်စောရွှေစိန်သည် အတွင်းရေးမှူးဖြစ်သည်။
စောစိန်ဦးနှင့် စောရွှေစိန်တို့နှစ်ဦး အင်္ဂလိပ်ပြန်ဝင်လာသည့်အတွက် အင်္ဂလိပ်အစိုးရအလုပ်ပြန်လုပ်ရန်ဖြစ်လာသဖြင့် အ စည်းအဝေးတရပ်ခေါ်ကျင်းပပြီး ထိုအဖွဲ့အစည်း ဆက်လက်ရပ်တည်နိုင်ရေးအတွက် အမှုဆောင်သစ်ရွေးကောက်ကြရန်ဖြစ် သည်။ စောစိန်ဦးနှင့် စောရွှေစိန်တို့နှစ်ဦး အင်္ဂလိပ်အစိုးရအလုပ်ပြန်လုပ်နိုင်လျှင် ဤမျိုးသားရေးအဖွဲ့အစည်တွင် မလုပ်နိုင် တော့သောကြောင့်ဖြစ်သည်။
ဤကရင်အမျိုးသား အဖွဲ့အစည်းသည် တနယ်လုံးရှိ ကရင်အမျိုးသားထုတရပ်လုံးကို ကာကွယ်သော၊ အလုပ်အကြွေးပြု သော အဖွဲ့ဖြစ်သောကြောင့် ကရင်လူထုတရပ်လုံးမှ ထိုအဖွဲ့ဖျက်သိမ်းရန် သဘောမတူပေ။ ထိုအချိန်၌ ဥက္ကဌကြီးမန်းဘဇန် တို့ အစည်းအဝေးသို့တက်ရောက်သည့် ကာလနှင့်တိုက်ဆိုင်နေသည်။
ဂျပန်ခေတ်တလျှောက်လုံး ကရင်အမျိုးသားများ၏ အကျိုးစီးပွား၊ အသက်အိုးအိမ်၊ စည်းစိန်များကို ကာကွယ်ခဲ့သဖြင့် ကရင် အမျိုးသားအားလုံးက ဥက္ကဌကြီး မန်းဘဇန်၏ ခေါင်းဆောင်မှုကို ယုံကြည်ကြသည်။ ထိုကြောင့် ထိုအစည်းအဝေး၌ပင် စော စိန်ဦးနှင့် စောစိန်ရွှေတို့မှ စောဘဇန် ခင်ဗျား ဥက္ကဌတာဝန်ယူပါဟု အဆိုပြုမှုကို လူထုကထောက်ခံကြသဖြင့် တာဝန်ယူသင့်၊ မယူသင့်စဉ်းစားသည်။ ဥက္ကဌကြီးမန်းဘဇန်၏ အတွေးအခေါ်နယ်ပယ်တွင်-
“ကျွန်တော်တို့အစိုးရအလုပ်ပြန်လုပ်ချင်တယ်၊ အင်္ဂလိပ်တွေဆုတ်သွားတုန်းက အင်္ဂလိပ်စစ်တပ်မှာ ကျွန်တော်ဒုတိယဗိုလ် ပြန်တမ်းဝင်အရာရှိဖြစ်တယ်။ အင်္ဂလိပ်တွေက ပြန်သတင်းပို့ခိုင်းတယ်။ (Back Pay) (စစ်အတွင်းရရှိရန်ကျန်သောလစာ) တသောင်းကျော်ရမယ်။ ကျွန်တော့်အိမ်ထောင်ရေးအတွက် စားဝတ်နေရေးအဆင်ပြေမယ်။ ဒါပေမဲ့ အမျိုးသားရေးလုပ်ငန်း ကို စွန့်လို့မရဘူး။ ဒီတော့ စောစိန်ဦးတို့ အဆိုပြုချက်ကို ကျွန်တော့်ဇနီးသည်နဲ့ ပြန်တိုင်ပင်ရမယ်။ ဒီတာဝန်ယူရင် လစာလုပ် လို့မရဘူး။ ဒါကြောင့် ကျွန်တော့်ကို ခွင့်တရက်ပေးဘို့ အစည်းအဝေးမှာ ခွင့်တောင်းပြီး ကျွန်တော့်ဇနီးသည်နှင့်တိုင်ပင်တယ် ” ဥက္ကဌကြီး မန်းဘဇန်မှ ၎င်း၏ဇနီးသည်နှင့် ပြန်တိုင်ပင်သည်ကို ဤသို့ပြောကြားခဲ့သည်။
“ငါတော့အမျိုးသားအတွက် လုပ်တော့မယ်။ ဒီနေ့ကရင်အမျိုးသားတွေ အုံကြွနေတယ်။ တဘက်က ကရင့်ဘ၀ကိုပြန်ကြည့် ရင် တကယ်အောက်တန်းကျပြီး ဆင်းရဲမွဲပြာကျတဲ့ဘ၀ ရောက်နေတယ်။ ဒီဘ၀ကို လွတ်မြောက်ဘို့ ကရင်တိုင်းမှာ တာဝန် ရှိတယ်။ ငါလည်း ကရင်တယောက်၊ မင်းလဲကရင်တယောက်ဖြစ်ကြလို့ အမျိုးသားအတွက်လုပ်ဘို့ မင်းနဲ့ငါ့မှာ တာဝန်ရှိ တယ်”
“အမျိုးသားရေးလုပ်ငန်းဟာ လွယ်ကူတဲ့လုပ်ငန်းတော့မဟုတ်ဘူး၊ အခက်အခဲတွေရှိတယ်။ ငတ်မယ်၊ အဖမ်းခံရမယ်၊ ထောင်ကျမယ်၊ နောက်ဆုံးသေရင်သေမယ်။ အဲဒါတွေ ကြုံတွေ့ရမယ်။ ဘယ်လို့ပဲကြုံတွေ့ရပါစေ၊ အမျိုးသားလွတ်မြောက် ရေးအတွက် ဆောင်ရွက်ခြင်းဟာ လူ့လောကမှာ အမွန်မြတ်ဆုံးလုပ်ငန်းလို့ ငါယူဆတယ်။ ဒါကြောင့် ငါလုပ်ဘို့ဆုံးဖြတ်လိုက် တယ်။ ဒီလိုဆုံးဖြတ်လိုက်ပေမဲ့ မင်းသဘောတူလိုက်ခံဘို့လိုတယ်” လို့ ပြောသံကြားတော့ ၎င်း၏ဇနီးသည်မှာ အံ့သြသွား သည်။
အမျိုးသားလွတ်မြောက်ရေးလုပ်ငန်းလုပ်ပါက အခက်အခဲတွေ့မယ်၊ ငတ်မည်၊ ထောက်ကျမည်၊ သေမည်၊ ဤအရာများကို သိသဖြင့် ဘ၀င်မကျပေ။ မင်းလုပ်ရင်လုပ်ပေါ့၊ လုပ်ရင်ဒို့အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်ဟု ပြောလာသည်ကို အခက်အခဲက တော့ရှိမှာပဲ။ ဒါပေမဲ့ ဒို့အမျိုးသားလွတ်မြောက်ရေးအတွက်လုပ်တာ။ တဦးတယောက်၊ တအိုးတအိမ်ထောင်၊ ကောင်းစားဘို့ မဟုတ်ဘူး။ တမျိုးသားလုံး ကျွန်တွေဖြစ်နေကြပြီး။ ဒို့က ရာထူးတွေဘာတွေနဲ့ ကောင်းစားနေရင်လည်း ဘယ်သူကလေးစား ကြမလဲ၊ တမျိုးသားလုံးကောင်းစားမှ ဒို့လည်းကောင်းစားမည်ဟု ရှင်းပြသည်ကို ဘဝေမကျသေးပေ။ ထိုကြောင့် ဇနီးသည် ဘဝေကျလက်ခံနိုင်စေရန် သုံးရက်စဉ်းစားခွင့်ပေးလိုက်သည်။ သုံးရက်ပြည့်သဖြင့် ၎င်းဇနီးသည်မှ-
“ကဲ မင်းလုပ်ချင်ရင်လုပ်တော့၊ ငါလက်ခံတယ်။ မင်းနဲ့အတူငါအဆင်းရဲခံမယ်။ ဘ၀တူပေါ့၊ ဖြစ်လေရာဘ၀အကောင်းချည်းပဲ လို့ ငါခံယူတယ်” ဟု လက်ခံလိုက်သဖြင့် ဇနီးသည်၏ခွင့်ပြုချက်ရသဖြင့် ကျွန်တော်ဥက္ကဌလုပ်ရန်ဆုံးဖြတ်လိုက်ပြီး နောက် တနေ့အစည်းအဝေးတွင် ကရင်လူထုက ရွေးကောက်သဖြင့် ကျွန်တော်မအူပင်ခရိုင်၊ ကရင်အမျိုးသားအဖွဲ့ ဥက္ကဌအဖွဲ့ဖြစ် လာတယ်ဟု ပြောကြားခဲ့သည်။ တဆက်တည်း ဥက္ကဌကြီးမန်းဘဇန်မှ-
အမျိုးသားအတွက် တိတိကျကျလုပ်မယ်ဆိုရင် ကိုယ့်အတွက်ဟာ လက်အောက်ခံဖြစ်လို့ စားဝတ်နေရေးဆင်းရဲမှာပဲ၊ အင်္ဂ လိပ်အစိုးရပေးလာတဲ့ ၀န်ထောက်လုပ်ငန်းကို လက်မခံပဲ ကရင်အဖွဲ့အစည်းရဲ့ ဥက္ကဌလုပ်တော့ အလုပ်လက်မဲ့ဖြစ်သွား တယ်။ အလုပ်မရှိတော့ အိမ်ထောင်ရေးအတွက် ပြဿနာတက်လာတယ်။ စားဝတ်နေရင်းအတွက် အဖေ့ကိုပဲမှီခိုနေရသေး တယ်။ အဖေက ပင်စင်စားတယောက်၊ ဒါပေမဲ့ ဒီပင်စင်လစားနဲ့လည်း ကျွေးနိုင်တယ်။ အဖေ့ထံကပ်စားရတဲ့ဘ၀မျိုးရောက် သွားတယ် ဟု ထပ်မံပြောကြားသည်။
အစိုးရအလုပ်မလုပ်ပဲ ရရှိလာသည့်အခွင့်အရေးကို ငြင်းဆိုပြီး အမျိုးသားရေးတာဝန်ယူလိုက်သဖြင့် ဥက္ကဌကြီးမန်းဘဇန်၏ ဖ ခင်မန်းစိန်ဖွင့်မှ- ဟေ့ကောင် လာအုံး၊ မင်းကိုငါပညာသင်ပေးတာ လူဖြစ်အောင်ပညာသင်ပေးတာ၊ အခုတော့ မင်းဒီပညာ တွေရပြီး လူဖြစ်အောင်မလုပ်ပဲ၊ ခွေးဖြစ်အောင်လုပ်တယ်။ မင်းဘာကောင်လဲ၊ ၀န်ထောက်ရာထူးရဘို့ရှိတာ လက်မခံဘူးဆို ဟု ဂရုဏာဒေါသနဲ့ ပြောလာသည်။ တဖန် ဥက္ကဌကြီးမန်းဘဇန်မှ-
အမျိုးသားရေးလုပ်ငန်းဟာ အင်မတန်အရေးကြီးပြီးဖြစ်လို့ မအူပင်ခရိုင်၊ ကရင်အမျိုးသားအဖွဲ့ရဲ့ ဥက္ကဌတာဝန်ယူလိုက်တာ ဖြစ်တယ်ဟု ဖေါ်ပြခဲ့သည်။ ခေတ်ပညာတတ်၊ မအူပင်ခရိုင်ဥက္ကဌကြီး အလုပ်လက်မဲ့တဦးအတွက် အိမ်ထောင့်တာဝန် စား ၀တ်နေရေးအခက်ခဲနှင့် ရင်ဆိုင်နေရပါသည်။ အဖေ့ထံဆက်လက်မှီခိုနေရဆဲဖြစ်သည်။ ကြပ်တည်းမှု၊ ဆင်းရဲမှုများနှင့် ရင် ဆိုင်နေရသည်။ သို့သော်အမျိုးသားရေးစိတ်ဓာတ်သည် အခက်အခဲ၊ အကြပ်အတည်းပေါင်းများစွာကို ကျော်လွှားအနိုင်ယူ နိုင်သည်။
ထိုအချိန်ခါသမယ၌ မြန်မာပြည်လွတ်လပ်ရေးတိုက်ပွဲနှင့်အတူ ကရင်မျိုးချစ်ပုဂ္ဂိုလ်ကြီးများမှ ကရင်အမျိုးသားရေးတိုက်ပွဲဝင် ရန် စည်းလုံးမှုတည်ဆောင်နေချိန်ဖြစ်သည်။ ကရင်ဗဟိုအဖွဲ့ (K.C.O) မှ ကမကထပြုလုပ်ပြီး ညီလာခံတရပ်ခေါ်ယူဖိတ်ကြား သည်။ တပြည်လုံးရှိ ကရင်အမျိုးသားများကို ဖိတ်ကြားသည်။ မအူပင်ခရိုင်မှ ရွေးချယ်သဖြင့် ခရိုင်ကိုယ်စားလှယ်တဦးအနေ နှင့် ဥက္ကဌကြီးမန်းဘဇန် အစည်းအဝေးသို့ တက်ရောက်သည်။
ဒုတိယကမ္ဘာစစ်ကြီးပြီးကာလ မအူပင်ရန်ကုန်သွားလာရေးစနစ်မှာ မီးသင်္ဘောများမရှိတော့သဖြင့် လှေသမ္စာန်ဖြင့် သွားရ သောကာလဖြစ်သည်။ ရန်ကုန်မြို့၌ ကျင်းပမည့်ညီလာခံသို့ တက်ရောက်မည့်နေ့မှာပင် အခက်အခဲတခုနှင့်ကြုံတွေ့ရသည်။ ယင်းအခက်အခဲကို ဥက္ကဌကြီးမန်းဘဇန်က-
ကျွန်တော့်ညီလာခံတက်မယ့်နေ့မှာ ကျွန်တော့်ဇနီးသည်ဟာ ကျွန်တော့်သား ဘော်ဒွင်ကို မွေးဖွားဘို့ ဗိုလ်နာနေတယ်။ ဒီတော့ ကျွန်တော်ဘာလုပ်ရမလဲ၊ ဇနီးသည်အနားမှာနေမလား၊ ဇနီးသည်ကိုထားခဲ့ပြီး ညီလာခံတက်မလား၊ မိန်းမသားတိုင်း မီးဖွါးရင် မိမိလင်င်္ယျေားအား အနားမှာရှိနေချင်ကြတယ်။ ဇနီးသည်ကို မွေးဖွားပေးမယ့်လူတွေကလည်း ကျွန်တော့်အစ်မကြီး နှစ်ဦးဖြစ်တယ်။ သူတို့ဟာ အတွေ့အကြုံ ရင့်ကျက်တဲ့ သားဖွားဆရာမကြီးတွေဖြစ်ကြတယ်။ ကျွန်တော်ကလည်း ညီလာခံ တက်ဘို့ ဆန္ဒသိပ်ပြင်းပြနေလို့ အစ်မကြီးနှစ်ဦးစလုံးက သွားဘို့သဘောတူတယ်။ ကျွန်တော့်ဇနီးသည်ကလည်း ခွင့်ပြုလို့ ညီ လာခံသို့ တက်ရောက်ခဲ့သည်ဟု ဖေါ်ပြခဲ့သည်။
ညီလာခံသို့တက်ရောက်လာသည့် ကရင်ကိုယ်စားလှယ်များ၏ ကိုတွေ့လျှင် ဥက္ကဌကြီးမန်းဘဇန်မှ-
ကရင်တွေစိတ်ဓာတ်တက်ကြွနေတယ်။ သိပ်ညီညွတ်နေတယ်။ ကရင်အများစုက ကရင့်အကြောင်းတေးကဗျာ (ထား)တွေ ရွတ်ဖတ်ကြတယ်။ အချို့ကရင်အမျိုးသားလွတ်မြောက်ရေး၊ ကရင်ပြည်အရေးတွေပြောဆိုကြတယ်။ ချုပ်လိုက်ရင် ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ကရင်ပြည်ထူထောင်ရေးအတွက် ပြောကြားတာဖြစ်တယ်ဟု ဖေါ်ပြခဲ့သည်။ ဆက်လက်၍ -
ကျွန်တော်လေးစားတဲ့ခေါင်းဆောင်ကြီး ဆာစံစီဖိုးနဲ့တွေ့ရရုံမက အမျိုးသားရေးပြဿနာတွေ ဆွေးနွေးခွင့်ရခဲ့တယ်။ ကျွန် တော့်ဆွေးနွေးချက်တွေကို ဆာစံစီဖိုးများစွာသဘောကျပြီး ကျွန်တော့်အား ဟေ့-ဘဇန် တို့ကတော့ အသက်ကြီးပြီးဖြစ်တယ် ၊ အမျိုးသားရေးကို ဆက်လုပ်ဘို့ ခေါင်းဆောင်တွေလိုအပ်တယ်။ အနာဂတ်ကရင့်အရေးဟာ မင်းတို့လူငယ်တွေလက်ထဲမှာ ရှိတယ်။ မင်းရဲ့သားရေးစိတ်ဓာတ်နဲ့ အယူအဆတွေဟာ ကရင်အမျိုးသားအတွက် အကျိုးပြုနိုင်တယ်။ မင်းကို အမျိုးသား ရေးအတွက် တာဝန်ထမ်းဆောင်ပါလို့ အန်ကယ်လ်အကြံပေးတောင်းဆိုပါတယ်ဟု ဖေါ်ပြသည်။ ဆက်လက်၍-
ဒီလိုခေါင်းဆောင်ကြီးက အားပေးပြောကြားလာတဲ့အတွက် အမျိုးသားရေးတာဝန်ထမ်းဆောင်ဘို့ ကျွန်တော်များစွာ အား တက်လာပါတယ်။ အမျိုးသားရေးတာဝန်ကို ကိုယ်ကျိုးမဖက်ပဲ ထိရောက်စွာ တိုင်ပွဲဝင်ဘို့ တွန်းအားတခုဖြစ်သည်ဟု ဖေါ်ပြ သည်။
ကရင်ပြည်အရယူရေး၊ ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန်သော ကရင်မျိုး ချစ်များသည် ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅)ရက်နေ့မှ (၇)ရက်နေ့အထိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဗင် တန်အထိမ်းအမှတ် (Vinton Memorial Hall) အလုံမြို့နယ်၊ ရန်ကုန်မြို့တွင် ကရင်အမျိုးသားအဖွဲ့အစည်း (၄)ဖွဲ့ဖြင့် ညီလာ ခံခေါ်ယူကျင်းပသည်။ ဤညီလာခံ၌ -
(၁) ဒေါကလူ (K.N.A) Karen Nation Association
၁၈၈၁ ခုနှစ်တွင် ဤအဖွဲ့ကို စတင်ဖွဲ့စည်းသည်။ အဖွဲ့ဝင်များအောက်ပါအတိုင်းဖြစ်သည်။
(၁) ဒေါက်တာ တီသံပြာ (M.A)
(၂) ဒေါက်တာ ရောဘတ်ဖိုးကေ
(၃) ဆာစံစီဖိုး ( Kt .C. B.E,M.D)
(၄) စောဒူးမေဖိုးမင်း
(၅) စောဘမောင် (၀တ်လုံ)
(၆) စောပါဒွဲ
(၇) သရာစံဘော် (O.E.K.L.H) စသည့်ပုဂ္ဂိုလ်များပါဝင်သည်။
(၂) BKNA (Buddhist Karen Nation Association
ဗုဒ္ဓဘာသာ ကရင်အမျိုးသားအဖွဲ့ချုပ်
၎င်းအဖွဲ့အား ၁၉၄၀ ခုနှစ်တွင် အမှတ်(၂၅၃) မောင်ဂိုမာရီးလမ်း၊ ရန်ကုန်မြို့တွင် သရက်တောကျောင်းတိုက်ဆရာတော်နှင့် အလယ်တိုက်ကျောင်းဆရာတော် ဦးအဂ္ဂနှင့် မန်းရွေဘတို့ နှစ်ဦးနာယာက အဖြစ်ဆောင်ရွက်ပြီး
(၁) ဆရာတော် ဦးပ၀ံဿ (ဥက္ကဌ)
(၂) စောမြသိန်း (ဒုတိယ ဥက္ကဌ)
(၃) ဦးကြီးစော (အထွေထွေအတွင်းရေးမှူး)
(၄) ဦးကန်အေး (ငွေထိမ်း)
(၅) ဦးနရိန္ဒ (အဖွဲ့ဝင်)
(၆) စောကုမာရ (အဖွဲ့ဝင်)
(၇) စောဘာသန်းရွှေ (အဖွဲ့ဝင်)
(၈) စောဘလုံ (အဖွဲ့ဝင်) စသည့်ပုဂ္ဂိုလ်များပါဝင်သောအဖွဲ့ဖြစ်သည်။
(၃) K.C.O (Karen Central Organization)
ကရင်ဗဟိုအဖွဲ့
၁၉၄၃ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့ အမှတ်(၅၂၈)အောက်ကြည့်မြင်တိုင်လမ်း၊ ရန်ကုန်မြို့တွင် ဖွဲ့စည်းသည့် (K.C.A.B)Karen Central Advisory Board. ကရင်ဗဟိုအကြံပေးအဖွဲ့ကိုဖွဲ့သည်။ ထို့ နောက် ၁၉၄၅ အောက်တိုဘာလ (၁)ရက်နေ့မှာ (၃)ရက် နေ့အထိ အမှတ် (၂) ဦးလူနီလမ်းအောက်ကြည့်မြင်တိုင် ရန်ကုန်မြို့တွင်ကျင်းပသော အစည်းအဝေးမှာ (K.C.O) ဟု အမည် ပြောင်းလဲဖွဲ့စည်းလိုက်သည်။
(K.C.O) ဗဟိုအမှုဆောင်များမှာ-
၁။ စောသာဒင် (ဥက္ကဌ၊ ငွေထိန်း)
၂။ မန်းဘခင် (အတွင်းရေးမှူး)
၃။ သရာသာထို (တွဲဘက်အတွင်းရေးမှူး)
၎။ စောဘဦးကြီး (အမှုဆောင်)
၅။ စောစံဖိုးသင် (အမှုဆောင်)
၆။ စောမြသိန်း (အမှုဆောင်)
၇။ မန်းဂျိမ်း(စ်)ထွန်းအောင် (အမှုဆောင်)
ဂ။ မန်းရွှေထွန်းကြား (အမှုဆောင်)
၉။ စောဘမောင် (အမှုဆောင်)
၁၀။ ဂျိမ်း(စ်)တာပ (အမှုဆောင်)
၁၁။ စစ်ဒနီလူနီ (အမှုဆောင်) စသည့် ပုဂ္ဂိုလ်များပါဝင်သည့်အဖွဲ့
(၄) (K.Y.O) Karen Youth Organization
ကရင်လူငယ်အဖွဲ့
၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် ဖွဲ့စည်းသည်။
၁။ မန်းဘခိုင် (ဥက္ကဌ)
၂။ မန်းဝင်းမောင် (ဒုဥက္ကဌ)
၃။ စောကျော်စိန် (အထွေထွေအတွင်းရေးမှူး)
၎။ စောမြင့်သိန်း (တွဲဘက်အထွေထွေအတွင်းရေးမှူး)
၅။ စောစိန်တင် (အဖွဲ့ဝင်)
၆။ စောထွန်းစိန်(ပြားကြီး) (အဖွဲ့ဝင်)
၇။ နော်မာစီကြီး (ငွေထိန်း) စသည့်ပုဂ္ဂိုလ်များပါဝင်သောအဖွဲ့
အထက်ပါအဖွဲ့(၄)ဖွဲ့ဖြင့် ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင်
(K.N.U) Karen National Union
ကရင်အမျိုးသားအဖွဲ့ချုပ်ကို ဖွဲ့စည်းလိုက်သည်။
ပထမဆုံး ကေအဲန်ယူ အမှုဆောင်များမှာ-
၁။ စောစံဖိုးသင် (ဥက္ကဌ)
၂။ ဦးလှဖေ(ပအိုဝ်း) (ဒုဥက္ကဌ)
၃။ သရာသာထို (အတွင်းရေးမှူး)
၎။ မန်းဂျိမ်း(စ်)ထွန်းအောင် (တွဲဘက်အတွင်းရေးမှူး)
၅။ မန်းဘခင် (ငွေထိန်း)
၆။ စောဘဦးကြီး (အဖွဲ့ဝင်)
ရ။ စောသဒင် (အဖွဲ့ဝင်)
ဂ။ မန်းဘခိုင် (အဖွဲ့ဝင်)
၉။ မန်းဝင်းမောင် (အဖွဲ့ဝင်)
၁၀။ မန်းဘဇန် (အဖွဲ့ဝင်)
၁၁။ မန်းပေါလ်အေးငြိမ်း (အဖွဲ့ဝင်)
၁၂။ စောဟံတာသာမွှေး (အဖွဲ့ဝင်)
၁၃။ စောစိုင်းကေ (အဖွဲ့ဝင်)
၁၄။ စောစိန်တင် (အဖွဲ့ဝင်)
၁၅။ စောကျော်စိန် (အဖွဲ့ဝင်)
၁၆။ စောအောင်ဝင်း (အဖွဲ့ဝင်)
၁၇။ မစ္စစ်လူနီ (အဖွဲ့ဝင်)စသည့် ပုဂ္ဂိုလ်များဖြင့် စတင်ဖွဲ့စည်းလိုက်သည်။
ပထမဆုံးဖွဲ့စည်းလိုက်သော ကေအဲယူ ကရင်အမျိုးသားအစည်းအရုံးသည် ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့၌ ဗြိတိ သျှနန်းရင်းဝန်ထံသို့ ကြေးနန်းတစောင်ပို့လိုက်သည်။ အဆိုပါ ကြေးနန်းတွင်-
- ကရင်အမျိုးသားများအစည်းအရုံးသည် မြန်မာ့လွတ်လပ်ရေးသို့ ရှေ့ရှုသောလုပ်ငန်းများကို အနှောက်အ ယှက်ပြုရန် လုံးဝ ဆန္ဒရှိကြောင်း၊ လန်ဒန်စည်းဝေးပွဲကြီးတွင် ကရင်အမျိုးသားတို့၏ ဆန္ဒကို ဖေါ်ထုတ်ပြောဆို နိုင်သည့် ကရင်ကိုယ်စားလှယ် တဦးတယောက်မျှ မပါဝင်သဖြင့် လွန်စွာစိတ်မချမ်းမသာဖြစ်ရကြောင်း။
- ဘုရင်ခံ၏အမှုဆောင်(၀န်ကြီး)အဖွဲ့တွင် ကရင်ကိုယ်စားလှယ်နှစ်ဦး ပါရှိပါလျက် တဦးတယောက်ကိုမျှ မပါဝင်စေခြင်းသည် မြန်မာနိုင်ငံတွင် ဒုတိယအရေးပါအရာရောက်ဆုံး၊ လူဦးရေဒုတိယအများဆုံးဖြစ်သော ကရင်အမျိုးသားတို့ကို ပစ်ပယ်ရာရောက်ကြောင်း။
- ၁၉၃၁ ခုနှစ်လောက်က ကောက်ယူသည့် သန်းခေါင်စာရင်းအရ ကရင်လူဦးရေ တသန်းခွဲမျှ ရှိသည်ဟုဆိုသော် လည်း စစ်အတွင်း ဂျပန်တို့ကောက်ယူသည့် သန်းခေါင်စာရင်းအရ လေးသန်းကျော်ခန့်ရှိသည်ဟု သိရ ကြောင်း။
- ဗြိတိသျှအစိုးရနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့ ချုပ်ဆိုသောစာချုပ်ကို လက်မခံနိုင်ကြောင်း။
- ကရင်တို့၏ လိုလားချက်များနှင့် လျှော်ညီအောင် ၁၉၄၇ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ကို နောက်ဆုံးထားပြီး ထို စာချုပ်ကို ပြင်ဆင်ခြင်းမပြုလျှင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းများကို သပိတ်မှောက်မည် ဖြစ်ကြောင်း။
- တိုင်းပြည်ပြုလွှတ်တော်တွင် အမှတ်(၂၁၀)ရှိသည့်အနက် ကရင်အမတ် (၂၄)နေရာပေးခြင်းသည် လူဦးရေအ ချို့အစားနှင့် မညီကြောင်း။
- ကရင်အမတ် (၂၄)ဦးသည် ကရင်တို့၏လိုလားချက်များကိုရရှိအောင် တိုင်းပြည်ပြုလွှတ်တော်တွင် စွမ်းဆောင် နိုင်မည်မဟုတ်ကြောင်း။
- ကရင်အများစုနေထိုင်သော ဟံသာဝတီ၊ အင်းစိန်၊ ပဲခူး၊ ဖျာပုံ၊ သာယာဝတီ၊ ထားဝယ်နှင့် ဘိတ်ခရိုင်တို့တွင် လည်း သီးသန့်ကရင်မဲ့ဆန္ဒနယ်များ သတ်မှတ်ပေးစေလိုကြောင်း။
- ဥပဒေပြုလွှတ်တော်တွင် ကိုယ်စားလှယ်(၁၀၀)ရှိသည့်အနက် ကရင်အမျိုးသားတို့၏ သဘောထားကို ဖေါ် ထုတ်ပြဌာန်းနိုင်ခွင့်ရှိစေရန်၊ ကရင်ကိုယ်စားလှယ် (၂၀)အောက်အလျော့နည်းပဲ စဉ်းစားစေလိုကြောင်း။
- သီးသန့်ကရင်စစ်တပ်များကို ဆက်လက်ထားရှိစေလိုကြောင်း။
- တနင်္သာရီတိုင်း၊ ညောင်လေးပင်ခရိုင်ခွဲ၊ သံလွင်ခရိုင်တို့ပါဝင်သော သီးခြားကရင်ပြည်နယ် ထူထောင်ခွင့်ပြုစေ လိုကြောင်း။
- လာမည့်တိုင်းပြည်အုပ်ချုပ်ရေး ယန္တယား၏ ၀န်ထမ်းဦးရေသုံးပုံ၊ တစ်ပုံကို ကရင်များအား ခန့်ထားစေလို ကြောင်း။
- ကရင်အမျိုးသားတို့၏ လိုလားချက်များကိုရရှိရေး သေချာစေရန်၊ ဗြိတိသျှပါလီမန်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင် ငံသို့ စောလျင်စွာ စေလွှတ်စေလိုကြောင်း၊ ကြေးနန်းရိုက်အကြောင်းကြားပေးလိုက်သည်။
- ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့တွင် ဖွဲ့စည်းသော ဘုရင်ခံ၏အမှုဆောင်(၀န်ကြီး)အဖွဲ့တွင် ကရင် ကိုယ်စားလှယ်နှစ်ဦးဖြစ်သော-
- မန်းဘခိုင် (အလုပ်သမားနှင့် စက်မှုလက်မှုဝန်ကြီး)
စောဘဦးကြီး (ပြန်ကြားရေးဝန်ကြီး) တို့ပါရှိလျက်၊ လန်ဒန်ဆွေးနွေးပွဲတွင် ကရင်ကိုယ်စားတဦးမှ မပါဝင်ခြင်းနှင့် အောင်ဆန်းအက်တလီသဘောတူညီချက်တွင်-
၁။ တိုင်းပြည်ပြုလွှတ်တော်အတွက် ခွင့်ပြုထားသော ကရင်ကိုယ်စားလှယ်ဦးရေ နည်းလွန်းခြင်း၊
၂။ ကြားဖြတ်အစိုးရ ဥပဒေပြုလွှတ်တော်တွင် ကရင်ကိုယ်စားလှယ် မည်မျှပါဝင်မည်ကို ဖေါ်ပြမထားခြင်း၊
၃။ သီးသန့်လျာထားသော ကရင်အမျိုးသားစစ်တပ်များ ဆက်လက်ထားရှိနိုင်မည်မဟုတ်ခြင်း၊
၎။ သီးခြားကရင်ပြည်နယ် တည်ထောင်ရေးကိစ္စကို ဖေါ်ပြမထားခြင်း၊
၅။ ဆွေးနွေးစာချုပ်မည့်ကိစ္စတွင် ကရင်အမျိုးသားများအား မေးမြန်းမှုလုံးဝမပြုခြင်းတို့ကြောင့် အောင်ဆန်းအက်တလီ စာချုပ်ကို ကန့်ကွက်သည်။
ကရင်တမျိုးသားလုံး နိုင်ငံရေးအသိ တိုးတက်မြင့်မားလာသည်နှင့်အမျှ ကရင်ပြည်ရယူရေး၊ ကရင်အမျိုးသားလွှတ် မြောက်ရေး၊ စိတ်ဓာတ်များအထွတ်အထိပ်သို့ ရောက်ရှိနေသည်။ တိုက်ပွဲများတဆင့်ပြီးတဆင့် ၀င်လျက်ရှိသည်။ အောင်ဆန်းအက်တလီစာချုပ်ကို ကန့်ကွက်သည်နှင့်တဆက်တည်း ၁၉၄၇ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့အထိ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၏ တောင်းဆိုမှုကို လက်လျောခြင်း မပြုခဲ့သော်-
-ကရင်များက ရွေးကောက်ပွဲကို သမတ်မှောက်မည်။
-၀န်ကြီးစောဘဦးကြီးမှ ကန့်ကွက်သည့်အနေနှင့် ပြည်ကြားရေးဝန်ကြီးရာထူးမှ နှုတ်ထွက်မည်။
-ကရင်အတွက် သီးသန့်မင်းတိုင်ပင်အမတ်မရှိသေးသော အင်းစိန်၊ ပဲခူး၊ သာယာဝတီ၊ ဖျာပုံ၊ ထားဝယ်နှင့် ဘိတ်ခရိုင် များအတွက် တိုင်းပြည်ပြုလွှတ်တော်အမတ် (၁၇)ဦး ပိုမိုထားရှိပေးရန်။
-လာမည့်ဥပဒေပြုလွှတ်တော်၌ ကရင်ဝန်ကြီး (၂၅)ရာခိုင်နှုန်း ပါဝင်စေရန်။
-သီးသန့်ထားရှိသော ကရင်စစ်တပ်များကို ဆက်လက်ထားရှိရန်။
-ကရင်နယ်ထူထောင်ရေးကို မူအားဖြင့်လက်ခံရန်။
-လာမည့်တိုင်းပြည်အုပ်ချုပ်မှုများတွင် ကရင်အမျိုးသားများအား ဌာနတိုင်းတွင် လူဦးရေးအမျိုးအစားအလိုက်ခန့်ထား ရန်။
တိုင်းပြည်ပြုလွှတ်တော်ဖွဲ့စည်းပြီးလျှင်ပြီးချင်း၊ လူဦးရေစာရင်း (၀ါ)သန်းကောင်စာရင်းမှန်ကို ကောက်ခံပေးရန်၊ ဗြိတိသျှ ၀န်ကြီးချုပ်ထံ တောင်းဆိုလိုက်သည်။ (ဘုရားဖြစ်မယ်ကြံ၊ ဒေ၀ဒတ်ကကိုးယိုးကားယား) ဆိုသလို ၁၉၄၇ ခုနှစ်၊ ဖေဖေါ် ၀ါရီလ (၅)ရက်နေ့ ကရင်အမျိုးသားညီလာခံမှ ဆုံးဖြတ်ချက်များအရ မတ်လ(၃၁)ရက်နေ့ နောက်ဆုံး ကေအဲန်ယူ တောင်းဆိုမှုကို လိုက်လျောခြင်းမပြုခဲ့သော်၊ ကရင်များမှရွေးကောက်ပွဲကို သပိတ်မှောက်ရန်ဆိုသည့်ဆုံးဖြတ်ချက်အရ၊ ဥက္ကဌကြီး မန်းဘဇန်အပါဝင် ကရင်အမျိုးသားခေါင်းဆောင်ကြီးများဖြစ်သော-
၁။ စောဘဦးကြီး
၂။ မန်းဂျိန်းစ်ထွန်းအောင်
၃။ စောဟံတာသာမွှေး
၎။ မန်းကျော်ဗလ
၅။ ဘုရင်ဂျီဘုန်းတော်ကြီး ဖါသာမိုးရမ်း
၆။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဆရာတော်ဦးဥတ္တမ စသည့်ပုဂ္ဂိုလ်များသည် မြစ်ဝကျွန်းပေါ်ဒေသသို့ စည်းရုံးရေး၊ ရွေး ကောက်ပွဲ သပိတ်မှောက်ရေး၊ လူထုလှုံ့ဆော်တရားပွဲများ ခြိမ့်ခြိမ့်သဲသဲကျင်းပကြလေသည်။ ကရင်အမျိုးသားလုံး ကျွန် ဘ၀မှလွတ်မြောက်ပြီး ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ပြဌာန်းနှင့် နေထိုင်နိုင်သောလွတ်လပ်သည့်လူမျိုးအဖြစ် နေထိုင်နိုင် ရေးအတွက် တက်ကြွစည်းလုံးညီညွတ်လျက်ရှိသည်။
သတ်မှတ်ထားသည့် ၁၉၄၇ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ရောက်သည့်တိုင် ပြန်ကြားချက်မရသဖြင့် ညီလာခံဆုံးဖြတ်ချက် အရ ၀န်ကြီးစောဘဦးကြီး ရာထူးမှနှုတ်ထွက်လိုက်သည်။ စောဘဦးကြီးရာထူးမှ နှုတ်ထွက်လိုက်လျှင် ကေအဲန်ယူကရင် အမျိုးသားအစည်းအရုံးတွင် ပါဝင်နေသော (K.Y.O) ကရင်လူငယ်များ ဖြစ်ကြသည့် စောစံဖိုးသင်၊ မန်းဘခိုင်၊ မန်ဝင်း မောင်၊ မန်းကျော်စိန်၊ စောစိန်တင်တို့ ကေအဲန်ယူမှ နှုတ်ထွက်သွားကြသည်။ ဘုရားမဖြစ်သေးခင် ဒေ၀ဒတ်မှ ကိုးယို ကားယားလုပ်လာသဖြင့် ကရင်ပြည်ရရှိရေးတိုက်ပွဲမှာ အရှိန်အဟုန်ယုတ်လျော့သွားလင့်ကစား ရပ်တန့်သွားခြင်းမရှိပဲ ၁၉၄၇ ခုနှစ်၊ ဧပြီးလ (၁၀)ရက်နေ့တွင် ကေအဲန်ယူအရေးပေါ်ညီလာခံတရပ် ခေါ်ယူကျင်းပသည်။ ဤညီလခံမှ အောက် ပါ ကေအဲန်ယူ အမှုဆောင်ကော်မတီကို ရွေးကောက်တင်မြှောက်လိုက်သည်။
၁။ စောဘဦးကြီး ဥက္ကဌ
၂။ မန်းစောဘု ဒုတိယဥက္ကဌ
၃။ သရာသာထို အတွင်းရေးမှူး
၎။ မန်းဂျိန်းစ်ထွန်းအောင် တွဲဘက်အတွင်းရေးမှူး
၅။ မန်းဘခင် ငွေထိန်း
၆။ စောသာဒင် ဘဏ္ဍာရေး
၇။ စောဟံတာသာမွှေး ပညာရေး
၈။ စောမောင်ဝင်း ပြန်ကြားရေး
၉။ မန်းဘဇန် ကာကွယ်ရေး
၁၀။ စောစန်းကေး သုဝဏတိုင်းသတင်းစာအယ်ဒီတာချုပ်
၁၁။ စကောမောလေး လူငယ်
၁၂။ ဦးဇန် အုပ်ချုပ်ရေး
၁၃။ မစ္စလူနီ အမျိုးသမီး စသူတို့ကို ရွေးကောက်တင်မြှောက်သည်။
အထက်ပါပုဂ္ဂိုလ်ကြီးများကို ရွေးကောက်တင်မြှောက်ပြီး ထိုညီလာခံမှ အောက်ပါအချက်များကို ဆုံးဖြတ်အတည်ပြုကြ သည်။
၁။ ကရင်ပြည်ကို ကြိုးစားတည်ဆောက်ချိန်၊ ကရင်တယောက်စော်ကားခံရလျှင် ကရင်တမျိုးသားလုံးစော်ကားခံရသည် ဟု ခံယူသည်။
၂။ (က) လွှတ်တော်တွင် ၀င်ရောက်အရွေးခံရသော ကရင်ကိုယ်စားလှယ်များသည် အစစ်အမှန်မဟုတ်။
(ခ) ကိုယ်ကျိုးမကြည့်ပဲ ၀န်ကြီးရာထူးမှ နှုတ်ထွက်လိုက်သော ၀န်ကြီးစောဘဦးအား ဤညီလာခံမှ ချီကျူးဂုဏ်ပြု သည်။
(ဂ) ရွေးကောက်ပွဲမ၀င်သော ကရင်များအား၎င်း၊ မဲမထည့်သော ကရင်အမျိုးသားအားလုံး အားလည်းကောင်း၊ ဤညီလာခံမှ ချီးကျူးဂုဏ်ပြုသည်။
(ဃ) ကေအဲန်ယူ အလုပ်အမှုဆောင်ကော်မတီမှ လုပ်ငန်းလမ်းစဉ်များရေးဆွဲရန် ဤညီလာခံမှ အာဏာကုန်အပ် နှင်းသည်၊ စသည်တို့ကို ဆုံးဖြတ်ချမှတ်လိုက်သည်။ ကေအဲန်ယူညီလာခံဆုံးဖြတ်ချက်အမှတ်(၄)အရ ကေအဲန်ယူအာ ဘော်ဂျာနယ် အယ်ဒီတာချုပ်အဖြစ် စောအောင်ညွန့်(ဖိုးစော်ကဲ) တို့အားတာဝန်ပေးသည်။ ထိုဂျာနယ်မှာ(သုဝဏ တိုင်း) ဂျာနယ်ဖြစ်သည်။ အပတ်စဉ်ဂျာနယ်ဖြစ်ပြီး၊ တပတ်လျှင်စောင်ရေ(၂၀၀၀)ထုတ်ဝေဖြန့်ချီသည်။ ဂျာနယ်တစောင် (၄)ပဲ ဖြင့် ရောင်းချသည်။
ဘာသာရေးလုံးဝမပါပဲ နိုင်ငံရေးနှင့် အမျိုးသားရေးကိုသာ ရေးသားသည်။ ယင်းဂျာနယ်ထုတ်ဝေခြင်း၏ ဦးတည်ချက်မှာ ကရင်တမျိုးသားလုံး ဘာသာမရွေး၊ မျိုးနွယ်စုမရွေး၊ ဒေသမရွေးစုစည်းပေးပြီး ကရင့်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင် လာရန်ဖြစ်သည်။ ယင်းဂျာနယ်တွင်ရေးသားသော ဆောင်းပါးများမှာ နယ်မှပေးပို့သော ဆောင်းပါးများဖြစ်သည်။ ကရင် လူထုဂျာနယ်ပင်ဖြစ်သည်။
ဆောင်းပါးတိုင်းလိုလိုပင် အမျိုးသားရေးလှုံ့ဆော်ရေးသားသော ဆောင်းပါးများဖြစ်သည်။ ဥပမာ။ ။၅၊၇၊၄၈ရက်နေ့ ထုတ် သုဏတိုင်းဂျာနယ်တွင် ပြည်ရွာပိုင်မရွယ်ပဲနှင့် စော်ကဲနော်မင်းဖြစ်ကိန်းမှာ ကျိန်းသေတဲ့လေး။
၂၀၊ ၉၊ ၄၈ရက်နေ့တွင် (တောင်ပေါ်ကမင်းကလေး၊ လမ်းမသာလို့မလာသေး၊ ပင်လယ်ပြင်မှာကြေးနန်းသွယ်၊ ကရင်မင်းလာ လိမ့်မယ်)စသည့်ဖြင့် တဘောင်များဖြင့်ရေးသား၍ အမျိုးသားအသိစိတ်ဓာတ်များ သွတ်သွင်ပေးခဲ့သည်။ မဟာလူမျိုးကြီးဝါဒ ကို ဦးတည်တိုက်ခိုက်သော ဆောင်းပါးများရေးသားကြသည်။ ကရင်အမျိုးသားလုံးကို လှုံ့ဆော်စည်းရုံးပေးနိုင်ခဲ့သည်။ ယင်းဂျာနယ်နှင့် ပတ်သက်၍ ဥက္ကဌကြီးမန်းဘဇန်မှ-
ကျွန်ုပ်သည် ဆောင်းပါးများရေးသားရန် အလွန်စိတ်ဝင်စားသည်။ ဂျပန်ခေတ် ၀န်ကြီးဦးလှဖေရုံးတွင် အထက်တန်းစာရေးအ ဖြင့်လုပ်ကိုင်နေစဉ် အမျိုးသားရေးနှင့်ပတ်သက်၍ ဗမာ့၊ သတင်းစာ၊ ဂျာနယ်များသို့ ဆောင်းပါးများရေးသားပေးပို့ခဲ့ရာမှ အ တွေ့ကြုံအတော်ရခဲ့သည်။ သုဝဏတိုင်းဂျာနယ်တွင်ကျွန်ုပ်၏ ကလောင်အမည်များမှာ (တယူသန်)နှင့်(နိုင်ငံရေးသတင်း ထောက်)ဟူသောကလောင်အမည်ဖြင့် ရေးသားပါသည်ဟု ပြောကြားထားသည်။
ကရင်လူထုဆန္ဒပြပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်း၊ ကရင့်တော်လှန်ရေးဖြစ်ပေါ်လာရေးနှင့် ဖြစ်ပေါ်လာရခြင်းတို့တွင် သဝုဏတိုင်းဂျာနယ်သည် တတတ်တအားဖြင့် လှုံ့ဆော်ပေးခဲ့သည်။ ယင်းဂျာနယ်ကို ဖဆပလအစိုးရမှ အထူးဂရုစိုက်ခဲ့သည်။ ဂျာနယ်တွင်ပါဝင်သော ဆောင်းပါးများမှာ ဥပဒေနှင့်ညှိစွန်းသော ဆောင်းပါးများဖြစ်သဖြင့် ဖဆပလအစိုး ပြည်ထဲရေးဌာနမှ မကြာခဏသတိပေးခြင်းခံခဲ့ရသည်။ သို့သော် ကရင်လူထုသည် တားမရသည့်ဒီရေအလား အုံကြွနေသဖြင့် အရေးယူခြင်း မ ပြုခဲ့ပေ။
ယင်းဂျာနယ်သည် ကရင့်သမိုင်းတွင် ဂုဏ်ပြုရမည့် မှတ်တမ်းဝင် ဂျာနယ်တခုဖြစ်သည်။ ၁၉၄၇ ခုနှစ်မှ ကရင့်တော်လှန်ရေး ဖြစ်ပေါ်လာသည့် ၁၉၄၉ခုနှစ်၊ ဇန်န၀ါရီလ (၃၁)ရက်နေ့အထိ ထုတ်ဝေနိုင်ခဲ့သည်။
၁၉၄၇ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လုပ်ကြံခံရပြီး တိုင်းပြည်မငြိမ်းမ သက်ဖြစ်နေချိန်တွင် ၁၉၄၇ခုနှစ် (၂၆)ရက်နေ့နှင့်(၂၇)ရက်နေ့၊ အမှတ်(၂)ဦးလူနီလမ်း၊ ကြည့်မြင်တိုင် ရန်ကုန်မြို့တွင် အ နယ်နယ်အရပ်ရပ်မှ ကရင်အမျိုးသားခေါင်းဆောင်(၃၅)ဦး တွေ့ဆုံပြီး ဥက္ကဌကြီးစောဦးကြီးမှ သဘာပတိအဖြင့် ဆောင်ရွက် သည့် အစည်းအဝေးတရပ်ကျင်းပသည်။ အဆိုပါအစည်းအဝေးတွင် ဥက္ကဌကြီးစောဘဦးကြီးမှ-
နယ်ခေါင်းဆောင်များသည် မိမိနယ်ရှိ ကရင်အမျိုးသားတို့အား လူမျိုးရေးပဋိပက္ခဖြစ်စေမည့် အခြေအနေများကို ရှောင်းရှား ၍ အေးအေးဆေးဆေးနေကြရေးအတွက် ပန်ကြားရန်-
မြန်မာခေါင်းဆောင်များ မကျဆုံမီနှင့် ကျဆုံးပြီးနောက် ဖြစ်ပေါ်လာသော အခြေအနေများအရ ဗမာအမျိုးသားတို့၏ အာဏာ ရရှိရေးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိစေရန်နှင့် ကရင်ပြည်နယ်ရရှိရေးအတွက် ကြိုးပမ်းကြရန် တိုက်းတွန်းပြော ကြားသည်။ ထို့နောက်-
၁။ ကရင်လူဦးရေ သန်းခေါင်စာရင်းအမြန်ဆုံးကောက်ယူရန်၊
၂။ မော်လမြိုင်မြို့တွင် စက်တင်ဘာလ (၄)ရက်နေ့၌ကျင်းပသည့် ကရင့်ခေါင်းဆောင်များ အစည်းအဝေးသို့ မိမိတို့နှင့်သ ဘောထားခြင်းတိုက်ဆိုင်သော မွန်ခေါင်းဆောင်များကို ဖိတ်ကြားရန်၊
၃။ ကရင်(၁၂)ဦးထက်မနည်း သတ်ဖြတ်ခံရမှုတွေ ပါဝင်ပတ်သက်သော ဗိုလ်ထွန်းလှအား လွတ်ငြိမ်းခွင့်ပြုခြင်းကို ဖာပွန်လူ ထုက အကြေမနပ်ဖြစ်နေကြသဖြင့် ဗိုလ်ထွန်းလှအမှုကို တရားနည်းလမ်းတကျ စစ်ဆေးရေးအတွက် အာဏာပိုင်များထံ တင်ပြနိုင်ရန် ဆရာသာထို၊ စောဝေရီကျော်၊ စောတီဖိုးကူးတို့အား ဤအစည်းအဝေးမှ တာဝန်ပေးရန်။
၎။ သထုံတွင် အငတ်ဘေးနှင့်ရင်ဆိုင်နေကြရသူများအားထောက်ပံ့ရန်၊ ကောက်ခံရရှိသော ငွေကျပ်(၄၃၆၀)ကို သထုံမြို့နေ ဦးဖေတိုးနှင့် စောဘလုံးတို့အား ပေးအပ်ရန်။
၅။ ကရင်အမျိုးသားအလံပုံစံ ရွေးချယ်အတည်ပြုရေးအတွက် မန်းဘခင်၊ သရာသာထို၊ မန်းဂျိမ်းစ်ထွန်းအောင်တို့ ပါဝင်သော ကော်မတီတရပ်ဖွဲ့စည်းရန်။
၆။ ဗြိတိသျှအစိုးရ ပါလီမန်ကော်မရှင် ရောက်ရှိလာလျှင် ကေအဲန်ယူအဖွဲ့ချုပ်အေနေဖြင့် တိတိကျကျတင်ပြ၍ သီးခြားကရင် ပြည်နယ်၏ နယ်နမိတ်ကို ကရင်လူထု(အထူးသဖြင့် ဧရာဝတီတိုင်းနေ ကရင်လူထု)က အပြီးအပိုင်သတ်မှတ်ပေးရန်။
၇။ အဖွဲ့အတွင်းပါဝင်မည့် ကရင်ပြည်နယ်၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းကို ပါကစ္စတန်၏ ပုံစံအားမှီးငြမ်း၍ ရေးဆွဲ ရန်အတွက် စောဘဦးကြီး၊ ဦးလှဖေ၊ မန်းဘခင်၊ သရာသာထို၊ စောစံကေ၊ စောဘိုးချစ်၊ စောသာဒင်၊ စောဗစ်တာဖိုး၊ စောဟံ တာသာမွှေး၊ မန်းဂျိမ်းစ်ထွန်းအောင်၊ စောဘဲလေတို့ပါဝင်သည့် ဆပ်ကော်မတီဖွဲ့စည်းရန်-ဟူသောဆုံးဖြတ်ချက်ကို ချမှတ်ကြ သည်။
ထိုအစည်းအဝေးမှာပင် ကေအဲန်ယူအဖွဲ့ချုပ်မှ ဧရာဝတီတိုင်းကိုယ်စားလှယ်တို့အား တိုင်းအတွင်း လူထုအစည်းအဝေး ကြီးတရပ်ကျင်းပ၍ မိမိတို့နေထိုင်သည့်နယ်ပယ်များ ကရင်ပြည်နယ်အတွင်း ပါဝင်သင့်၊ မသင့်ကို ဆုံးဖြတ်ရန် ညွန်ကြားကြ လေသည်။
တဖန် ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလ (၃/၄)ရက်နေ့များတွင် မော်လမြိုင်မြို့၌ ခရိုင်ကေအဲန်ယူ ကိုယ်စားလှယ်(၇၀၀)ကျော် တက်ရောက်သော ကွန်ဖရင့်ကြီးမှ အောက်ပါအရေးကြီးသော ဆုံးဖြတ်ချက်များကို ချမှတ်လိုက်လေသည်။
၁။ ကရင်ကိုယ်စားလှယ်အစစ်အမှန် မပါဝင်သော မြန်မာတိုင်းပြည်ပြုလွှတ်တော်က အတည်ပြုလိုက်သော စည်းမျဉ်းဥပဒေ များကို ကရင်လူထုက လက်မခံ။
၂။ သီးသန့်သော ကရင်ပြည်ထူထောင်ရေးကိစ္စကို ကမ္ဘာ့ကုလသမဂ္ဂသို့ တိုင်ကြားရန်။
၃။ သီးသန့်သောကရင်ပြည်အတွင်း စည်မျဉ်းဥပဒေများကို ရေးဆွဲရန်အတွက် ဗဟိုအမှုဆောင်များအား တာဝန်လွှဲအပ် ကြောင်း။
၎။ ဗဟိုအမှုဆောင်အဖွဲ့ဝင်အားလုံးတို့အား လူထုက လုံးဝအယုံအကြည်ရှိကြောင်း။
၅။ (က) တောင်ငူခရိုင်ပါဝင်သော တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ အင်းစိန်ခရိုင်၊ ဟံသာဝတီခရိုင်၊ ညောင်လေးပင်တိုင်းခွဲစ သည်တို့ကို သီးသန့်ကရင်ပြည်အဖြစ် အသိအမှတ်ပြုရန်။
(ခ) မြန်မာပြည်ကြီး လွတ်လပ်သောအခါ သီးသန့်သော ကရင်ပြည်နယ်အရေးကို ဗမာအစိုးရနှင့် အရေးဆိုရန်။
၆။ လက်နက်ပုန်းရှိသောသူများကို သေဒဏ်ပေးမည်ဟူသောဥပဒေမူကြမ်းကို ရုပ်သိမ်းရန်။
၇။ ယခုလက်ရှိ ကရင်အမျိုးသားအလံတော်ကို ကရင်အမျိုးသားအားလုံး၏အလံဟု အသိအမှတ်ပြုရန်စသည်တို့ကို ဆုံးဖြတ် ချမှတ်လိုက်သည်။
တဖန် ၁၉၄၈ခုနှစ်၊ မတ်လ (၃)ရက်မှ (၅)ရက်အထိ ကျင်းပသော ကေအဲန်ယူအဖွဲ့ချုပ်နှစ်ပတ်လည်ညီလာခံမှ အောက်ပါ ဆုံးဖြတ်ချက်များကို ချမှတ်လိုက်သည်။
၁။ သီးသန့်သောကရင်စစ်တပ်များကို မူလကဲ့သို့ပင်ထားရှိရန်။
၂။ ယခုအတောအတွင်း ကိုယ်ပိုင်လိုင်စင်သေနတ်များနှင့် ကာကွယ်ရေးသေနတ်များကို သိမ်းဆည်းခြင်းမပြုရန်။
၃။ ကရင်နီနယ်မြေတို့၏ ဦးစီးအဖွဲ့က မိမိတို့၏နယ်မြေများကို မြန်မာနိုင်ငံနှင့် မပူးပေါင်းရန် ဆုံးဖြတ်အတည်ပြုရန်ကို လုံးဝ ထောက်ခံကြောင်း ဆုံးဖြတ်ချက်ချမှတ်လိုက်ပေသည်။
ကရင်အမျိုးသားလုံး၏ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲသည် အရှိန်အဟုန်အဆင့်ဆင့် မြင့်တက်လာသည်နှင့်အမျှ တိုက် ပွဲနည်းဗျူဟာ တခုပြီးတခုပြောင်းလဲဖြစ်ပေါ်လာသည်။ ၁၉၄၈ ခုနှစ်၊ မတ်လ(၅)ရက်နေ့ ကရင်အမျိုးသားများ၏ လွတ် လပ်ရေးတိုက်ပွဲကြောင့် ကချင်၊ ကရင်နီ၊ ရှမ်းနှင့် ချင်းလူမျိုးများ၏ ပြည်နယ်များကို သတ်မှတ်ပေးလာရသည်။ ထိုအပြင် ကရင်ပြည်၊ မွန်ပြည်နှင့် ရခိုင်ပြည်သတ်မှတ်ပေးရေးနှင့် ပတ်သက်၍ ဖဆပဖအစိုးရ တရားရေးဝန်ကြီး ဆာဘဦးအထူးပြု သော ပြည်နယ်စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းပေးလာရသည်။ အဆိုပါပြည်နယ်စုံစမ်းရေး ကော်မရှင်တွင်-
၁။ ရှမ်းပြည်ရေးရာကောင်စီကိုယ်စားလှယ် (၁)ဦး
၂။ ချင်းပြည်ရေးရာကောင်စီကိုယ်စားလှယ် (၁)ဦး
၃။ ကချင်ပြည်ရေးရာကောင်စီကိုယ်စားလှယ် (၁)ဦး
၎။ ကရင်နီပြည်ရေးရာကောင်စီကိုယ်စားလှယ် (၁)ဦး
၅။ ကရင်အမျိုးသားကိုယ်စားလှယ် (၆)ဦး
၆။ မွန်အမျိုးသားကိုယ်စားလှယ် (၆)ဦး
၇။ ရခိုင်အမျိုးသားကိုယ်စားလှယ် (၆)ဦး
၈။ ဗမာအမျိုးသားကိုယ်စားလှယ် (၆)ဦး တို့ဖြစ်ဖွဲ့စည်းသည်။
ပြည်နယ်စုံစမ်းရေးကော်မရှင်သည်-
၁။ ကရင်၊ မွန်၊ ရခိုင် တိုင်းရင်းသားတို့၏ ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ရေး ရလိုသောဆန္ဒကို စုံစမ်းရန်။
၂။ အကယ်၍ ထိုဆန္ဒများသည် အခြေခံဥပဒေ၏ သဘောများနှင့် အကြုံဝင်ပြီးဖြစ်လျှင် ထိုဆန္ဒများကို အမြန်ဆုံဖြည့်စွမ်းနိုင် မည့် လုပ်ငန်းစဉ်များကို ရေးဆွဲတင်ပြရန်။
၃။ အကယ်၍ ထိုဆန္ဒများသည် အခြေခံဥပဒေ၏ သဘောများနှင့် အကြုံမ၀င်ခဲ့သော်လည်း ထိုသို့သောအခက်အခဲများကို ကျော်လွန်အောင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန်။
၎။ အထက်ပါ ဖွေရှာ၍တွေ့ရှိလာသော နည်းလမ်းများကို ဒီမိုကရေစီနည်းအရ အမြန်ဆုံးအထမြောက်အောင် ဖန်တီးနိုင်မည့် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲတင်ပြရန်-----ဟူ၍ လုပ်ငန်းများ ချမှတ်ထားသည်။
အဆိုပါ ပြည်နယ်စုံစမ်းရေးကော်မရှင်သို့ အစစ်ဆေးခံရန် သံလွင်ခရိုင် ကရင်ကိုယ်စားလှယ်အဖွဲ့နှစ်ဖွဲ့၊ ကရင်လူငယ်အစည်း အရုံးနှင့်၊ ကေအဲန်ယူအဖွဲ့ချုပ်တို့မှတက်ရောက်၍ အသီးသီး အစစ်ဆေးခံကြလေသည်။
ကေအဲန်ယူ အဖွဲ့ချုပ်မှ-
၁။ သရာသာထို
၂။ မန်းဂျိမ်းစ်ထွန်းအောင်
၃။ စောမောင်ဒေါက်
၎။ မန်းဘဇန်တို့ တက်ရောက်အစစ်ဆေးခံကြသည်။
ကေအဲန်ယူအဖွဲ့ချုပ်၏ ကရင်ပြည်ရရှိရေးတောင်းဆိုမှုကို လေးနက်စေရန်အတွက် ၁၉၄၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့ တွင် ကရင်လူထုဆန္ဒပြပွဲကြီးတရပ် ကျင်းပလေသည်။ အဆိုပါ ကရင်လူထုဆန္ဒပြပွဲကြီးတွင်-
၁။ ကရင်ပြည်ချက်ချင်းပေး။
၂။ ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပေး။
၃။ လူမျိုးရေးအဓိကရုဏ်း အလိုမရှိ။
၎။ ပြည်တွင်းစစ် အလိုမရှိ။
ဟူသော ကြွေးကြော်သံပိုစတာများကို ကိုင်ဆောင်၍ အသံတိတ်စည်းကမ်းတကျ လှည့်လည်ဆန္ဒပြခဲ့ကြသည်။ ကရင်တမျိုး သားလုံးသည် ကျွန်ဘ၀မှ လွှတ်မြောက်ရေးအတွက် စိတ်ဓါတ်တက်ကြွလျက် စည်းလုံးညီညွတ်နေကြသည်။ ကရင်ပြည် သည် ပထမ၊ ကရင်ပြည်သည် ဒုတိယနှင့် ကရင်ပြည်သည် တတိယဟူ၍ ကရင်ပြည်မှလွဲ၍ ကရင်တမျိုးသားလုံး၏ နှလုံး အိမ်တွင် အခြားအရာဘာတခုမှမရှိပေ။ ကရင်ပြည်အရေးကို အကြမ်းမဖက် ငြိမ်းချမ်းသောနည်းဖြင့် မိမိတို့ဆန္ဒကို ဖော်ပြခဲ့ ပြီးဖြစ်သည်။ တဖက်မှ လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်မပြုလိုသော (မဟာလူမျိုးကြီးဝါဒီ)များသည် လူမျိုး ရေးမုန်းတီးမှု၊ လူမျိုးရေးအဓိကရုဏ်းများကို တစတစ တိုးချဲ့လုပ်ကိုင်လာသည်။ အခြေအနေ တစထက်တစ တိုးတက်တင်း မာလာချိန်တွင် ၁၉၄၈ ခုနှစ်၊ စက်တင်ဘာ (၁၇-၁၈)ရက်နေ့ ပုသိမ်မြို့တွင် ကေအဲန်ယူ အရေးပေါ်ညီလာခံတရပ်ခေါ်ယူ၍ ဆုံးဖြတ်ချက်များ ချမှတ်လိုက်သည်။
၁။ ပါကစ္စတန်နိုင်ငံကြီးကို ဖန်တီးပေးသူ ထင်ရှားကျော်စောသော မွတ်စလင်ခေါင်းဆောင်ကြီး မစ္စတာမိုဟာမက်အလီဂျင်း နား ကွယ်လွန်အနိစ္စရောက်သွားသည့်အတွက် ၀မ်းနည်းကြောင်း ပါကိစ္စတန် ဘုရင်ခံချုပ်ထံမှတဆင့် အခြားမွတ်စလင်နိုင်ငံ များသို့ အကြောင်းကြားပေးပါရန် ဤညီလာခံမှ ဆုံးဖြတ်ကြောင်းနှင့်(ထ၍ တမိနစ်ငြိမ်သက်စွာနေရန်)၊
၂။ မွန်၊ ကရင်သည် ဘ၀ကံတူအကျိုးပေးခြင်းတူညီသည့်အတွက် မကြာမီက ကေအဲန်ယူ ခေါင်းဆောင်များနှင့် မွန်လူထု ခေါင်းဆောင်များ အေးအတူပူမျှ တဦးနှင့်တဦးအခွင့်အရေးဆောင်ရွက်ရာ၌ ကူညီကြရန်(ကြေညာခဲ့သည်ကို ဤညီလာခံမှ ချွင်းချက်မရှိ ထောက်ခံအတည်ပြုပါကြောင်း။
၃။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ အခြေအနေသည် ဆိုးရွား၍လာသည့်အားလျှော်စွာ ကရင်တမျိုးသားလုံး၏ အသက်နှင့် စည်းစိမ်ကိုသာမက ကရင်အများအပြားနေထိုင်သော မြို့နယ်ရပ်ရွာများ၌ နေထိုင်ကြကုန်သော တခြားအမျိုး သားများ၏ အသက်နှင့်စည်းစိမ်ကိုပါ ကာကွယ်အထူးလိုအပ်သဖြင့် ကရင်အမျိုးသားများက ကိုယ့်မြို့ကိုယ့်ရွာကို ကာကွယ် သည်သာမက အခြားအကူအညီလိုအပ်သောနေရာများသို့ ကာကွယ်ရန်လိုပါက အလျင်အမြန် အကူအညီပေးပါရန် ဤညီ လာခံမှ ဆုံး ဖြတ်ပါကြောင်း။
၎။ ကရင်သီးခြားနယ်ရရှိရေးသည် ကရင်တမျိုးသားလုံး မကွဲမပြား စည်းလုံးရေးရရန် တဦးနှစ်ဦးအေးအတူ ပူအမျှ လက်ချင်း တွဲ၍ ဆောင်ရွက်သွားမည်ဟု ညီလာခံမှ ဆုံးဖြတ်ပါကြောင်း။
၅။ ကရင်ဗမာအဓိကရုဏ်းသည် ကရင်နယ်ရရှိရေးနှင့် ဗမာပြည်လွှတ်လပ်ရေးဆုံးရှုံးမှုဖြစ်စေသည့် အရာတခုဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်သည်သာမက လုံးဝအပိုမရှိကြောင်း၊ လူမျိုးရေးအဓိကရုဏ်းကို လှုံ့ဆော်သည့် ပါတီတခုခုကဖြစ်စေ၊ သတင်းစာတစောင်ကဖြစ်စေ၊ လူတဦးတယောက်ကဖြစ်စေ၊ ပြုလုပ်ခဲ့သော် ဤညီလာခံမှ အပြင်းအထန်ရှုံ့ချပါကြောင်း။
၆။ ကရင်အမျိုးသားများ၏လိုလာချက်ကို ပြည့်စုံအောင်ဆောင်ရွက်ရာ၌ ကျွန်ုပ်တို့ ကေအဲန်ယူအဖွဲ့ချုပ်က ဒီမိုကရေစီဝါဒနှင့် ဆန့်ကျင်၍ဆောင်ရွက်သောနည်းလမ်းများကို မလိုလားပါကြောင်း။
၇။ ယခုအချိန်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၌ ဆူပူသောင်းကျန်းသူများရှိရာ တိုင်းပြည်ရှိ လူထုမှာ များစွာနေရေး ထိုင်ရေးတွင် ချမ်းမြေ့ခြင်းမရှိကြောင်းကို ကျွန်ုပ်တို့ ကေအဲန်ယူအဖွဲ့ချုပ်မှ သိရှိရပါကြောင်း၊ အကယ်၍ တိုင်းပြည်၏ ငြိမ်းချမ်း သာယာမှုကို လိုလားသောလူထုအဖွဲ့အစည်းများက ငြိမ်းချမ်းမှုကိုဖန်တီးပေးရာ၊ ကေအဲန်ယူအဖွဲ့အားလိုလားပါက ကေအဲန် ယူအဖွဲ့ချုပ်မှ အင်တိုက်အားတိုက်၊ ကူညီစောင့်ရှောက်မည်ဖြစ်ကြောင်း။
၈။ ကေအဲန်ဒီအိုတံဆိပ်များကို တပ်ဆင်၍ကေအဲန်ယူအဖွဲ့ချုပ်၏အမည်ကို အလွဲသုံးစားပြုလုပ်ကာ ရာဇ၀တ်မှုများကို ကျူး လွန်သူ အရေခြုံတစုအား ထိရောက်စွာအရေးယူရန် ဤညီလာခံမှ ဆုံးဖြတ်ပါကြောင်း။
၉။ မြစ်ဝကျွန်းပေါ်ဒေသများထက်သထုံ၊ မော်လမြိုင်နယ်များတွင် အခြေအနေမှာ ပိုမိုငြိမ်သက်လျက်ရှိကြောင်း ကြားသိရ သဖြင့် မကြာမီရက်အတွင်းက ထိုနယ်များတွင် ထုတ်ပြန်ထားသော စစ်အုပ်ချုပ်ရေးဥပဒေကို ကရင်နီတွင် ပြန်လည်ရုတ် သိမ်းသကဲ့သို့ပင် ထိုနယ်များမှ အမြန်ဆုံးနည်းနှင့် ရုပ်သိမ်းရန် ဤညီလာခံမှတောင်းဆိုပါကြောင်း။
၁၀။ ဗမာပြည်အရပ်ရပ်တွင်နေထိုင်လျက်ရှိကြသော ကေအဲန်ယူအဖွဲ့ဝင် ကရင်အမျိုးသားတို့နှင့်စပ်လျဉ်းသော ကိစ္စအ၀၀တို့ ကို နိုင်ငံတော်အစိုးရသည် ကေအဲန်ယူခေါင်းဆောင်များနှင့် တိုင်ပင်ပြီးမှသာလျှင် အရေးယူဆောင်ရွက်ပါရန် ဤညီလာခံမှ တောင်းဆိုပါကြောင်း။
၁၁။ ကရင်အမျိုးသားကာကွယ်ရေးတပ်များ၏ အကျင့်စာရိတ္တမြှင့်တင်ရန်နှင့် ဘာသာရေးတွင် ပြန်လည်လိုက်စားချေခြင်းအ လို့ငှါ ဤညီလာခံမှ ခရစ်ယာန်တရားဟောဆရာများနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၏ ဟောပြောဆုံမသြ၀ါဒပေးခြင်းကို လိုအပ်သည်ဟု ယူဆပါကြောင်း။
၁၂။ သီးခြားနယ်ကော်မရှင်အဖွဲ့တွင် ကေအဲန်ယူမှ ကိုယ်စားလှယ်ဦးရေ မည်ရွေ့မည်မျှ ပါဝင်သင့်ကြောင်းနှင့် ပါဝင်မည့် ကိုယ်စားလှယ်များကို ရွေးချယ်ရန် ဤညီလာခံမှာ ကေအဲန်ယူ ဗဟိုအမှုဆောင်အဖွဲ့လက်သို့ အပ်နှင်းပါကြောင်း။
၃။ ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီလ(၃)ရက် နေ့စွဲဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် သမ္မတကြီးနှင့် ၀န်ကြီးချုပ်ထံ တောင်း ဆိုထားသော ကရင်နယ်၏အကျယ်အ၀န်းနှင့် အချုပ်အချာအာဏာပိုင် ကရင်နယ်အတိုင်း သီးခြားနယ်ကော်မရှင်အဖွဲ့တွင် ဆောင်ရွက်သွားရန် ကိုယ်စားလှယ်များအား ဆောင်ရွက်စေလိုပါကြောင်း၊ သို့သော် အခြားသော ပုဂ္ဂိုလ်များနှင့် တိုင်ပင် ဆောင်ရွက်သွားရာ၌ ကိုယ်စားလှယ်တော်များသည် မိမိတို့အခြေအနေနှင့် သင့်တော်သလို မိမိတို့၏ ဥာဏ်ကို အသုံးပြု၍ ဆောင်ရွက်သွားနိုင်ကြောင်းကို ညီလာခံမှဆုံးဖြတ်ပါကြောင်းဟူ၍ အညီအညွတ် တခဲနက်တည်းဆုံးဖြတ်ကြပါသည်။
ကရင်အမျိုးသားလုံးသည် လွတ်လပ်သောလူမျိုးအဖြစ်နှင့် ကိုယ့်ပြည်၊ ကိုယ့်အစိုးရနှင့် နေထိုင်လိုသောဆန္ဒများ အလွန်ပြင်း ပြနေသည်။ တက်ကြွနေသည်။ တဖက်မှ ပြည်နယ်ပေးရေးကို မလိုလားသောမဟာလူမျိုးကြီးဝါဒီများ၏ အာဘော်ဖြစ်သော (ရန်ကုန်၊ ဟံသာဝတီ၊ မြန်မာ့အလင်း) စသည့်သတင်းများမှ လူမျိုးရေးမုန်းတီးမှုများ ဖန်တီးရေးသားနေကြသည်။
တဖက်နှင့်တဖက် အထူးသဖြင့်(အင်းစိန်)ဖက်တွင် တင်းမာနေကြသဖြင့် ဖြစ်ပေါ်နေသော အရပ်ရပ်အခြေအနေကို ထိန်း သိမ်းရန် မြန်မာနိုင်ငံအစိုးရမှ ရှစ်ဦးကော်မတီကို ဖွဲ့စည်းပေးလိုက်သည်။ အဆိုပါ ရှစ်ဦးကော်မတီတွင်--
မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဝင်များမှာ--
၁။ ဦးကာစီ အတွင်းဝန်ချုပ်
၂။ ဦးဘမောင် ရဲမင်းကြီး
၃။ ဦးကျော်မြင့် ရန်ကုန်၊ နေပြည်တော်၊ ရဲဗိုလ်ချုပ်
၎။ ဗိုလ်ချုပ်နေ၀င်း တပ်မင်းကြီး
ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့ဝင်များမှာ--
၅။ စောဘဦးကြီး ဥက္ကဌ
၆။ မန်းဘဇန် ကေအဲန်ဒီအို ဗိုလ်ချုပ်
၇။ သရာသာထို အတွင်းရေးမှူး
၈။ စောဘဲလေ အမှုဆောင် စသည့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်။
ထို(၈)ဦးကော်မတီမှ ဖြစ်ရှိနေသော အခြေအနေအရပ်ရပ်ကို ကြိုးစားထိန်းသိမ်းနေသည့်ကြားမှ ၁၉၄၈ ခုနှစ်၊ ဒီဇင် ဘာ (၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း ဘိတ်နှင့်ထားဝယ်မြို့များအကြား ပုလောမြို့အနီး ကရင်ခရစ်ယာန်ရွာကြီးတွင် ၀မ်း နည်းကြေကွဲဖွယ် ဖြစ်ရပ်တခု ပေါ်ပေါက်လာပေသည်။ ခရစ်စမတ်ည အကြိုဘုရားဝတ်ပြုပွဲကျင်းပနေစဉ် စစ်ရဲ၊ စစ်ဝန်ထမ်း (Levy) များ ဘုရားကျောင်းတွင်းသို့ လက်ပစ်ဗုံးများ၊ စက်သေနတ်များဖြင့် တရစပ် ပစ်ခတ်ကြသည်။ အသက်ရှင်ထွက်ပြေး ကြသူများအားလည်း လိုက်လံပစ်ခတ်ကြသည်။ ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် အိမ်များအားလုံး မီးရှို့ဖျက်ဆီးလိုက်ကြ သည်။ တရွာလုံးပြာပုံ ဘ၀ကျရောက်သွားပြီး ဘုရားကျောင်းကြီးမှ ဓမ္မတေးကျူးသံများ၊ ခရစ်စမတ်တေးသံများသည် ဗုံးသံ၊ စက်သေနတ်သံများဖြင့် ဖုံလွှမ်းသွားတော့သည်။ ခလေး၊ လူကြီး၊ အမျိုးသား၊ အမျိုးသမီး၊ စုစုပေါင်း(၃၀၀)ကျော် ရက်ရက် စက်စက် လူမဆန်စွာ သတ်ဖြတ်ခြင်းခံလိုက်ရသည်။
တဖန်-၁၉၄၉ ခုနှစ် ဇန်န၀ါရီလ (၃၁)ရက်နေ့၌ ရန်ကုန်မြို့အလုံရှိ ကရင်ရပ်ကွက်အား မြန်မာအစိုးရတပ်များမှ ၀ိုင်းဝန်းပိတ် ဆို့ထားပြီး၊ သန်းကောင်ယံတွင် စိန်ပြောင်းများ၊ စက်သေနတ်များ၊ မောင်းပြန်ရိုင်ဖယ်များဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်ကြ သည်။ အိမ်များကို မီးဝင်ရှို့ကြသည်။ လက်နက်မဲ့ ကလေးနှင့် အမျိုးသမီးများအား နှစ်နာရီကြာပစ်သတ်ကြသည်။ အလုံရပ် ကွက်တခုလုံး မီးလောင်ပြာကျသွားပြီး လွတ်မြောက်လာသူဒုက္ခသည်များအား သံဆူးကြိုးဝိုင်းရံပိတ်ဆို့ထားသောနေရာတွင် ထားလိုက်ကြသည်။
တဆက်တည်း ၁၉၄၉ ခုနှစ်၊ ဇန်န၀ါရီလ(၃၁)ရက်နေ့ နံနက် (၇)နာရီတွင် သမိုင်းရပ်ကွက်အား မြန်မာ့တပ်မတော်မှ စိန် ပြောင်၊ စက်သေနတ်၊ မောင်းပြန်လက်နက်တို့ဖြင့် စတင်တိုက်ခိုက်လာမှုကြောင့်(မလိုလားအပ်သော၊ မဖြစ်သင့်သော၊ လူမျိုး စုံသွေးစည်းချစ်ကြည်ရေး ပြိုကွဲစေသော၊ တိုင်းပြည်မွဲပြာကျစေသော) ပြည်တွင်းစစ်မီးကြီး စတင်လောင်ကျွမ်းလေတော့ သည်။
ဒို့တပ်မတော်သားတွေဟာ အမျိုးသားပြည်သူကြားက ပေါက်ဖွားလာတဲ့ ပြည်သူ့သားသမီးတွေ ဖြစ်တယ်။ စစ်ရေးအားလပ် ချိန်မှာ သူတို့အလုပ်ကို ၀ိုင်းလုပ်တာဟာ ကိုယ့်မိဘအလုပ်ကိုယ်ကူလုပ်တာပဲ။ ဒို့ကို လူထုကသားသမီးလိုချစ်မှ၊ ထောက်ခံမှ လူထုတရပ်လုံး တော်လှန်ရေးမှာပါဝင်လာမှ၊ ဒို့လက်နက်ကိုင်တော်လှန်ရေးဟာ အောင်ပွဲဆွတ်ခူးမှာဖြစ်တယ်။
(မန်းဘဇန်)
1 comment:
Thanks for Captain Kyinphay
Post a Comment